မိသားစုပိုင္ ယာေျမတစ္ခုကို ညီအစ္ကို ႏွစ္ေယာက္ အတူတကြ လုပ္ကိုင္ၾကတယ္။
တစ္ေယာက္က အိမ္ေထာင္သည္။ သူ႔မိသားစုကႀကီးသည္။ ေနာက္တစ္ေယာက္က လူပ်ိဳလူလြတ္
တစ္ေနကုန္ အလုပ္လုပ္ၿပီးလွ်င္ လယ္ယာထြက္ သီးႏွံမ်ားႏွင့္ ေရာင္းခ်ရသည့္ အျမတ္အစြန္းမ်ားကို ညီအစ္ကိုႏွစ္ေယာက္ ညီတူညီမွ် ခြဲေဝယူၾကသည္။
တစ္ေန႔မွာေတာ့ တစ္ကိုယ္တည္းသမားက စဥ္းစားတယ္။ ” လယ္ယာထြက္ သီးႏွံေတြအက်ိဳး အျမတ္ေတြကို ညီတူညီမွ် ခြဲေဝေနတာ မသင့္ ေတာ္ဘူး။ ငါကတစ္ေယာက္တည္း သမား။ငါ့လို အပ္ခ်က္က နည္းနည္းေလး ”
သည္လိုေတြးကာ ညတိုင္း သူ႔စပါးက်ီမွ စပါးတစ္အိတ္ထမ္းကာ လယ္ကြင္းျပင္ကို တိတ္တစ္ဆိတ္ျဖတ္သန္းၿပီး သူ႔အစ္ကိုအိမ္က စပါးက်ီထဲ သြားထည့္လိုက္တယ္။
သည္အတြင္း အိမ္ေထာင္ရွင္ အစ္ကိုႀကီးကလည္း စဥ္းစားတယ္။ “သီးႏွံေတြ ဝင္ေငြေတြကို ညီတူညီမွ် ခြဲေဝယူေနရတာ မမွန္ဘူး။ ငါကအိမ္ေထာင္သည္။
ငါ့မွာအသက္ႀကီးတဲ့အခ်ိန္ ျပဳ စုေစာင့္ေရွာက္ဖို႔ မိန္းမရွိတယ္။ သားေထာက္ သမီးခံရွိတယ္။
ငါ့ညီမွာ တစ္ေယာက္တည္း။ မမာေရး မက်န္းေရးဆိုရင္ ေစာင့္ေရွာက္ၾကည့္မဲ့သူ မရွိဘူး” ေတြးကာ ညတိုင္းစပါးတစ္အိတ္စီ ထမ္းၿပီး သူ႔ညီ စပါးက်ီထဲ သြားထည့္တယ္။
သည္လိုႏွင့္ ႏွစ္ခ်ီ၍ၾကာလာတယ္။ ကိုယ့္စပါးက်ီထဲကစပါးေတြ ညစဥ္ထုတ္ယူ
ေနပါလွ်က္ ေလ်ာ့ နည္းသြားျခင္းမရွိသည္ကို ႏွစ္ေယာက္လုံးပင္ စဥ္းစားမရ ျဖစ္ေနၾကတယ္။
သို႔ေသာ္ ေမွာင္ႏွင့္မည္းမည္းညတစ္ည၌ ညီအစ္ကို ႏွစ္ေယာက္ ဝင္တိုက္မိၾကတယ္။သည္ေတာ့မွပင္ တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ ျဖစ္ပ်က္ေနပုံ အလုံးစုံကို ႏွစ္ဦးသား ေတြ႕ျမင္သေဘာေပါက္သြားၾကတယ္။
စပါးအိတ္ေတြပစ္ခ်ကာ ညီအစ္ကိုႏွစ္ေယာက္တစ္ဦးကိုတစ္ဦး တင္းတင္းဖက္ထားမိၾကေလသည္။
ဒီေနရာမွာ တစ္ခုေလာက္ေျပာခ်င္တာကတခ်ိဳ႕ တခ်ိဳ႕ေသာ မိသားစုေတြမွာညီအကို ေမာင္ႏွမေတြ သိပ္ခ်စ္က် သိပ္သိတက္က်တာေတြ ေတြ႕ဖူးပါတယ္။
သို႔ေသာ္ အိမ္ေထာက္ရက္သားေတြ က်သြားတဲ့အခါမေတာ့တစိမ္းဖက္လာက်တဲ့အခါ အခ်င္းခ်င္း ခ်စ္တာေတြ သိတက္တာေတြ ေလွ်ာ့နည္းမတည့္က် ၊ တခါတေလ စကားေတာင္မေခၚမေျပာႏိုင္တာေတြ ရွိလာက်တယ္။
ဒါေတြဟာ မျဖစ္သင့္တဲ့အရာေတြပါ။တခ်ိဳ႕ တခ်ိဳ႕ ေသာသူေတြေျပာတာပါ။မိသားစုအားလုံးမဟုတ္ပါဘူး။
ျမန္မာစကားပုံတစ္ခုရွိပါတယ္။” ႏြားကြဲရင္ က်ားဆြဲမယ္ ” တဲ့။ငယ္စဥ္ အရမ္းခ်စ္ အရမ္းသိတက္တဲ့မိသားစုေတြ ၊ ညီအကို ေမာင္ႏွမေတြဟာအိမ္ေထာင္ေတြရွိလာရင္ မိသားစုဝင္ေတြတိုးလာတာပါဘဲ။
လူေတြတိုးလာေတာ့ခ်စ္တာေတြ ၊ သိတက္တာေတြ ၊ အခ်င္းခ်င္းတိုင္ပင္တာေတြ ၊ စည္းလုံးတာေတြ ပိုၿပီးတိုးလာရမဲ့အစား ၊ အခ်င္းခ်င္း မညီမွ်မူ႔ေတြစိတ္ဝမ္းကြဲတာေတြ ၊ မေခၚမေျပာႏိုင္တာေတြကိုစိတ္မေကာင္းစြာ ေတြ႕လာရတယ္။
တကယ္ဆိုရင္အထက္က ညီအကိုႏွစ္ေယာက္လိုေတြးေခၚစဥ္းစားတက္ရင္ မိသားစုေတြဟာတေယာက္နဲ႔တေယာက္ ဘဝကိုေပ်ာ္႐ႊင္အဆင္ေျပစြာ ျဖတ္သန္းႏိုင္က်မွာပါ။
ကိုယ့္ေရွ႕ကလူ ရဲ႕ တန္ဖိုးကိုသိမွ ကိုယ္တန္ဖိုးကိုသိမွာျဖစ္ပါတယ္။
Satt Luu Aung
unicode
မိဘပိုင်လယ်မြေကို အတူလုပ်ကိုင်နေကြပြီး လေးစားအတုယူဖို့ကောင်းတဲ့ ညီအကိုနှစ်ယောက်
မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကို နှစ်ယောက် အတူတကွ လုပ်ကိုင်ကြတယ်။
တစ်ယောက်က အိမ်ထောင်သည်။ သူ့မိသားစုကကြီးသည်။ နောက်တစ်ယောက်က လူပျိုလူလွတ်။
တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက် သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းများကို ညီအစ်ကိုနှစ်ယောက် ညီတူညီမျှ ခွဲဝေယူကြသည်။
တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမားက စဉ်းစားတယ်။ ” လယ်ယာထွက် သီးနှံတွေအကျိုး အမြတ်တွေကို ညီတူညီမျှ ခွဲဝေနေတာ မသင့် တော်ဘူး။ ငါကတစ်ယောက်တည်း သမား။ငါ့လို အပ်ချက်က နည်းနည်းလေး ”
သည်လိုတွေးကာ ညတိုင်း သူ့စပါးကျီမှ စပါးတစ်အိတ်ထမ်းကာ လယ်ကွင်းပြင်ကို တိတ်တစ်ဆိတ်ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က စပါးကျီထဲ သွားထည့်လိုက်တယ်။
သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားတယ်။ “သီးနှံတွေ ဝင်ငွေတွေကို ညီတူညီမျှ ခွဲဝေယူနေရတာ မမှန်ဘူး။ ငါကအိမ်ထောင်သည်။
ငါ့မှာအသက်ကြီးတဲ့အချိန် ပြု စုစောင့်ရှောက်ဖို့ မိန်းမရှိတယ်။ သားထောက် သမီးခံရှိတယ်။
ငါ့ညီမှာ တစ်ယောက်တည်း။ မမာရေး မကျန်းရေးဆိုရင် စောင့်ရှောက်ကြည့်မဲ့သူ မရှိဘူး” တွေးကာ ညတိုင်းစပါးတစ်အိတ်စီ ထမ်းပြီး သူ့ညီ စပါးကျီထဲ သွားထည့်တယ်။
သည်လိုနှင့် နှစ်ချီ၍ကြာလာတယ်။ ကိုယ့်စပါးကျီထဲကစပါးတွေ ညစဉ်ထုတ်ယူ
နေပါလျှက် လျော့ နည်းသွားခြင်းမရှိသည်ကို နှစ်ယောက်လုံးပင် စဉ်းစားမရ ဖြစ်နေကြတယ်။
သို့သော် မှောင်နှင့်မည်းမည်းညတစ်ည၌ ညီအစ်ကို နှစ်ယောက် ဝင်တိုက်မိကြတယ်။သည်တော့မှပင် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဖြစ်ပျက်နေပုံ အလုံးစုံကို နှစ်ဦးသား တွေ့မြင်သဘောပေါက်သွားကြတယ်။
စပါးအိတ်တွေပစ်ချကာ ညီအစ်ကိုနှစ်ယောက်တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ထားမိကြလေသည်။
ဒီနေရာမှာ တစ်ခုလောက်ပြောချင်တာကတချို့ တချို့သော မိသားစုတွေမှာညီအကို မောင်နှမတွေ သိပ်ချစ်ကျ သိပ်သိတက်ကျတာတွေ တွေ့ဖူးပါတယ်။
သို့သော် အိမ်ထောက်ရက်သားတွေ ကျသွားတဲ့အခါမတော့တစိမ်းဖက်လာကျတဲ့အခါ အချင်းချင်း ချစ်တာတွေ သိတက်တာတွေ လျှော့နည်းမတည့်ကျ ၊ တခါတလေ စကားတောင်မခေါ်မပြောနိုင်တာတွေ ရှိလာကျတယ်။
ဒါတွေဟာ မဖြစ်သင့်တဲ့အရာတွေပါ။တချို့ တချို့ သောသူတွေပြောတာပါ။မိသားစုအားလုံးမဟုတ်ပါဘူး။
မြန်မာစကားပုံတစ်ခုရှိပါတယ်။” နွားကွဲရင် ကျားဆွဲမယ် ” တဲ့။ငယ်စဉ် အရမ်းချစ် အရမ်းသိတက်တဲ့မိသားစုတွေ ၊ ညီအကို မောင်နှမတွေဟာအိမ်ထောင်တွေရှိလာရင် မိသားစုဝင်တွေတိုးလာတာပါဘဲ။
လူတွေတိုးလာတော့ချစ်တာတွေ ၊ သိတက်တာတွေ ၊ အချင်းချင်းတိုင်ပင်တာတွေ ၊ စည်းလုံးတာတွေ ပိုပြီးတိုးလာရမဲ့အစား ၊ အချင်းချင်း မညီမျှမူ့တွေစိတ်ဝမ်းကွဲတာတွေ ၊ မခေါ်မပြောနိုင်တာတွေကိုစိတ်မကောင်းစွာ တွေ့လာရတယ်။
တကယ်ဆိုရင်အထက်က ညီအကိုနှစ်ယောက်လိုတွေးခေါ်စဉ်းစားတက်ရင် မိသားစုတွေဟာတယောက်နဲ့တယောက် ဘဝကိုပျော်ရွှင်အဆင်ပြေစွာ ဖြတ်သန်းနိုင်ကျမှာပါ။
ကိုယ့်ရှေ့ကလူ ရဲ့ တန်ဖိုးကိုသိမှ ကိုယ်တန်ဖိုးကိုသိမှာဖြစ်ပါတယ်။
Satt Luu Aung