ဒါကြောင့်လည်း ချမ်းသာတာကိုး

တနေ့မှာ လူတယောက်ဟာ နယူးယောက်မြို့က ဘဏ်တခုထဲကို ဝင်လာပြီး.. ဘဏ်မန်နေဂျာကို ခရီးသွားဖို့ အရေးတကြီး ငွေလိုနေလို့ ဒေါ်လာ ၅၀၀၀ ကို နှစ်ပတ်လောက် ချေးချင်တယ်လို့ ပြောလိုက်တယ်။

မန်နေဂျာက သူ့ကို သူတို့ဘဏ်မှာ ငွေစာရင်း မဖွင့်ထားလို့ ငွေချေးချင်ရင် အပေါင်ပစ္စည်း ထားဖို့ လိုတယ်လို့ ပြောလိုက်တယ်။

အဲဒီလူက ဘဏ်ရှေ့မှာ ရပ်ထားတဲ့ သူစီးလာတဲ့ ဖယ်ရာရီ ပြိုင်ကား အနီလေးကို လက်ညိုး ထိုးပြပြီး သူက မန်နေဂျာကို ပြောလိုက်တယ် ။

“အဲဒါ ငါ့ကားပဲ။ အဲဒီကားကို ငါ အပေါင် ထားခဲ့မယ်။ ကားကို မထိခိုက်အောင်တော့ ဂရုစိုက် ပေါ့ကွာ။ ရော့ ဒီမှာ ကားသော့ ယူထားပါ”

ဖယ်ရာရီ ကားတစီးရဲ့ တန်ဖိုးဟာ အနည်းဆုံး ဒေါ်လာ တသိန်းလောက် တန်တာမို့ ဘဏ်မန်နေဂျာလည်း ကျေကျေနပ်နပ်နဲ့ သူ့ကို ဒေါ်လာ ၅၀၀၀ ထုတ်ချေးပေး လိုက်တယ်။

အဲဒီလူဟာ သူ့ကားကို ဘဏ်မှာ ထားခဲ့ပြီး တခြားမြို့ကို လေယဉ်နဲ့ ခရီးထွက် သွားတယ်။ နှစ်ပတ်အကြာမှာ နယူးယောက်မြို့ကို ပြန်ရောက်လာတယ်။

သူဟာ ဘဏ်ကို ရောက်လာပြီး ချေးငွေ ဒေါ်လာ ၅၀၀၀ ကို ပြန်လာဆပ်တယ်..။ နှစ်ပတ်စာ အတိုးအတွက် ဒေါ်လာ ၂၀ ပေးလိုက်တယ်။

ဘဏ်မန်နေဂျာက သူ့ကို သူ့ဖယ်ရာရီ ကားသော့ကို ပြန်ပေးရင်း ခုလို မေးလိုက်ပါတယ်။ “ဆရာခင်မျာ၊ ဆရာ ထွက်သွားပြီးတော့ ကျွန်တော်တို့ ဘဏ်က ဆရာ့အကြောင်းကို စုံစမ်း ကြည့်တယ်။

ဆရာဟာ မီလျံနာ သူဌေးတယောက် ဖြစ်နေတယ် ဆိုတာကို သိလိုက်ရတယ်။ ဆရာဟာ ချမ်းသာသူ တယောက် ဖြစ်နေလျက်နဲ့ ကျွန်တော်တို့ ဆီက ဒေါ်လာ ၅၀၀၀ ချေးရတာလဲ ဆိုတာကို ကျွန်တော် သိချင်လို့ ပြောပြနိုင်ရင် ပြောပြပေးပါလား”

ဖယ်ရာရီ ကားပိုင်ရှင်က ခုလို ပြန်ပြောလိုက်တယ်။ “ဒေါ်လာ ၂၀ နဲ့ နှစ်ပတ်ကြာအောင် ငါ့ကားကို စိတ်ချ လက်ချ ပါကင် ထိုးလို့ရတာ ဘယ်မှာရှိလဲကွ” တဲ့။

သူဟာ ပိုက်ဆံကုန် သက်သာအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို သိလို့ ချမ်းသာနေတာကိုး..။

တေန႕မွာ လူတေယာက္ဟာ နယူးေယာက္ၿမိဳ႕က ဘဏ္တခုထဲကို ဝင္လာၿပီး ဘဏ္မန္ေနဂ်ာကို ခရီးသြားဖို႔ အေရးတႀကီး ေငြလိုေနလို႔ ေဒၚလာ ၅၀၀၀ ကို ႏွစ္ပတ္ေလာက္ ေခ်းခ်င္တယ္လို႔ ေျပာလိုက္တယ္။

မန္ေနဂ်ာက သူ႕ကို သူတို႔ဘဏ္မွာ ေငြစာရင္း မဖြင့္ထားလို႔ ေငြေခ်းခ်င္ရင္.. အေပါင္ပစၥည္း ထားဖို႔ လိုတယ္လို႔ ေျပာလိုက္တယ္။

အဲဒီလူက ဘဏ္ေရွ႕မွာ ရပ္ထားတဲ့ သူစီးလာတဲ့ ဖယ္ရာရီ ၿပိဳင္ကား အနီေလးကို လက္ညိုး ထိုးျပၿပီး သူက မန္ေနဂ်ာကို ေျပာလိုက္တယ္ ။

“အဲဒါ ငါ့ကားပဲ။ အဲဒီကားကို ငါ အေပါင္ ထားခဲ့မယ္။ ကားကို မထိခိုက္ေအာင္ေတာ့ ဂ႐ုစိုက္ ေပါ့ကြာ။ ေရာ့ ဒီမွာ ကားေသာ့ ယူထားပါ”

ဖယ္ရာရီ ကားတစီးရဲ႕ တန္ဖိုးဟာ အနည္းဆုံး ေဒၚလာ တသိန္းေလာက္ တန္တာမို႔ ဘဏ္မန္ေနဂ်ာလည္း ေက်ေက်နပ္နပ္နဲ႕ သူ႕ကို ေဒၚလာ ၅၀၀၀ ထုတ္ေခ်းေပး လိုက္တယ္။

အဲဒီလူဟာ သူ႕ကားကို ဘဏ္မွာ ထားခဲ့ၿပီး တျခားၿမိဳ႕ကို ေလယဥ္နဲ႕ ခရီးထြက္ သြားတယ္။ ႏွစ္ပတ္အၾကာမွာ နယူးေယာက္ၿမိဳ႕ကို ျပန္ေရာက္လာတယ္။

သူဟာ ဘဏ္ကို ေရာက္လာၿပီး ေခ်းေငြ ေဒၚလာ ၅၀၀၀ ကို ျပန္လာဆပ္တယ္။ ႏွစ္ပတ္စာ အတိုးအတြက္ ေဒၚလာ ၂၀ ေပးလိုက္တယ္။

ဘဏ္မန္ေနဂ်ာက သူ႕ကို သူ႕ဖယ္ရာရီ ကားေသာ့ကို ျပန္ေပးရင္း ခုလို ေမးလိုက္ပါတယ္။ “ဆရာခင္မ်ာ၊ ဆရာ ထြက္သြားၿပီးေတာ့ ကြၽန္ေတာ္တို႔ ဘဏ္က ဆရာ့အေၾကာင္းကို စုံစမ္း ၾကည့္တယ္။

ဆရာဟာ မီလ်ံနာ သူေဌးတေယာက္ ျဖစ္ေနတယ္ ဆိုတာကို သိလိုက္ရတယ္။ ဆရာဟာ ခ်မ္းသာသူ တေယာက္ ျဖစ္ေနလ်က္နဲ႕ ကြၽန္ေတာ္တို႔ ဆီက ေဒၚလာ ၅၀၀၀ ေခ်းရတာလဲ ဆိုတာကို ကြၽန္ေတာ္ သိခ်င္လို႔ ေျပာျပနိုင္ရင္ ေျပာျပေပးပါလား”

ဖယ္ရာရီ ကားပိုင္ရွင္က ခုလို ျပန္ေျပာလိုက္တယ္။ “ေဒၚလာ ၂၀ နဲ႕ ႏွစ္ပတ္ၾကာေအာင္ ငါ့ကားကို စိတ္ခ် လက္ခ် ပါကင္ ထိုးလို႔ရတာ ဘယ္မွာရွိလဲကြ” တဲ့

သူဟာ ပိုက္ဆံကုန္ သက္သာေအာင္ ဘယ္လို လုပ္ရမယ္ ဆိုတာကို သိလို႔ ခ်မ္းသာေနတာကိုး..။

Leave a Reply

Your email address will not be published. Required fields are marked *