ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုပေါ်လာခြင်း ဖြစ်စဉ်
နေတု (Sundog)
ကျနော်တို့ နေထိုင်တဲ့ နေအဖွဲ့အစည်းမှာ နေ ဆိုတဲ့ မိခင်ကြယ်ဟာ တစ်လုံးတည်းသာရှိပါတယ်။
အကယ်၍ နှစ်လုံး သုံးလုံး မြင်နေရပြီဆိုလျှင်တော့.. နေတု များသာ ဖြစ်ပေလိမ့်မည်။
နေတု ကို အင်္ဂလိပ်လို Sundog, Mock sun (သို့မဟုတ်) Parhelion လို့ ခေါ်ကြပါတယ်။
၂၀၂၂ခု နိုဝင်ဘာလ ၂၅ ရက်နေ့မနက်က ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုပေါ်လာခြင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့ကြလို့
အာကာသနှင့် စကြဝဠာ သင်ထောက်ကူ စာမျက်နှာမှာ လာရောက် မေးမြန်းထားကြပါတယ်။
တကယ်တော့.. နေတုများဟာ ကြည့်ရှုသူနေရာကကြည့်လျှင် မူလနေရဲ့ ၂၂ ဒီဂရီ အကွာအဝေးလောက်မှာ ရှိနေတတ်ကြပါတယ်။
ဒါဟာ ကမ္ဘာ့လေထုထဲမှာ ရှိနေတဲ့ မှန်ချပ်လို ရေခဲမှုန်လေးများရဲ့ အလင်းပြန်မှု၊ အလင်းယိုင်မှုကြောင့် ဖြစ်ရပါတယ်။
ရေမှုန်ရေခဲများဟာ မိုးရွာပြီးစ (သို့မဟုတ်) မိုးရွာသွန်းမည့် တိမ်တိုက်ထဲမှာ ရှိနေကြပါတယ်။
မိုးလေဝသအခြေအနေကို ပြန်ကြည့်လိုက်တော့.. ကပ္ပလီပင်လယ်ပြင်မှာ အခုရက်ပိုင်း လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နေပြီး တိမ်အသင့်အတင့် ထူထပ်ကာ မြန်မာပြည် တောင်ဘက်ခြမ်းက မွန်၊ တနင်္သာရီကမ်းရိုးတန်းတလျောက် မိုးရွာသွန်းလျက် ရှိနေပါတယ်။
ဒီတော့.. သုံးသပ်ကြည့်လျှင် လေထုထဲ ရေခိုးရေငွေ့တွေ တည်ရှိနေတဲ့ ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုဖြစ်စဉ် ပေါ်လာခြင်းက ဆန်းလိမ့်မည် မထင်ပါ။
နေထီးဆောင်းခြင်း၊ နေတုပေါ်ထွက်ခြင်း၊ သက်တံဖြစ်ပေါ်ခြင်းတို့ဟာ နေရဲ့.. အလင်းရောင်နဲ့ လေထုထဲက အလင်းပြန်နိုင်တဲ့ ရေမှုန်ရေခဲတွေ ထိတွေ့ခြင်းကြောင့် ဖြစ်လာတဲ့ သဘာဝဖြစ်စဉ်များသာ ဖြစ်ပါတယ်။
ဒီအကြောင်းတွေကို အခြေခံပညာ အလယ်တန်း သိပ္ပံသင်ခန်းစာများမှာ ပရစ်စင် (သုံးမြှောင့်ဖန်တုံး) ဖြင့် လက်တွေ့စမ်းသပ်ပြီး ကျနော်တို့ လေ့လာသင်ယူခဲ့ကြပါတယ်။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
======
unicode
ဇင္းက်ိဳက္ေတာင္အနီးမွာ ယခုလို ေနတုေပၚလာျခင္း ျဖစ္စဥ္
ေနတု (Sundog)
က်ေနာ္တို႔ ေနထိုင္တဲ့ ေနအဖြဲ႕အစည္းမွာ ေန ဆိုတဲ့ မိခင္ၾကယ္ဟာ တစ္လုံးတည္းသာရွိပါတယ္။
အကယ္၍ ႏွစ္လုံး သုံးလုံး ျမင္ေနရၿပီဆိုလွ်င္ေတာ့.. ေနတု မ်ားသာ ျဖစ္ေပလိမ့္မည္။
ေနတု ကို အဂၤလိပ္လို Sundog, Mock sun (သို႔မဟုတ္) Parhelion လို႔ ေခၚၾကပါတယ္။
၂၀၂၂ခု ႏိုဝင္ဘာလ ၂၅ ရက္ေန႔မနက္က ဇင္းက်ိဳက္ေတာင္အနီးမွာ ယခုလို ေနတုေပၚလာျခင္း ျဖစ္စဥ္ကို ျမင္ေတြ႕ခဲ့ၾကလို႔
အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ စာမ်က္ႏွာမွာ လာေရာက္ ေမးျမန္းထားၾကပါတယ္..။
တကယ္ေတာ့.. ေနတုမ်ားဟာ ၾကည့္ရႈသူေနရာကၾကည့္လွ်င္ မူလေနရဲ႕ ၂၂ ဒီဂရီ အကြာအေဝးေလာက္မွာ ရွိေနတတ္ၾကပါတယ္။
ဒါဟာ ကမာၻ႔ေလထုထဲမွာ ရွိေနတဲ့ မွန္ခ်ပ္လို ေရခဲမႈန္ေလးမ်ားရဲ႕ အလင္းျပန္မႈ၊ အလင္းယိုင္မႈေၾကာင့္ ျဖစ္ရပါတယ္။
ေရမႈန္ေရခဲမ်ားဟာ မိုး႐ြာၿပီးစ (သို႔မဟုတ္) မိုး႐ြာသြန္းမည့္ တိမ္တိုက္ထဲမွာ ရွိေနၾကပါတယ္။
မိုးေလဝသအေျခအေနကို ျပန္ၾကည့္လိုက္ေတာ့.. ကပၸလီပင္လယ္ျပင္မွာ အခုရက္ပိုင္း ေလေပြလႈိင္းတစ္ခု ျဖစ္ေပၚေနၿပီး တိမ္အသင့္အတင့္ ထူထပ္ကာ ျမန္မာျပည္ ေတာင္ဘက္ျခမ္းက မြန္၊ တနသၤာရီကမ္း႐ိုးတန္းတေလ်ာက္ မိုး႐ြာသြန္းလ်က္ ရွိေနပါတယ္။
ဒီေတာ့.. သုံးသပ္ၾကည့္လွ်င္ ေလထုထဲ ေရခိုးေရေငြ႕ေတြ တည္ရွိေနတဲ့ ဇင္းက်ိဳက္ေတာင္အနီးမွာ ယခုလို ေနတုျဖစ္စဥ္ ေပၚလာျခင္းက ဆန္းလိမ့္မည္ မထင္ပါ။
ေနထီးေဆာင္းျခင္း၊ ေနတုေပၚထြက္ျခင္း၊ သက္တံျဖစ္ေပၚျခင္းတို႔ဟာ ေနရဲ႕ အလင္းေရာင္နဲ႔ ေလထုထဲက အလင္းျပန္ႏိုင္တဲ့ ေရမႈန္ေရခဲေတြ ထိေတြ႕ျခင္းေၾကာင့္ ျဖစ္လာတဲ့ သဘာဝျဖစ္စဥ္မ်ားသာ ျဖစ္ပါတယ္။
ဒီအေၾကာင္းေတြကို အေျခခံပညာ အလယ္တန္း သိပၸံသင္ခန္းစာမ်ားမွာ ပရစ္စင္ (သုံးေျမႇာင့္ဖန္တုံး) ျဖင့္ လက္ေတြ႕စမ္းသပ္ၿပီး က်ေနာ္တို႔ ေလ့လာသင္ယူခဲ့ၾကပါတယ္။
အနာဂတ္ပညာေရးအတြက္
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)