ၾကားသိရသမွ်

မြန်မာနိုင်ငံထဲမှာ ရောင်းနေတဲ့ ထိုင်းထုတ်ကုန်တွေ က ထိုင်းနိုင်ငံထဲမှာ ရောင်းတဲ့ဈေးတွေထက် သက်သာနေရတဲ့အကြောင်းအရင်း..

Unicode

💥 မြန်မာနိုင်ငံထဲမှာ ရောင်းနေတဲ့ ထိုင်းထုတ်ကုန်တွေ က ထိုင်းနိုင်ငံထဲမှာ ရောင်းတဲ့ဈေးတွေထက် ဘာလို့ သက်သာနေတာလဲ ⁉️

ဆိုပြီး ဘန်ကောက်ရောက် မြန်မာတွေ တော်တော်များများ မေးကြတာ မကြာခဏ ကြုံဖူးပါတယ် . . . ကိုယ်တိုင်လည်း ရန်ကုန်မှာ ခဏ ပြန်နေစဉ် ကာလအတွင်း ထိုင်းမှာ သုံးနေကျ တံဆိပ်တွေက ရန်ကုန်မှာ ပိုဈေးသက်သာနေတာ လက်တွေ့မြင်ခဲ့ရဖူးပါတယ်

အဲဒီ အဖြေက ဘာလို့လဲ ဆိုရင် ထိုင်းပြည်တွင်းထုတ်ကုန်တွေက Thailand Industrial Standard (TIS) ဆိုတဲ့ အရည်အသွေးစံနှုန်း သတ်မှတ်ချက်အတိုင်း ထုတ်ရပါတယ်၊ ထုတ်ချင်သလို ထုတ်လို့မရပါ။ စားသောက်ကုန်တွေ၊ အလှကုန်တွေ ဆိုရင်လည်း FDA သတ်မှတ်ချက် စံညွှန်းတွေ အတိုင်းထုတ်ရပါတယ်။

Thai Industrial Standard သတ်မှတ်ချက်တွေက Japan and US ရဲ့ industrial standard ကို မှီငြမ်းပြီး ထိုင်းနိုင်ငံနဲ့ကိုက်ညီမယ့် စံနှုန်းအဖြစ်သတ်မှတ်ထားတာမို့ ထိုင်းပြည်တွင်း ထုတ်ကုန်တွေရဲ့ အရည်အသွေးက မြင့်ကြပါတယ်။

မြန်မာဖက်မှာကျတော့ Myanmar Industrial Standard ဆိုပြီး သတ်မှတ်ထားတာ မရှိပါ (ရှိခဲ့ရင်လည်းစာရွက်ပေါ်မှာပဲ ရှိမယ်ထင်ပါတယ်) … အဲဒါကြောင့် မြန်မာဖက်ပို့မယ့် ထုတ်ကုန်တွေကို တံဆိပ်ချင်းတူပေမယ့် အရည်အသွေးလျော့ချပြီး သပ်သပ်ထုတ်ကြပါတယ်၊ အဲ့ product တွေကို ထိုင်းနိုင်ငံတွင်း ရောင်းခွင့်မရှိပါ။

မြန်မာပြည်ဖက်ဝင်တဲ့ တချို့ထုတ်ကုန်တွေမှာ export only တံဆိပ်ကပ်ပြီး ဝင်လာတဲ့ ထိုင်းထုတ်ကုန်တွေ တွေ့ဖူးမှာပါ။ အဲဒါတွေက ထိုင်းပြည်တွင်း quality ထက်လျော့ချပြီးထုတ်တာပါ။ မြန်မာဖက်မှာက Industrial Standard သတ်မှတ်ချက် ဆိုတာကလဲ မရှိ၊ Import Quality Control ဆိုတာကလည်း မရှိ၊

ရှိခဲ့ရင်တောင် တရားဥပဒေအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်တဲ့ ဥပဒေစိုးမိုးမှုဆိုတာကလည်း မရှိလေတော့ မြန်မာဖက်ကို အိမ်နီးချင်းနိုင်ငံတွေက ဝင်သမျှတွေဟာ တံဆိပ်ချင်းတူ

၏ရင်တောင် quality နိမ့်နိမ့် ဈေးပါလျော့ပြီး ဝင်လာကြပါတယ်။ ထိုင်းမှာရှိတဲ့ နာမည်ကြီး product တွေထုတ်တဲ့ စက်ရုံတွေမှာ မြန်မာဖက်ပို့ချင်လို့ quality လျော့ပြီးထုတ်ပေးပါဆိုပြီး မှာလို့ပါ ရပါတယ်၊ ထိုင်းနိုင်ငံထဲတော့ ရောင်းခွင့်မရှိပေါ့။

အဲထက်ဆိုးတာ ရှိပါသေးတယ် ။ အဲဒါကတော့ expire နီးတဲ့ ပစ္စည်းတွေ၊ expire ကုန်ပြီး ကောင်းနေသေးတဲ့ ပစ္စည်းတွေ၊ စက်ရုံတွေက defect ဖြစ်လို့ ပယ်တဲ့ ပစ္စည်းတွေကို refurbish ပြန်လုပ်၊ တံဆိပ်တွေ ပြန်ပြင်ကပ်၊ ဘူးတွေပြန်ပြောင်း၊ စတာတွေ လုပ်ပြီး မြန်မာဖက် ပြန်ပို့တာပါပဲ။

အဲလိုတွေလုပ်နေတာ အခုမှ မဟုတ်ပါဘူး အရင် စစ်အစိုးရသက်တမ်း အဆက်ဆက် ဆယ်စုနှစ် ၃ ခုကျော်မက ကထဲက လုပ်နေတာကြာပါပြီ။ တရားဥပဒေ စိုးမိုးမှုကလည်းမရှိ၊ ကုန်သွယ်ရေး လမ်းကြောင်းတလျောက်မှာလဲ အခွန်မဟုတ်တဲ့ Under-table Cost တွေက အရမ်းများနေတော့

ကုန်သည်တွေကလည်း ဈေးနိမ့်ပြီး အမြတ်များမယ့် လမ်းပဲရွေးမှာပါ၊ မြန်မာနိုင်ငံမှာ Industrial Standard တွေ Consumer Protection ဥပဒေတွေ သေချာထုတ်ပြီး စားသုံးသူပြည်သူကို (ဥပဒေ

လက်တလုံးခြားမလုပ်ပဲ) မကာကွယ်နိုင်သေး သ၍ ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အမှိုက်ပစ်တာကို ခံနေရဦးမှာပါ။

ပြည်သူကို စနစ်တကျ ကာကွယ်ပေးမယ့် အစိုးရနဲ့ တရားဥပဒေ စိုးမိုးမှု မရှိသ၍ နောက်ဆုံး ခံရမှာကတော့ ပြည်သူပါပဲ။ 🥴

crd