ခုခေတ်ကလေးတွေ ဒီအသီးကို မြင်တောင် မြင်ဖူးကြပါတော့မလားမသိ။
တို့ငယ်ငယ်တုန်းကတော့ ဒီအသီးလေးတွေကို မက်မက်သက်သက်စားခဲ့ကြတာပေါ့။
သရေစာ ဒီ အသီးလေးတွေကိုပဲ အဟုတ်လုပ် စားခဲ့ကြတာ။
တို့ငယ်ငယ်က ဒီ တလုံမန်ကျည်းကွေးလို့ခေါ်တဲ့ တလုံမန်ကျည်းကွေးတွေကို လျှော်ကြိုးတွေနဲ့တွဲပြီး စျေးထဲမှာ ရောင်းကြတယ်။
ကျောင်းမုန့်စျေးတန်းမှာလည်း ရောင်းကြတယ်။တစ်တွဲမှ ၁၀ပြား၊ ၁၅ပြား။
အရင်က တို့ အိမ်ခေါင်းရင်းမှာလည်း တလုံမကျည်းကွေးပင်ကြီးရှိခဲ့ဖူးတယ်။လူ တက်လို့မရဘူး။
ဘာလို့လဲဆိုတော့ ပင်စည်ကနေ အကိုင်းအခက် အဖျားအနားတွေအထိ တစ်ပင်လုံး စူးတွေချည်းပဲ။
အဲဒါကြောင့် တလုံမန်ကျည်းကွေး သီးပြီဆိုရင် အောက်ကနေပဲ ဝါးတံချူနဲ့ ထိုးပြီး ခူးရတယ်။
တလုံမန်ကျည်းသီးက ရှည်ရှည် ကွေးကွေးလေးမို့ တလုံတလုံမန်ကျည်းကွေးလို့ပဲ ခေါ်ကြတယ်။
စိမ်းနေရင် နည်းနည်းဖန်ပြီး၊ မှည့်ရင် အသီးက နီရဲနေပြီး စားရတာလည်း ချိုတယ်။
ညှိုးခြောက်သွားပြီဆိုရင်တော့ စားလို့ အကောင်းဆုံးပဲ။အဲဒီကျ အဖန်ဓာတ်မပါတော့ပဲ ချိုနှစ်နေတာ။
သူ့အစေ့ကကျ အနက်ရောင် ပြောင်ချောချောလေး။ကလေးတုန်းက အဲဒီ တလုံမန်ကျည်းစေ့လေးတွေ စုထားပြီး ဇယ်တောက်တမ်း ကစားတတ်ကြတယ်။
ဟိုတုန်းကတော့ ရပ်ကွက်ထဲမှာကို တလုံမန်ကျည်းပင်တွေ တော်တော်များများ ရှိခဲ့တယ်။
အညာကျေးလက်တောရွာတွေမှာ စာဗူးတောင်းသိုက်တွေ တွဲလဲခိုနေတဲ့ တလုံမန်ကျည်းပင်တွေကို ကြိုးကြား ကြိုးကြား တွေ့ခဲ့ရဖူးတယ်။
အခုတော့ အဲဒီ တလုံမန်ကျည်းပင်တွေ မတွေ့ရသလောက် ရှားသွားပြီ။
#ဒို့ရှမ်းပြည်
မူရင်းရေးသားသူအား လေးစားစွာ Credit