Knowledge

ထိပ်ကပ်နာ အကြောင်းသိကောင်းစရာ

”ထိပ်ကပ်နာ အကြောင်းသိကောင်းစရာ”

လက္ခဏာများ-

အဝါရောင် (သို့) အစိမ်းရောင် နှာရည်ထွက်ခြင်း။

နှာခေါင်း နောက် အတွင်းပိုင်း ကနေ လည်ချောင်းထဲကို နှာရည်တွေ စီးကျသလို ကပ်နေသလိုခံစားရခြင်း။

မျက်နှာမှာ နာကျင်မှု or ဖိထားသလိုခံစားရခြင်း။

ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း။

နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း။

အနံ့ နဲ့ အရသာခံ လို့ရတာလျော့သွားခြင်း။

မျက်လုံးတဝိုက် (သို့) နှာခေါင်းတဝိုက် ဖိလိုက်ရင်နာခြင်း။

သွားကိုက်သလို ခံစားရခြင်း။

ဖြစ်ရတဲ့အကြောင်းရင်း

ဗိုင်းရပ်စ်ကြောင့် အဓိက ဖြစ်တာပါ။ ဒါ့အပြင် ဘက်တီးရီးယား၊ မှိုတို့ကြောင့်လဲ ဖြစ်တတ်ပါသေးတယ်။

ဒီလိုလူတွေမှာ ပိုဖြစ်တတ်ပါတယ်။

How to relieve sinus pain.

အသက်ရှူလမ်းကြောင်းမှာ ရောဂါဖြစ်ဖူးသူ။

နှာခေါင်းမှာ အသားပိုရှိသူ။

allergic (ဓာတ်မတည့် ခြင်း) ရှိသူ။

ပန်းနာရင်ကြပ် ရှိသူ။

နှာခေါင်းပေါက် တဖက်ဖက် က ပုံမှန်မဟုတ်ပဲ ကျဉ်းနေသူ ။

အမျိုးအစား

ပုံမှန် ထိပ်ကပ်နာ

ဓာတ်မတည့်တာ ရှူမိတဲ့သူတွေမှာ အဖြစ်များတယ်။

7 ရက်ကနေ 10 ရက်အထိကြာတတ်တယ်။ တစ်လထိ ကြာတာလဲရှိတယ်

နာတာရှည်ထိပ်ကပ်နာ

3 လ အထိကြာတတ်တယ်။

တစ်နှစ်မှာ 3 ခါလောက်ထိ ပြန်ဖြစ်တတ်တယ်။

နာတာရှည် ဖြစ်တဲ့သူတွေအထဲ မှာ တဝက်လောက်က ပန်းနာရင်ကြပ် သမားတွေပါ။

ဘယ်လောက်ကြာမှသက်သာမလဲ ၊ ဘယ်လို ကုသရမလဲဆိုတာ ဖြစ်တဲ့အမျိုးအစားပေါ် မူတည်ပါတယ်။

ဆရာဝန်ဆီ ဘယ်အချိန် သွားရမလဲ

လုံးဝမသက်သာပဲ ၁ဝရက်လောက်ထိ ဖြစ်နေရင်။

ကိုယ့်ဟာကိုဆေးသောက်သော်လည်းမသက်သာရင်။

အမြင် ဝေဝါးနေရင် or မျက်လုံးတဝိုက်မှာရောင်နေရင်။

ဖျားတာက 3 – 4 ရက် ကျော်သွားရင်။

အိမ်မှာသက်သာအောင် ဘယ်လိုလုပ်နိုင်လဲ

နှာခေါင်း ထဲကို ဆားရည်ဖြင့်ဆေးခြင်း။

အိပ်တဲ့ အခါမှာ ခေါင်း နဲ့ ပုခုံးကို ခေါင်းအုံးနဲ့ ခု မြင့်မြင့်မှာထားပြီးအိပ်ခြင်း။

နာနေ ရောင်နေသလိုဖြစ်တဲ့နေရာကို ကျပ်ပူထိုးသလို အပူ ပေးခြင်း။

အကိုက်အခဲပျောက်ဆေးသောက်ခြင်း။

ရေနွေးငွေ့ရှူပေးခြင်း။

နှာစေးပျောက်စေး သောက်ခြင်း or စပရေးဖြန်းခြင်း။

နှာခေါင်းထဲ ဆေးစက်ချခြင်း။

ပုံမှန် ထိပ်ကပ်နာ ရောဂါ 70% က အိမ် မှာ အပေါ်ကပြောသလို လုပ်ယုံနဲ့ ပျောက်ကင်းတတ်ပါတယ်။

ဘယ်လို ကာကွယ်မလဲ

ဆေးလိပ်ငွေ့ ၊ ခြင်ဆေးငွေ့ ၊ မီးခိုးငွေ့ အကုန်ရှောင်ပါ။

ဖျားနာတဲ့သူ အသက်ရှူလမ်းကြောင်းရောဂါဖြစ်သူနဲ့ဝေးဝေးနေပါ။

Aircon ခန်းထဲမှာ နေရင် ၊ aircon ကိုတပတ်တခါ သန့်ရှင်းရေးလုပ်ပေးပါ။

ဓာတ်မတည့် အရာတွေ ရှူခြင်းမှ ရှောင်ပါ။

Dr. Dynamite page မှ ပြန်လည် မျှဝေသည်။

===========

”ထိပ္ကပ္နာ အေၾကာင္းသိေကာင္းစရာ”

လကၡဏာမ်ား-

အဝါေရာင္ (သို့) အစိမ္းေရာင္ ႏွာရည္ထြက္ျခင္း။

ႏွာေခါင္း ေနာက္ အတြင္းပိုင္း ကေန လည္ေခ်ာင္းထဲကို ႏွာရည္ေတြ စီးက်သလို ကပ္ေနသလိုခံစားရျခင္း။

မ်က္ႏွာမွာ နာက်င္မႈ or ဖိထားသလိုခံစားရျခင္း။

ဖ်ားျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္း။

ႏွာပိတ္ျခင္း၊ ႏွာရည္ယိုျခင္း။

အနံ့ နဲ႔ အရသာခံ လို႔ရတာေလ်ာ့သြားျခင္း။

မ်က္လုံးတဝိုက္ (သို့) ႏွာေခါင္းတဝိုက္ ဖိလိုက္ရင္နာျခင္း။

သြားကိုက္သလို ခံစားရျခင္း။

ျဖစ္ရတဲ့အေၾကာင္းရင္း

ဗိုင္းရပ္စ္ေၾကာင့္ အဓိက ျဖစ္တာပါ။ ဒါ့အျပင္ ဘက္တီးရီးယား၊ မွိုတို႔ေၾကာင့္လဲ ျဖစ္တတ္ပါေသးတယ္။

ဒီလိုလူေတြမွာ ပိုျဖစ္တတ္ပါတယ္။

အသက္ရႉလမ္းေၾကာင္းမွာ ေရာဂါျဖစ္ဖူးသူ။

ႏွာေခါင္းမွာ အသားပိုရွိသူ။

allergic (ဓာတ္မတည့္ ျခင္း) ရွိသူ။

ပန္းနာရင္ၾကပ္ ရွိသူ။

ႏွာေခါင္းေပါက္ တဖက္ဖက္ က ပုံမွန္မဟုတ္ပဲ က်ဥ္းေနသူ ။

အမ်ိဳးအစား

ပုံမွန္ ထိပ္ကပ္နာ

ဓာတ္မတည့္တာ ရႉမိတဲ့သူေတြမွာ အျဖစ္မ်ားတယ္။

7 ရက္ကေန 10 ရက္အထိၾကာတတ္တယ္။ တစ္လထိ ၾကာတာလဲရွိတယ္

နာတာရွည္ထိပ္ကပ္နာ

3 လ အထိၾကာတတ္တယ္။

တစ္ႏွစ္မွာ 3 ခါေလာက္ထိ ျပန္ျဖစ္တတ္တယ္။

How to relieve sinus pain.

နာတာရွည္ ျဖစ္တဲ့သူေတြအထဲ မွာ တဝက္ေလာက္က ပန္းနာရင္ၾကပ္ သမားေတြပါ။

ဘယ္ေလာက္ၾကာမွသက္သာမလဲ ၊ ဘယ္လို ကုသရမလဲဆိုတာ ျဖစ္တဲ့အမ်ိဳးအစားေပၚ မူတည္ပါတယ္။

ဆရာဝန္ဆီ ဘယ္အခ်ိန္ သြားရမလဲ

လုံးဝမသက္သာပဲ ၁၀ရက္ေလာက္ထိ ျဖစ္ေနရင္။

ကိုယ့္ဟာကိုေဆးေသာက္ေသာ္လည္းမသက္သာရင္။

အျမင္ ေဝဝါးေနရင္ or မ်က္လုံးတဝိုက္မွာေရာင္ေနရင္။

ဖ်ားတာက 3 – 4 ရက္ ေက်ာ္သြားရင္။

အိမ္မွာသက္သာေအာင္ ဘယ္လိုလုပ္နိုင္လဲ

ႏွာေခါင္း ထဲကို ဆားရည္ျဖင့္ေဆးျခင္း။

အိပ္တဲ့ အခါမွာ ေခါင္း နဲ႔ ပုခုံးကို ေခါင္းအုံးနဲ႔ ခု ျမင့္ျမင့္မွာထားၿပီးအိပ္ျခင္း။

နာေန ေရာင္ေနသလိုျဖစ္တဲ့ေနရာကို က်ပ္ပူထိုးသလို အပူ ေပးျခင္း။

အကိုက္အခဲေပ်ာက္ေဆးေသာက္ျခင္း။

ေရေႏြးေငြ႕ရႉေပးျခင္း။

ႏွာေစးေပ်ာက္ေစး ေသာက္ျခင္း or စပေရးျဖန္းျခင္း။

ႏွာေခါင္းထဲ ေဆးစက္ခ်ျခင္း။

ပုံမွန္ ထိပ္ကပ္နာ ေရာဂါ 70% က အိမ္ မွာ အေပၚကေျပာသလို လုပ္ယုံနဲ႔ ေပ်ာက္ကင္းတတ္ပါတယ္။

ဘယ္လို ကာကြယ္မလဲ

ေဆးလိပ္ေငြ႕ ၊ ျခင္ေဆးေငြ႕ ၊ မီးခိုးေငြ႕ အကုန္ေရွာင္ပါ။

ဖ်ားနာတဲ့သူ အသက္ရႉလမ္းေၾကာင္းေရာဂါျဖစ္သူနဲ႔ေဝးေဝးေနပါ။

Aircon ခန္းထဲမွာ ေနရင္ ၊ aircon ကိုတပတ္တခါ သန္႔ရွင္းေရးလုပ္ေပးပါ။

ဓာတ္မတည့္ အရာေတြ ရႉျခင္းမွ ေရွာင္ပါ။

Dr. Dynamite page မွ ျပန္လည္ မၽွေဝသည္။