Knowledge

ရက် (၆၀) မှာ ထမင်း ဆယ်နပ်ပဲစားခဲ့ရတဲ့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝမ်းနည်းစရာ ငယ်ဘဝ.

“ဝင်းငြိမ်းနှင့်စာရေးဆရာများ”´စာအုပ်ထဲတွင် ကိုဝင်းငြိမ်းက တက္ကသိုလ်ဘုန်းနိုင်ကိုအင်တာဗျူးခဲ့တုန်းက နောက်ဆုံးမေးခွန်းတစ်ခု မေးခဲ့သည်။

(ဝင်းငြိမ်း) – ဆရာရေးတဲ့ ၀တ္ထုအများစုဟာ ဘာဖြစ်လို့ အလွမ်း၀တ္ထုတွေ ဖြစ်နေတာလဲဆရာ။ (ထိုမေးခွန်းမေးပြီးချိန်မှာ ဆရာဘုန်းနိုင်တစ်ယောက် ရှေ့ကမေးခဲ့သမျှမေးခွန်းတွေကို တောက်လျှောက် လုံးဝမနားဘဲ ဖြေလာခဲ့ပေမဲ့ အထက်ပါမေးခွန်းမေးလိုက်ခါမှ အဖြေချက်ချင်းမပေးနိုင်ဘဲ ခပ်ငေးငေးဖြစ်သွား)

(ဘုန်းနိုင်) – “အလွမ်းဝတ္ထုတွေ ဘာကြောင့်ဖြစ်လာရသလဲဆိုတော့ဘဝနဲ့ပတ်သတ်နေပါတယ်။ ကျွန်တော့်ဘဝက ရုန်းကန်ခဲ့ရတာတွေ များတယ်။ နာကြည်းစရာတွေ အများကြီးတွေ့ခဲ့တယ်။ နာမည်ကျော်စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၊ကောလိပ်ကျောင်းအုပ်ကြီး ဘာညာ ဒါတွေတော့ ကျွန်တော့်ဘဝဟာ ရွှေဇွန်းကိုက်ပြီး ရာဇပလ္လင်ပေါ်မှာ မွေးခဲ့သလားထင်ကြလိမ့်မယ်။

ကျွန်တော့် ဖခင်တနေရာရောက်နေတဲ့အချိန်၊ အမေက အိပ်ရာပေါ်မှာလိမ့်နေတာပဲ..။ လက်ထဲမှာ ငွေလေးငါးကျပ်ပဲရှိတယ်။ ဆွေလည်းမရှိ၊ မျိုးလည်းမရှိဘူး။ အမေ့ရင်ထဲ ဘယ်လောက်မီးတောက်နေမလဲ။

(သားသမီး ငါးယောက်စားဖို့ သောက်ဖို့) မနက်ကျတော့ ကြံရာမရဖြစ်ပြီး အဲ့ဒီငွေလေး ငါးကျပ်ကိုရင်း၊ ထမင်းသုပ်ရောင်းတယ်။ ကျွန်တော့်အစ်မ အပျိုပေါက်အရွယ်ဆိုတော့ ခိုင်းလို့မဖြစ်ဘူး။ ကျွန်တော်နဲ့အမေနဲ့ပဲ ထမင်းသုပ်ရောင်းခဲ့ရတယ်။ မုန့်ဟင်းခါး ရောင်းခဲ့ရတယ်။

နေ့မှာတင်မဟုတ်ဘူး။ တစ်ကျပ်တစ်ပြားကလေး မြတ်ဖို့အတွက် တောရွာရုပ်သေးကတဲ့နေရာထိ လိုက်ပြီး ညမှောင်မှောင်မှာ သားအမိနှစ်ယောက် စျေးရောင်းခဲ့ရတယ်။

ကျွန်တော့်ဘဝက မချောမွေ့ခဲ့ပါဘူး။ တက္ကသိုလ်တက်ရတော့လည်း ချို့ချို့ငဲ့ငဲ့ တက်ရတယ်။ မြင်းပွဲအလုပ် လုပ်ရတယ်။ အမေက ချဉ်ပေါင်ရွက်စားပြီး ငါ့သားကို ကျောင်းထားပေးမယ်လို့ ပြောပါတယ်။

အမေ့ကျေးဇူးအလွန်ကြီးပါတယ်။ ၁၉၅၁ ခုနှစ်ကို ကျွန်တော်မမေ့နိုင်ပါဘူး။ အဲ့ဒီနှစ် ဇွန်၊ ဇူလိုင်၊ နှစ်လ ရက် ၆၀ မှာ သူများတွေက တစ်နေ့ ထမင်းနှစ်နပ်စားရင် အနပ်ပေါင်း ၁၂၀ စားရမယ်။ ကျွန်တော် ၁၀ နပ်ပဲ စားခဲ့ရတယ်။ တစ်ဖက်က စာမေးပွဲဖြေနေရတယ်။ ပေးပါကမ်းပါဆိုလည်း ပေးမယ့်သူ၊ ကူညီမယ့်သူမရှိဘူး။ ကိုယ့်ဘာသာကိုယ်ပဲလုပ်ရတာ။

ဇွဲတော့ကျွန်တော် မလျှော့ခဲ့ဘူး။ ခင်ဗျားတို့က ကျွန်တော့်ကို အလွမ်းသန်တယ် လို့ပြောတယ်။ ကျွန်တော်က လောကကို ကရုဏာပါပါနဲ့ ကြည့်တာပဲ။ ရေးမိတော့ အလွမ်းတွေဖြစ်ကုန်တာပေါ့ဗျာ။

ကျွန်တော့် ဝတ္ထုထဲမှာ ဘယ်လောက်ဒုက္ခရောက်ရောက် ၊ ဘယ်လောက်ထိဆင်းရဲဆင်းရဲ ကြိုးစားလို့ အောင်မြင်သွားတာတွေ၊ မြင့်မြတ်လို့ အောင်မြင်သွားတာတွေ အဲ့ဒါတွေကို ကျွန်တော် မြတ်မြတ်နိုးနိုးထည့်ရေးတတ်တယ်”ဒါသည်ပင် ဆရာငြိခဲ့ရသည့် `ဆင်းရဲသောမိဘရဲ့ ဉာဏ်ကောင်းသောသားပင် မဟုတ်ပါလား။

ကြိုက်လွန်းလို့ရေးဖြစ်ခဲ့တဲ့စာ၊ ဆရာဇော်ခိုင်ဦး၊ ဖတ်မှတ်ခဲ့သမျှပြန်လည်မျှဝေခြင်း၊ ဇော်ခိုင်ဦး၊ U Than Phay-မူရင်းရေးသားသူအား လေးစားမှုဖြင့် #Crd

Zawgyi

ဝင္းၿငိမ္းႏွင့္စာေရးဆရာမ်ားစာအုပ္ထဲတြင္ ကိုဝင္းၿငိမ္းက တကၠသိုလ္ဘုန္းနိုင္ကိုအင္တာဗ်ဴးခဲ့တုန္းက ေနာက္ဆုံးေမးခြန္းတစ္ခု ေမးခဲ့သည္။

(ဝင္းၿငိမ္း) ဆရာေရးတဲ့ ၀တ္ထုအများစုဟာ ဘာျဖစ္လို႔ အလြမ္း၀တၳဳေတြ ျဖစ္ေနတာလဲဆရာ။ (ထိုေမးခြန္းေမးၿပီးခ်ိန္မွာ ဆရာဘုန္းနိုင္တစ္ေယာက္ ေရွ႕ကေမးခဲ့သမွ်ေမးခြန္းေတြကို ေတာက္ေလွ်ာက္ လုံးဝမနားဘဲ ေျဖလာခဲ့ေပမဲ့ အထက္ပါေမးခြန္းေမးလိုက္ခါမွ အေျဖခ်က္ခ်င္းမေပးနိုင္ဘဲ ခပ္ေငးေငးျဖစ္သြား)

(ဘုန္းနိုင္) အလြမ္းဝတၳဳေတြ ဘာေၾကာင့္ျဖစ္လာရသလဲဆိုေတာ့ဘဝနဲ႕ပတ္သတ္ေနပါတယ္။ ကြၽန္ေတာ့္ဘဝက ႐ုန္းကန္ခဲ့ရတာေတြ မ်ားတယ္။ နာၾကည္းစရာေတြ အမ်ားႀကီးေတြ႕ခဲ့တယ္။ နာမည္ေက်ာ္စာေရးဆရာ တကၠသိုလ္ဘုန္းနိုင္၊ေကာလိပ္ေက်ာင္းအုပ္ႀကီး ဘာညာ ဒါေတြေတာ့ ကြၽန္ေတာ့္ဘဝဟာ ေ႐ႊဇြန္းကိုက္ၿပီး ရာဇပလႅင္ေပၚမွာ ေမြးခဲ့သလားထင္ၾကလိမ့္မယ္။

ကြၽန္ေတာ့္ ဖခင္တေနရာေရာက္ေနတဲ့အခ်ိန္၊ အေမက အိပ္ရာေပၚမွာလိမ့္ေနတာပဲ။ လက္ထဲမွာ ေငြေလးငါးက်ပ္ပဲရွိတယ္။ ေဆြလည္းမရွိ၊ မ်ိဳးလည္းမရွိဘူး။ အေမ့ရင္ထဲ ဘယ္ေလာက္မီးေတာက္ေနမလဲ။

(သားသမီး ငါးေယာက္စားဖို႔ ေသာက္ဖို႔) မနက္က်ေတာ့ ႀကံရာမရျဖစ္ၿပီး အဲ့ဒီေငြေလး ငါးက်ပ္ကိုရင္း၊ ထမင္းသုပ္ေရာင္းတယ္။ ကြၽန္ေတာ့္အစ္မ အပ်ိဳေပါက္အ႐ြယ္ဆိုေတာ့ ခိုင္းလို႔မျဖစ္ဘူး။ ကြၽန္ေတာ္နဲ႕အေမနဲ႕ပဲ ထမင္းသုပ္ေရာင္းခဲ့ရတယ္။ မုန့္ဟင္းခါး ေရာင္းခဲ့ရတယ္။

ေန႕မွာတင္မဟုတ္ဘူး။ တစ္က်ပ္တစ္ျပားကေလး ျမတ္ဖို႔အတြက္ ေတာ႐ြာ႐ုပ္ေသးကတဲ့ေနရာထိ လိုက္ၿပီး ညေမွာင္ေမွာင္မွာ သားအမိႏွစ္ေယာက္ ေစ်းေရာင္းခဲ့ရတယ္။

ကြၽန္ေတာ့္ဘဝက မေခ်ာေမြ႕ခဲ့ပါဘူး။ တကၠသိုလ္တက္ရေတာ့လည္း ခ်ိဳ႕ခ်ိဳ႕ငဲ့ငဲ့ တက္ရတယ္။ ျမင္းပြဲအလုပ္ လုပ္ရတယ္။ အေမက ခ်ဥ္ေပါင္႐ြက္စားၿပီး ငါ့သားကို ေက်ာင္းထားေပးမယ္လို႔ ေျပာပါတယ္။

အေမ့ေက်းဇူးအလြန္ႀကီးပါတယ္။ ၁၉၅၁ ခုႏွစ္ကို ကြၽန္ေတာ္မေမ့နိုင္ပါဘူး..။ အဲ့ဒီႏွစ္ ဇြန္၊ ဇူလိုင္၊ ႏွစ္လ ရက္ ၆၀ မွာ သူမ်ားေတြက တစ္ေန႕ ထမင္းႏွစ္နပ္စားရင္ အနပ္ေပါင္း ၁၂၀ စားရမယ္။ ကြၽန္ေတာ္ ၁၀ နပ္ပဲ စားခဲ့ရတယ္။ တစ္ဖက္က စာေမးပြဲေျဖေနရတယ္။ ေပးပါကမ္းပါဆိုလည္း ေပးမယ့္သူ၊ ကူညီမယ့္သူမရွိဘူး။ ကိုယ့္ဘာသာကိုယ္ပဲလုပ္ရတာ။

ဇြဲေတာ့ကြၽန္ေတာ္ မေလွ်ာ့ခဲ့ဘူး။ ခင္ဗ်ားတို႔က ကြၽန္ေတာ့္ကို အလြမ္းသန္တယ္ လို႔ေျပာတယ္။ ကြၽန္ေတာ္က ေလာကကို က႐ုဏာပါပါနဲ႕ ၾကည့္တာပဲ။ ေရးမိေတာ့ အလြမ္းေတြျဖစ္ကုန္တာေပါ့ဗ်ာ။

ကြၽန္ေတာ့္ ဝတၳဳထဲမွာ ဘယ္ေလာက္ဒုကၡေရာက္ေရာက္ ၊ ဘယ္ေလာက္ထိဆင္းရဲဆင္းရဲ ႀကိဳးစားလို႔ ေအာင္ျမင္သြားတာေတြ၊ ျမင့္ျမတ္လို႔ ေအာင္ျမင္သြားတာေတြ အဲ့ဒါေတြကို ကြၽန္ေတာ္ ျမတ္ျမတ္နိုးနိုးထည့္ေရးတတ္တယ္ဒါသည္ပင္ ဆရာၿငိခဲ့ရသည့္ `ဆင္းရဲေသာမိဘရဲ႕ ဉာဏ္ေကာင္းေသာသားပင္ မဟုတ္ပါလား..။

ႀကိဳက္လြန္းလို႔ေရးျဖစ္ခဲ့တဲ့စာ၊ ဆရာေဇာ္ခိုင္ဦး၊ ဖတ္မွတ္ခဲ့သမွ်ျပန္လည္မွ်ေဝျခင္း၊ ေဇာ္ခိုင္ဦး၊ U Than Phay-မူရင္းေရးသားသူအား ေလးစားမႈျဖင့္ #Crd