လက္ရွိမီးအေျခအေနကိုၾကည့္ရင္ေတာ့ ေႏြမွာပိုဆိုးဖို႔ပဲ ရွိမယ္။ အေၾကာင္းျပခ်က္က ဆည္ေတြေရမျပည့္ဘူး၊ ႏုံးတင္တယ္၊
စက္ေတြအျပည့္ မလည္ႏိုင္ဘူး၊ အယင္လို LNG နဲ႔ မလည္ႏိုင္ဘူး။ ႏိုင္ငံျခားက မီးစက္ငွါးမရဘူး။ ေငြမာ ကို ထိမ္းထားရတယ္။
မီးေပးေဝေရးဟာ ေရတိုေျပလည္ဖို႔ နည္းမရွိသလို ေရွည္ၾကာမယ့္ကိစၥ ျဖစ္လာမယ္။ အနည္းဆုံး သုံးႏွစ္ၾကာမွာပဲ။
အယင္အစိုးရလက္ထက္က ေက်ာက္မီးေသြးသုံးဖို႔ႀကိဳးစားဖူးတယ္။ ေက်ာက္မီးေသြး ပေရာဂ်က္အတြက္ ကရင္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ အလြန္ တက္ႂကြတာ ျမင္ခဲ့ဖူးတယ္။
သဘာဝပါတ္ဝန္းက်င္ ဘာညာ ကန႔္ကြက္ၾကတာေၾကာင့္ အလုပ္မျဖစ္သြားဘူး။ သူလည္းအလုပ္ထြက္ခ်င္တဲ့အထိစိတ္ပ်က္သြားတယ္။
ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ႏိုင္ငံရဲ႕ဓနအင္အားနဲ႔ လိုက္ေလ်ာညီေထြမစဥ္းစား မေတြးေခၚပဲ ႀကီးႀကီးက်ယ္က်ယ္ အလုံးေတြနဲ႔
ကန႔္လန႔္တိုက္တတ္တဲ့ ပညာမရွင္တဲ့ ပညာရွင္ေတြ ရွိတယ္၊ အခုေတာ့သူတို႔လည္း ဖေယာင္းတိုင္ေလးေတြနဲ႔ ေနမွာေပါ့
ျပန္စဥ္းစားလိုက္ရင္ ျမန္မာျပည္မွာ မီးမရလို႔ ထင္း၊ မီးေသြးနဲ႔ ခ်က္ၾကျပဳတ္ၾကတဲ့ အိမ္ေတြ သိန္းေပါင္းမ်ားစြာရွိတယ္။
အဲ့ဒီေတြကထြက္တဲ့မီးခိုး၊ မီးေသြးဖုတ္ရလို႔ ကုန္သြားတဲ့သစ္ေတာ ေတြဟာ ေက်ာက္မီးေသြးစက္႐ုံေၾကာင့္သဘာဝပါတ္ဝန္းက်င္ပ်က္တာထက္ ႏိုင္ငံကို ပိုပ်က္စီးတယ္။
ဒီေန႔ျပန္ၾကည့္ေတာ့ ေရနံေဈးတက္တာနဲ႔ စစ္ျဖစ္တာနဲ႔ ကမာၻႏိုင္ငံေတြဟာ ေက်ာက္မီးေသြး ၊ညဴကလီးယား နဲ႔ မီးေပးေရး ဘက္ ျပန္လွည့္လာၾကတယ္။
သဘာဝပါတ္ဝန္းက်င္ ဘာညာ ကိစၥ ေတြ ခဏထား၊ ျပႆနာေျပလည္ဖို႔ အဓိက စဥ္းစားလာတယ္။
အက်ိဳးဆက္က ကမာၻ႔ေက်ာက္မီးေသြးတြင္းေတြ ပိုင္တဲ့ gautam Adani ဆိုတဲ့ အိႏၵိယ က သူေဌးႀကီးဟာ ကမာၻမွာ တတိယ အခ်မ္းသာဆုံး တက္ျဖစ္လာတယ္။
ထားပါေတာ့ တိုတိုေျပာရရင္ ေႏြက်ရင္ မီးပိုဆိုးမယ္၊ မီးဆိုတာ ဥဳံဖြ မန္း လို႔မရဘူး၊ ေရရွည္ အေမွ်ာ္အျမင္ရွိမွ ေနာက္ဆက္တြဲ.
စက္႐ုံ အလုပ္႐ုံေတြ production ထိုးက်မယ္၊ မီးစက္နဲ႔လည္ရေတာ့ ထုတ္ကုန္ေပၚမွာ မီးစက္ဖိုး ထပ္ေပါင္းမယ္ေပါ့။
နယ္မွာမီးက ပိုဆိုးတယ္။ ပုဂံမွာဆို ဟိုတယ္ေတြ ဖြင့္ထားၿပီး ဧည့္သည္လာမွာေၾကာက္ေနၾကတာ။ တခန္းႏွစ္ခန္းနဲ႔ မီးစက္ေတြ ႏႈိးရတာ ဝင္ေငြ ထြက္ေငြ မကာမိဘူး။
နယ္ကလူေတြ ေလာေလာဆယ္ တပိုင္တႏိုင္ ဆိုလာျပားေလး ဘာေလးေဆာင္ထားၾကေပါ့ဗ်ာ။
credit
unicode
လက်ရှိမီးအခြေအနေကိုကြည့်ရင်တော့ နွေမှာပိုဆိုးဖို့ပဲ ရှိမယ်။ အကြောင်းပြချက်က ဆည်တွေရေမပြည့်ဘူး၊ နုံးတင်တယ်၊
စက်တွေအပြည့် မလည်နိုင်ဘူး၊ အယင်လို LNG နဲ့ မလည်နိုင်ဘူး။ နိုင်ငံခြားက မီးစက်ငှါးမရဘူး။ ငွေမာ ကို ထိမ်းထားရတယ်။
မီးပေးဝေရေးဟာ ရေတိုပြေလည်ဖို့ နည်းမရှိသလို ရှေည်ကြာမယ့်ကိစ္စ ဖြစ်လာမယ်။ အနည်းဆုံး သုံးနှစ်ကြာမှာပဲ။
အယင်အစိုးရလက်ထက်က ကျောက်မီးသွေးသုံးဖို့ကြိုးစားဖူးတယ်။ ကျောက်မီးသွေး ပရောဂျက်အတွက် ကရင် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အလွန် တက်ကြွတာ မြင်ခဲ့ဖူးတယ်။
သဘာဝပါတ်ဝန်းကျင် ဘာညာ ကန့်ကွက်ကြတာကြောင့် အလုပ်မဖြစ်သွားဘူး။ သူလည်းအလုပ်ထွက်ချင်တဲ့အထိစိတ်ပျက်သွားတယ်။
ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရဲ့ဓနအင်အားနဲ့ လိုက်လျောညီထွေမစဉ်းစား မတွေးခေါ်ပဲ ကြီးကြီးကျယ်ကျယ် အလုံးတွေနဲ့
ကန့်လန့်တိုက်တတ်တဲ့ ပညာမရှင်တဲ့ ပညာရှင်တွေ ရှိတယ်၊ အခုတော့သူတို့လည်း ဖယောင်းတိုင်လေးတွေနဲ့ နေမှာပေါ့
ပြန်စဉ်းစားလိုက်ရင် မြန်မာပြည်မှာ မီးမရလို့ ထင်း၊ မီးသွေးနဲ့ ချက်ကြပြုတ်ကြတဲ့ အိမ်တွေ သိန်းပေါင်းများစွာရှိတယ်။
အဲ့ဒီတွေကထွက်တဲ့မီးခိုး၊ မီးသွေးဖုတ်ရလို့ ကုန်သွားတဲ့သစ်တော တွေဟာ ကျောက်မီးသွေးစက်ရုံကြောင့်သဘာဝပါတ်ဝန်းကျင်ပျက်တာထက် နိုင်ငံကို ပိုပျက်စီးတယ်။
ဒီနေ့ပြန်ကြည့်တော့ ရေနံဈေးတက်တာနဲ့ စစ်ဖြစ်တာနဲ့ ကမ္ဘာနိုင်ငံတွေဟာ ကျောက်မီးသွေး ၊ညူကလီးယား နဲ့ မီးပေးရေး ဘက် ပြန်လှည့်လာကြတယ်။
သဘာဝပါတ်ဝန်းကျင် ဘာညာ ကိစ္စ တွေ ခဏထား၊ ပြဿနာပြေလည်ဖို့ အဓိက စဉ်းစားလာတယ်။
အကျိုးဆက်က ကမ္ဘာ့ကျောက်မီးသွေးတွင်းတွေ ပိုင်တဲ့ gautam Adani ဆိုတဲ့ အိန္ဒိယ က သူဌေးကြီးဟာ ကမ္ဘာမှာ တတိယ အချမ်းသာဆုံး တက်ဖြစ်လာတယ်။
ထားပါတော့ တိုတိုပြောရရင် နွေကျရင် မီးပိုဆိုးမယ်၊ မီးဆိုတာ ဥုံဖွ မန်း လို့မရဘူး၊ ရေရှည် အမျှော်အမြင်ရှိမှ နောက်ဆက်တွဲ.
စက်ရုံ အလုပ်ရုံတွေ production ထိုးကျမယ်၊ မီးစက်နဲ့လည်ရတော့ ထုတ်ကုန်ပေါ်မှာ မီးစက်ဖိုး ထပ်ပေါင်းမယ်ပေါ့။
နယ်မှာမီးက ပိုဆိုးတယ်။ ပုဂံမှာဆို ဟိုတယ်တွေ ဖွင့်ထားပြီး ဧည့်သည်လာမှာကြောက်နေကြတာ။ တခန်းနှစ်ခန်းနဲ့ မီးစက်တွေ နှိုးရတာ ဝင်ငွေ ထွက်ငွေ မကာမိဘူး။
နယ်ကလူတွေ လောလောဆယ် တပိုင်တနိုင် ဆိုလာပြားလေး ဘာလေးဆောင်ထားကြပေါ့ဗျာ။
credit