ငွေလာချေးလို့ မချေးမကောင်း ချေးမကောင်းဖြစ်နေလျှင်
ချွေတာစုဆောင်းရင်း ငွေလေးစုမိပြီး ချောင်လည်လာတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက ကိုယ့်ဆီ ငွေလာချေးကြတဲ့ ကိစ္စပါ။
အားနာပြီး ငွေချေးလိုက်မိတယ်။ ပြီးရင် ပေးထားတဲ့ ကတိအတိုင်း လာမဆပ်ကြတော့ တောင်းရမှာထပ်ပြီး အားနာနေမိပြန်ရော။
အားမနာ ပါးမနာ ပြန်တောင်းတဲ့အခါမှာလည်း အချင်းချင်း အမုန်းပွားစရာတွေ ဖြစ်လာတတ်ပါတယ်။ “ကြွေးယူပြုံးပြုံး တောင်းတော့မုန်း” ဆိုသလိုပေါ့
ငွေလာချေးတဲ့ကြသူတွေထဲမှာ ကတိတည်ပြီး သေချာပြန်ဆပ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်က အတိုးမယူပဲ စေတနာနဲ့ ချေးတာ ဆိုပါစို့။
မိတ်ဆွေ ၅ ယောက်ကို တစ်ယောက်ကို ငွေ တစ်သိန်းစီ ချေးပေးလိုက်တယ်။ ၄ ယောက်က ကတိတည်တယ်။ ပြန်ဆပ်တယ်။ ၁ ယောက်က ကတိမတည်လို့ ငွေဆုံးတယ်။ ဒါဆိုရင် ငွေ တစ်သိန်း ဆုံးပြီ။ စိတ်ဆိုးလို့ မခေါ်မပြောပြန်ရင်လည်း မိတ်ဆွေတစ်ယောက် ဆုံးပြီ။
ကတိတည်လှပါတယ်ဆိုတဲ့ မိတ်ဆွေတွေတောင် တစ်ကယ်ကြပ်တည်းနေတဲ့အခါ ကတိပျက်တတ်ကြပါတယ်။ ငွေချေးပေးလိုက်တဲ့အခါ ငွေကိုရော မိတ်ဆွေကိုပါ ဆုံးရှုံးဖို့ များပါတယ်။
ဒီတော့ ငွေလာချေးကြတဲ့အခါ ငြင်းပုံငြင်းနည်းလေးတွေ ပြောပြပါရစေ။
(၁) ငွေချေးပေးလိုက်မိတာ ပြန်မရပဲ ဆုံးတာတွေများလို့ ငွေချေးပေးတာကို လုံးဝ ထပ်မလုပ်တော့တဲ့အကြောင်း ပြောပါ။ ခုနောက်ပိုင်း ဘယ်သူလာချေးချေး ငြင်းလွှတ်တယ်လို့ ပြောပါ။
ငွေ ဆုံးတာများလွန်းလို့ မိဘ၊ ဇနီး (သို့) ခင်ပွန်းက ငွေထပ်မချေးဖို့ တားမြစ်ထားတယ် လို့ ပြောလည်းရပါတယ်။
(၂) ငွေတွေ လုပ်ငန်းထဲ မြုပ်နေလို့ လက်ထဲမှာ ငွေမရှိကြောင်းပြောပြီး ငြင်းလည်းရပါတယ်။ ဒါမှ မဟုတ်လည်း ကိုယ်ကြုံတွေ့နေရတဲ့ ငွေရေးကြေးရေး ပြဿနာတွေ အကြောင်း ငိုချင်းချပြီး ငြင်းလည်းရပါတယ်။
(၃) မိမိ ငွေမကိုင်ကြောင်း၊ သုံးဖို့ စွဲဖို့ ငွေနည်းနည်းပဲ လက်ထဲမှာ ရှိကြောင်း၊ ငွေကို မိဘ၊ ဇနီး (သို့) ခင်ပွန်း ကသာ ကိုင်ကြောင်း ပြောပြီး ငြင်းလို့လည်း ရပါတယ်။
(၄) လာချေးတဲ့သူဟာ အရင်က ချေးထားဖူးပြီး ပြန်မဆပ်ဖူးတဲ့သူဆိုရင် ငြင်းရပိုလွယ်ပါတယ်။ အရင်က အကြွေးကို ပြန်ဆပ်ဖို့ ပြောလိုက်ပါ။ အကြွေးဟောင်း မကျေမချင်း ထပ်မချေးပေးနိုင်ဘူးလို့ ပြောပါ။
(၅) အလိမ်ဖော်ပြီး ငြင်းပါ။ လိမ်လည်ပြီး လာချေးတတ်တဲ့သူတွေရှိပါတယ်။ ဥပမာ အမေဆေးရုံတက်ရလို့ ဆိုပြီး လိမ်တာမျိုးပါ။ ဒါမျိုးဆိုရင် နောက်ကြောင်းကို စုံစမ်းဖို့လိုပါတယ်။
သူပြောနေတာတွေဟာ အမှန်တွေ ဟုတ် မဟုတ် တစ်နည်းနည်းနဲ့ စုံစမ်းပါ။ ဖုန်းနံပါတ်ရှိရင် ဖုန်းဆက်ကြည့်လိုက်ပါ။ ဆေးရုံကို လိုက်သွားပါ။ လိမ်နေတာဆိုရင် ငြင်းလို့ရပါပြီ။ ဒီတော့ ငွေမချေးခင် ဘာလို့ငွေချေးချင်တာလဲ မေးပါ။ လိမ်နေတာ ဟုတ် မဟုတ် စုံစမ်းပါ။
ဒါပေမဲ့ ငြင်းလို့ မကောင်းတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဥပမာ ကိုယ့်အပေါ် ကျေးဇူးရှိထားဖူးသူတွေ၊ အမှန်တကယ် ဒုက္ခရောက်နေသူတွေပေါ့။ ဒီလို လူမျိုးတွေအတွက်တော့ နည်း နှစ်နည်းရှိပါတယ်။
(က) ငွေချေးပေးလိုက်မိတာ ပြန်မရပဲ ဆုံးတာတွေများလို့ ခုနောက်ပိုင်း ငွေမချေးတော့ပဲ တတ်နိုင်သလောက် ကူညီဖြစ်ကြောင်း ပြောပါ။ သူတောင်းသလောက် ချေးစရာမလိုပဲ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏတစ်ခုကို လှူဒါန်းကူညီ ကုသိုလ်ယူလိုက်ပါ။
(ခ) ကိုယ်အဆုံးရှုံးခံနိုင်တဲ့ ပမာဏတစ်ခုကို ချေးပေးလိုက်ပါ။ (ပြန်မရလည်း စိတ်မညစ်ရတဲ့ ငွေပမာဏတစ်ခုပေါ့။)
ငွေတွေ လုပ်ငန်းထဲ မြုပ်နေလို့ လက်ထဲမှာ ဒီလောက်ပဲရှိကြောင်း ပြောပြီး (ဒါမှ မဟုတ် အပေါ်မှာ ပြောထားတဲ့ ငြင်းပုံငြင်းနည်း (၅) ချက်ထဲက တစ်ချက်ချက်ကို အသုံးချ အကြောင်းပြပြီး) ငွေနည်းနည်း ထုတ်ချေးလိုက်ပါ။
ချေးတဲ့ငွေ နည်းလို့ မယူဘူးဆိုရင်လည်း သူ့သဘောပါပဲ။ ဒီလူဟာ ဒီငွေကို ပြန်မဆပ်နိုင်မချင်း ကိုယ့်ဆီက နောက်ထပ် ထပ်မချေးရဲတော့ဖို့ များပါတယ်။ အရင်ကချေးထားတာကို ပြန်မဆပ်ပဲ မျက်နှာပြောင်တိုက်ပြီး လာထပ်ချေးရင်တော့ အရင်က အကြွေးဟောင်းအကြောင်း အစဖော်ပြီး ငြင်းလို့ရပါပြီ။
မိတ်ဆွေအပေါင်းအသင်းတွေက အတိုးနဲ့ ငွေချေးချင်တဲ့အခါမှာတော့ ငြင်းရခက်ပါပြီ။ အတိုးလေးကလည်း လိုချင်တာကိုး။ လောဘတွေပါလာပြီ။ မဆင်မခြင် ငွေချေးမိရင် ဆုံးဖို့ များပါတယ်။
မဆုံးသင့်တာ မဆုံးရအောင် သိထားသင့်တဲ့ အကြောင်းအရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
လေးစားစွာဖြင့် credit ; ပိုးစုန်းကြူ
Zawgyi
ေငြလာေခ်းလို႔ မေခ်းမေကာင္း ေခ်းမေကာင္းျဖစ္ေနလွ်င္
ေခြၽတာစုေဆာင္းရင္း ေငြေလးစုမိၿပီး ေခ်ာင္လည္လာတဲ့အခါ ႀကဳံေတြ႕ရတဲ့ ျပႆနာတစ္ခုက ကိုယ့္ဆီ ေငြလာေခ်းၾကတဲ့ ကိစၥပါ။ အားနာၿပီး ေငြေခ်းလိုက္မိတယ္။ ၿပီးရင္ ေပးထားတဲ့ ကတိအတိုင္း လာမဆပ္ၾကေတာ့ ေတာင္းရမွာထပ္ၿပီး အားနာေနမိျပန္ေရာ။
အားမနာ ပါးမနာ ျပန္ေတာင္းတဲ့အခါမွာလည္း အခ်င္းခ်င္း အမုန္းပြားစရာေတြ ျဖစ္လာတတ္ပါတယ္။ “ေႂကြးယူၿပဳံးၿပဳံး ေတာင္းေတာ့မုန္း” ဆိုသလိုေပါ့
ေငြလာေခ်းတဲ့ၾကသူေတြထဲမွာ ကတိတည္ၿပီး ေသခ်ာျပန္ဆပ္တဲ့သူေတြလည္း အမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ ကိုယ္က အတိုးမယူပဲ ေစတနာနဲ႕ ေခ်းတာ ဆိုပါစို႔။
မိတ္ေဆြ ၅ ေယာက္ကို တစ္ေယာက္ကို ေငြ တစ္သိန္းစီ ေခ်းေပးလိုက္တယ္။ ၄ ေယာက္က ကတိတည္တယ္။ ျပန္ဆပ္တယ္။ ၁ ေယာက္က ကတိမတည္လို႔ ေငြဆုံးတယ္။ ဒါဆိုရင္ ေငြ တစ္သိန္း ဆုံးၿပီ။ စိတ္ဆိုးလို႔ မေခၚမေျပာျပန္ရင္လည္း မိတ္ေဆြတစ္ေယာက္ ဆုံးၿပီ။
ကတိတည္လွပါတယ္ဆိုတဲ့ မိတ္ေဆြေတြေတာင္ တစ္ကယ္ၾကပ္တည္းေနတဲ့အခါ ကတိပ်က္တတ္ၾကပါတယ္။ ေငြေခ်းေပးလိုက္တဲ့အခါ ေငြကိုေရာ မိတ္ေဆြကိုပါ ဆုံးရႈံးဖို႔ မ်ားပါတယ္။
ဒီေတာ့ ေငြလာေခ်းၾကတဲ့အခါ ျငင္းပုံျငင္းနည္းေလးေတြ ေျပာျပပါရေစ။
(၁) ေငြေခ်းေပးလိုက္မိတာ ျပန္မရပဲ ဆုံးတာေတြမ်ားလို႔ ေငြေခ်းေပးတာကို လုံးဝ ထပ္မလုပ္ေတာ့တဲ့အေၾကာင္း ေျပာပါ။ ခုေနာက္ပိုင္း ဘယ္သူလာေခ်းေခ်း ျငင္းလႊတ္တယ္လို႔ ေျပာပါ။
ေငြ ဆုံးတာမ်ားလြန္းလို႔ မိဘ၊ ဇနီး (သို႔) ခင္ပြန္းက ေငြထပ္မေခ်းဖို႔ တားျမစ္ထားတယ္ လို႔ ေျပာလည္းရပါတယ္။
(၂) ေငြေတြ လုပ္ငန္းထဲ ျမဳပ္ေနလို႔ လက္ထဲမွာ ေငြမရွိေၾကာင္းေျပာၿပီး ျငင္းလည္းရပါတယ္။ ဒါမွ မဟုတ္လည္း ကိုယ္ႀကဳံေတြ႕ေနရတဲ့ ေငြေရးေၾကးေရး ျပႆနာေတြ အေၾကာင္း ငိုခ်င္းခ်ၿပီး ျငင္းလည္းရပါတယ္။
(၃) မိမိ ေငြမကိုင္ေၾကာင္း၊ သုံးဖို႔ စြဲဖို႔ ေငြနည္းနည္းပဲ လက္ထဲမွာ ရွိေၾကာင္း၊ ေငြကို မိဘ၊ ဇနီး (သို႔) ခင္ပြန္း ကသာ ကိုင္ေၾကာင္း ေျပာၿပီး ျငင္းလို႔လည္း ရပါတယ္။
(၄) လာေခ်းတဲ့သူဟာ အရင္က ေခ်းထားဖူးၿပီး ျပန္မဆပ္ဖူးတဲ့သူဆိုရင္ ျငင္းရပိုလြယ္ပါတယ္။ အရင္က အေႂကြးကို ျပန္ဆပ္ဖို႔ ေျပာလိုက္ပါ။ အေႂကြးေဟာင္း မေက်မခ်င္း ထပ္မေခ်းေပးနိုင္ဘူးလို႔ ေျပာပါ။
(၅) အလိမ္ေဖာ္ၿပီး ျငင္းပါ။ လိမ္လည္ၿပီး လာေခ်းတတ္တဲ့သူေတြရွိပါတယ္။ ဥပမာ အေမေဆး႐ုံတက္ရလို႔ ဆိုၿပီး လိမ္တာမ်ိဳးပါ။ ဒါမ်ိဳးဆိုရင္ ေနာက္ေၾကာင္းကို စုံစမ္းဖို႔လိုပါတယ္။
သူေျပာေနတာေတြဟာ အမွန္ေတြ ဟုတ္ မဟုတ္ တစ္နည္းနည္းနဲ႕ စုံစမ္းပါ။ ဖုန္းနံပါတ္ရွိရင္ ဖုန္းဆက္ၾကည့္လိုက္ပါ။ ေဆး႐ုံကို လိုက္သြားပါ။ လိမ္ေနတာဆိုရင္ ျငင္းလို႔ရပါၿပီ။ ဒီေတာ့ ေငြမေခ်းခင္ ဘာလို႔ေငြေခ်းခ်င္တာလဲ ေမးပါ။ လိမ္ေနတာ ဟုတ္ မဟုတ္ စုံစမ္းပါ။
ဒါေပမဲ့ ျငင္းလို႔ မေကာင္းတဲ့ အေျခအေနေတြလည္း ရွိပါတယ္။ ဥပမာ ကိုယ့္အေပၚ ေက်းဇူးရွိထားဖူးသူေတြ၊ အမွန္တကယ္ ဒုကၡေရာက္ေနသူေတြေပါ့။ ဒီလို လူမ်ိဳးေတြအတြက္ေတာ့ နည္း ႏွစ္နည္းရွိပါတယ္။
(က) ေငြေခ်းေပးလိုက္မိတာ ျပန္မရပဲ ဆုံးတာေတြမ်ားလို႔ ခုေနာက္ပိုင္း ေငြမေခ်းေတာ့ပဲ တတ္နိုင္သေလာက္ ကူညီျဖစ္ေၾကာင္း ေျပာပါ။ သူေတာင္းသေလာက္ ေခ်းစရာမလိုပဲ ကိုယ္တတ္နိုင္တဲ့ ေငြပမာဏတစ္ခုကို လႉဒါန္းကူညီ ကုသိုလ္ယူလိုက္ပါ။
(ခ) ကိုယ္အဆုံးရႈံးခံနိုင္တဲ့ ပမာဏတစ္ခုကို ေခ်းေပးလိုက္ပါ။ (ျပန္မရလည္း စိတ္မညစ္ရတဲ့ ေငြပမာဏတစ္ခုေပါ့။)
ေငြေတြ လုပ္ငန္းထဲ ျမဳပ္ေနလို႔ လက္ထဲမွာ ဒီေလာက္ပဲရွိေၾကာင္း ေျပာၿပီး (ဒါမွ မဟုတ္ အေပၚမွာ ေျပာထားတဲ့ ျငင္းပုံျငင္းနည္း (၅) ခ်က္ထဲက တစ္ခ်က္ခ်က္ကို အသုံးခ် အေၾကာင္းျပၿပီး) ေငြနည္းနည္း ထုတ္ေခ်းလိုက္ပါ။
ေခ်းတဲ့ေငြ နည္းလို႔ မယူဘူးဆိုရင္လည္း သူ႕သေဘာပါပဲ။ ဒီလူဟာ ဒီေငြကို ျပန္မဆပ္နိုင္မခ်င္း ကိုယ့္ဆီက ေနာက္ထပ္ ထပ္မေခ်းရဲေတာ့ဖို႔ မ်ားပါတယ္။ အရင္ကေခ်းထားတာကို ျပန္မဆပ္ပဲ မ်က္ႏွာေျပာင္တိုက္ၿပီး လာထပ္ေခ်းရင္ေတာ့ အရင္က အေႂကြးေဟာင္းအေၾကာင္း အစေဖာ္ၿပီး ျငင္းလို႔ရပါၿပီ။
မိတ္ေဆြအေပါင္းအသင္းေတြက အတိုးနဲ႕ ေငြေခ်းခ်င္တဲ့အခါမွာေတာ့ ျငင္းရခက္ပါၿပီ။ အတိုးေလးကလည္း လိုခ်င္တာကိုး။ ေလာဘေတြပါလာၿပီ။ မဆင္မျခင္ ေငြေခ်းမိရင္ ဆုံးဖို႔ မ်ားပါတယ္။
မဆုံးသင့္တာ မဆုံးရေအာင္ သိထားသင့္တဲ့ အေၾကာင္းအရာေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။ အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါေစ ခင္ဗ်ာ။
ေလးစားစြာျဖင့္ credit ; ပိုးစုန္းၾကဴ