Knowledge

အရမ်းကြီးချွေတာစရာမလိုပဲ အသုံးစရိတ်ကိုထိန်းချုပ်နိုင်မယ့်နည်းလမ်း (၆) ခု..

၁။ ကုန်ကျစရိတ်တွေကို အသေးစိတ် ရေးမှတ်ထားပါ

ငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးလိုက်တယ် ဆိုတာကို သိထားရင် ငွေတွေကို အရမ်းမသုံးစေတော့ပါဘူး။ အဲဒါကြောင့် သင်သုံးလိုက်တဲ့ ငွေတွေကို စာ
အုပ်သို့မဟုတ် app တစ်ခုထဲမှာ ရေးမှတ်ထားပါ။

ထွက်ငွေကို ရေးမှတ်တတ်တဲ့အကျင့်က ငွေ့စုဖြစ်စေဖို့ အရမ်းကို အထောက်အကူ ဖြစ်စေပါတယ်။ လကုန်တဲ့အခါ ဝင်ငွေနဲ့ထွက်ငွေ ဘယ်အရာက ပိုများနေလဲဆိုတာကို ချင့်ချိန်သွားမိစေမှာပါ။

၂။ တစ်လစာ သုံးမယ့်ငွေကို စီစဉ်ထားပါ

သင့်ရဲ့တစ်လစာအသုံးစရိတ်ကို ခွဲတမ်းတွေချထားရင် အပိုငွေတွေ အရမ်းမကုန်တော့ပါဘူး။ သွားလာစရိတ်၊ အစားအစာ၊ ဘီလ်နဲ့ အခြားအသုံးစရိတ်တွေကို
လျာထားလိုက်ပါ။ အထိရောက်ဆုံးနည်းကတော့ ငွေတွေကို ခွဲတမ်းချပြီးရင် စာအိတ်တစ်အိတ်စီမှာ ထည့်ထားလိုက်ပါ။

၃။ အွန်လိုင်းကနေ ဈေးဝယ်ပါ

အပြင်မှာဈေးဝယ်တာထက် အွန်လိုင်းမှာဈေးဝယ်တာက တစ်ခါတရံမှာ ပိုပြီးသက်သာပါတယ်။ အွန်လိုင်းမှာ မကြာခဏ လျှော့ဈေးတွေ ပေးတတ်ပါတယ်။ ဒါပေမယ့် သင်က အွန်လိုင်းမှာ လိုအပ်တာတွေဝယ်ရင်း မလိုအပ်တတ်တာတွေ ဝယ်မိသွားတတ်သူဆိုရင်တော့ ဒီနည်းက အလုပ်မဖြစ်ပါဘူး။

၄။ ဈေးချတဲ့အချိန်မှာ ဝယ်ပါ

သာမန်အချိန်မှာ ဝယ်တာထက် ကူပွန်တွေ၊ လျှော့ဈေးတွေ ပေးတဲ့အချိန်မှာ ဝယ်တာက ပိုပြီး အဆင်ပြေပါတယ်။ ဒါ့အပြင် Gym ၊ အကသင်တန်းနဲ့ အခြားနေရာတွေမှာ အသင်းဝင်ကြေးတွေကို အထူးဈေးနဲ့ ပေးတတ်ပါတယ်။ လျှော့ဈေးတွေက အရေးမပါဘူးလို့ မြင်နိုင်ပေမယ့် အချိန်ကြာလာရင်တော့ သင့်အတွက် ငွေတွေစုမိစေမှာပါ။

၅။ ဈေးဝယ်စာရင်း ပြုလုပ်ပါ

ဈေးဝယ်ထွက်တော့မယ်ဆိုရင် ဝယ်မယ့်စာရင်းကို ကြိုတင်ပြီး ရေးသွားသင့်ပါတယ်။ ဝယ်မယ့်စာရင်းကို မရေးထားရင် စတိုးဆိုင်တွေကို ရောက်တဲ့အခါ မလိုအပ်တာတွေကိုပါ ဝယ်မိသွားတတ်ပါတယ်။ မလိုအပ်ဘဲမဝယ်တာက သင့်အတွက် ငွေစုမိစေမယ့် နည်းလမ်းတစ်ခုပါပဲ။

၆။ ငွေသားနဲ့သာ ရှင်းပါ

ကတ်နဲ့ငွေရှင်းတာထက် ငွေသားနဲ့ ငွေရှင်းတာက အလွန်အကျွံ မသုံးမိတော့ပါဘူး။ ငွေသားနဲ့ဈေးဝယ်တာက သင့်မှာရှိတဲ့ပိုက်ဆံနဲ့ ချင့်ချိန်နိုင်ပါတယ်။ ဈေးဝယ်ကတ်နဲ့ငွေရှင်းရင် မလိုအပ်တာတွေကို ပိုပြီးဝယ်မိ သွားတတ်ပါတယ်။

Credit – Zombie (lovemedia)

Zawgyi.

၁။ ကုန္က်စရိတ္ေတြကို အေသးစိတ္ ေရးမွတ္ထားပါ

ေငြေတြကို ဘယ္ေနရာမွာ ဘယ္လိုသုံးလိုက္တယ္ ဆိုတာကို သိထားရင္ ေငြေတြကို အရမ္းမသုံးေစေတာ့ပါဘူး။ အဲဒါေၾကာင့္ သင္သုံးလိုက္တဲ့ ေငြေတြကို စာအုပ္သို႔မဟုတ္ app တစ္ခုထဲမွာ ေရးမွတ္ထားပါ။

ထြက္ေငြကို ေရးမွတ္တတ္တဲ့အက်င့္က ေငြ႕စုျဖစ္ေစဖို႔ အရမ္းကို အေထာက္အကူ ျဖစ္ေစပါတယ္။ လကုန္တဲ့အခါ ဝင္ေငြနဲ႕ထြက္ေငြ ဘယ္အရာက ပိုမ်ားေနလဲဆိုတာကို ခ်င့္ခ်ိန္သြားမိေစမွာပါ။

၂။ တစ္လစာ သုံးမယ့္ေငြကို စီစဥ္ထားပါ

သင့္ရဲ႕တစ္လစာအသုံးစရိတ္ကို ခြဲတမ္းေတြခ်ထားရင္ အပိုေငြေတြ အရမ္းမကုန္ေတာ့ပါဘူး။ သြားလာစရိတ္၊ အစားအစာ၊ ဘီလ္နဲ႕ အျခားအသုံးစရိတ္ေတြကို လ်ာထားလိုက္ပါ။ အထိေရာက္ဆုံးနည္းကေတာ့ ေငြေတြကို ခြဲတမ္းခ်ၿပီးရင္ စာအိတ္တစ္အိတ္စီမွာ ထည့္ထားလိုက္ပါ။

၃။ အြန္လိုင္းကေန ေဈးဝယ္ပါ

အျပင္မွာေဈးဝယ္တာထက္ အြန္လိုင္းမွာေဈးဝယ္တာက တစ္ခါတရံမွာ ပိုၿပီးသက္သာပါတယ္။ အြန္လိုင္းမွာ မၾကာခဏ ေလွ်ာ့ေဈးေတြ ေပးတတ္ပါတယ္။ ဒါေပမယ့္ သင္က အြန္လိုင္းမွာ လိုအပ္တာေတြဝယ္ရင္း မလိုအပ္တတ္တာေတြ ဝယ္မိသြားတတ္သူဆိုရင္ေတာ့ ဒီနည္းက အလုပ္မျဖစ္ပါဘူး။

၄။ ေဈးခ်တဲ့အခ်ိန္မွာ ဝယ္ပါ

သာမန္အခ်ိန္မွာ ဝယ္တာထက္ ကူပြန္ေတြ၊ ေလွ်ာ့ေဈးေတြ ေပးတဲ့အခ်ိန္မွာ ဝယ္တာက ပိုၿပီး အဆင္ေျပပါတယ္။ ဒါ့အျပင္ Gym ၊ အကသင္တန္းနဲ႕ အျခားေနရာေတြမွာ အသင္းဝင္ေၾကးေတြကို အထူးေဈးနဲ႕ ေပးတတ္ပါတယ္။ ေလွ်ာ့ေဈးေတြက အေရးမပါဘူးလို႔ ျမင္နိုင္ေပမယ့္ အခ်ိန္ၾကာလာရင္ေတာ့ သင့္အတြက္ ေငြေတြစုမိေစမွာပါ။

၅။ ေဈးဝယ္စာရင္း ျပဳလုပ္ပါ

ေဈးဝယ္ထြက္ေတာ့မယ္ဆိုရင္ ဝယ္မယ့္စာရင္းကို ႀကိဳတင္ၿပီး ေရးသြားသင့္ပါတယ္။ ဝယ္မယ့္စာရင္းကို မေရးထားရင္ စတိုးဆိုင္ေတြကို ေရာက္တဲ့အခါ မလိုအပ္တာေတြကိုပါ ဝယ္မိသြားတတ္ပါတယ္။ မလိုအပ္ဘဲမဝယ္တာက သင့္အတြက္ ေငြစုမိေစမယ့္ နည္းလမ္းတစ္ခုပါပဲ။

၆။ ေငြသားနဲ႕သာ ရွင္းပါ

ကတ္နဲ႕ေငြရွင္းတာထက္ ေငြသားနဲ႕ ေငြရွင္းတာက အလြန္အကြၽံ မသုံးမိေတာ့ပါဘူး။ ေငြသားနဲ႕ေဈးဝယ္တာက သင့္မွာရွိတဲ့ပိုက္ဆံနဲ႕ ခ်င့္ခ်ိန္နိုင္ပါတယ္။ ေဈးဝယ္ကတ္နဲ႕ေငြရွင္းရင္ မလိုအပ္တာေတြကို ပိုၿပီးဝယ္မိ သြားတတ္ပါတယ္။

Credit – Zombie (lovemedia)