အညာဒေသလို့ ခေါ်တွင်ရတဲ့ အဓိပ္ပါယ်နဲ့ အဓိကအကြောင်းရင်း (မှတ်သားထားသင့်ပါတယ်)
အညာဒေသလို့ ခေါ်တွင်ရတဲ့ အကြောင်းရင်းအတွက် လူမှုကွန်ရက်အသုံးပြုသူများ မှတ်ချက်ပေးထားတာတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
မှတ်ချက် (၁) – ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံတဲ့ အထက်ပိုင်းကို အညာလို့ ခေါ်ပါတယ်။ ရာသီတုသဘောအရ မိုးရွာကျမှုထက် အငွေ့ပျံတဲ့နှုန်းကများတဲ့ ဒေသကကို အပူပိုင်းဒေသလို့ သတ်မှတ်လို့ မိုးနည်းတဲ့ အညာဒေသနဲ့
သတ်မှတ်ချက် ရောထွေးမှုရှိပါတယ်၊ မကွေး၊ ရေနံချောင်း ၊နတ်မောက်တို့က အညာလား၊ အပူပိုင်းလား၊မြေလတ်လား စသည်ဖြင်ပေါ့၊ သိထားတာလည်းကို တင်ပြတာပါ၊ သဘောထားကွဲနိုင်ပါတယ်။
မှတ်ချက် (၂) – အညာ ဆိုတာ အထက်ဒေသ အကြေ ဆိုတာ အောက်ဒေသ မြန်မာနိုင်ငံရဲ့ အထက်ပိုင်းဒေသကို အညာဒေသလို့ ခေါ်တာပါပဲ။
မှတ်ချက် (၃) – မြစ်ညာမြစ်ကြေဆိုပြီး ခေါ်ခဲ့ကြတာ ရှိပါတယ်။ မြစ်ညာဆိုတာ မြစ်အထက်ပိုင်း၊ မြစ်ကြေဆိုတာ မြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသကို ခေါ်ပါတယ်။ ဒါ့ကြောင့် မြစ်အထက်ပိုင်းမှာ ရှိတဲ့ဒေသကို မြစ်ညာဘက်ဒေသ၊ အညာဒေသလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။
မှတ်ချက် (၄) – အညာ၊ အကြေ ဟူသော ဝေါဟာရများသည် အညှာ၊ အခြေ ဟူသော အသုံးများမှ ဆင်းသက်လာသည်။ အထက် နှင့် အောက် ဟု အဓိပ္ပာယ်ရသည်။ ရေမြေသဘာဝအရ မြန်မာနိုင်ငံသည် တောင်မြောက်တန်းသော မြစ်များ တောင်တန်းများဖြင့် ဖွဲ့စည်းတည်ရှိသည်။ များသောအားဖြင့် မြောက်ဘက်သည် မြင့်မားပြီး တောင်ဘက်သို့ နိမ့်လျှောသွားတတ်သည်ကို အစွဲ ပြု၍ အထက်ဘက် နှင့် အောက်ဘက်၊ အညာ နှင့် အကြေ ဟု သုံးနှုန်းလာကြသည်။ အညာအရပ်မှာ မြောက်ဘက်ကျ သောဘက်ကို ဆိုလိုသည်။ ဧရာဝတီမြစ် အထက်ဘက် ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။ မြန်မာဓလေ့ရိုးရာတွင် အညာဓလေ့လွှမ်းမိုးမှု များစွာပါဝင်လေသည်။
မှတ်ချက် (၅) – ကျနော်တို့ ခက်ဆစ်မှာ သင်ဖူးတာက အညာ – မြန်မာပြည်အထက်ပိုင်း၊ အကြေ – မြန်မာပြည်အောက်ပိုင်း သစ်သီးဥပမာ အညှာ နဲ့ အခြေ ကနေ ဥပမာ ယူတာလို့ မှတ်သားမိပါတယ်။ ပဲခူးတိုင်းကိုတော့ မြေလတ် လို့ ခေါ်ကြပါတယ်။ မန်းလေး၊ မကွေး တိုင်းသားတွေကို အညာသားလို့ ခေါ်တာများပါတယ်။ ဘုရင်ခေတ်က
အထက်သားတွေကို အောက်သားတွေက “အညာသား” လို့ ခေါ်ပြီး အထက်သားက အောက်သားတွေကို “အကြေသား” လို့ ခေါ်ကြပါတယ်။ ခုခေတ်မှာ တော့ အညာ အခေါ်က ကျန်ရှိနေပြီး “အကြေ” အခေါ်က မရှိသလောက် နည်းသွားပါပြီ။
မှတ်ချက် (၆) – မိမိနေရပ်ရဲ့ အပေါ် အထက်ပိုင်းကို အညာပိုင်း အညာဒေသလို့ခေါ်ပါတယ်။ ယခု ကျွန်တော်တို့ခေါ်ဆိုနေကြတဲ့ မြန်မာပြည့်အလည်ပိုင်းက လူတွေက ကချင်ဒေသကို အညာလို့ခေါ်ကြပါတယ်။ ဒါက ကျွန်တော့်ရဲ့ မြန်မာပြည် အလည်ပိုင်းက လူတွေနဲ့ တိုက်ရိုက်မေးမြန်းထားမှုရဲ့ ရလာဒ်ပါ။
မှတ်ချက် (၇) – ဘိတ်ကလူတွေက မော်လမြိုင် လောက်ဆို အထက်ဘက်ခေါ်ကြတာဘဲ။ ရန်ကုန် လောက်ဆိုရင် ပုဂံသား သူတို့အခေါ် ဂန်သားတွေ ခေါ်ကြတာ။ ကျနော်တို့ ပဲခူးတိုင်းအနောက်ခြမ်းဘက်ကျတော့ ပြည်မြို့ကနေအထက် အောင်လံ မကွေးဆို အညာသားဘဲခေါ်ကြတာ။ ကိုယ်နေရာဒေသရဲ့ မြောက်ဘက်အရပ် ဧရာဝတီ မြစ်ရဲ့အထက်ဘက်ဆို အညာဘက်လို့ခေါ်ကြတာပါဘဲ။ တနေရာနဲ့တနေရာအခေါ်အဝေါ်သုံးနှုန်းလေးတွေတော့ ကွာဟမှုရှိပါတယ်။ ခုလိုပြောလို့ ဘိတ်မြို့က ဧရာဝတီ မြစ်နဲ့ ဘာမှမဆိုင်ပါဘူး။ ဘိတ်မှာ နေတုန်းက သူတို့က ကျတော်တို့က အထက်သား ဂန်သားတွေဘဲ ခေါ်ကြတာ ဗမာစကားပြောပေမဲ့ လေယူလေသိမ်း စကားအသုံးအနှုန်းကွာလို့ အတော်လေးလေ့လာသင်ယူလိုက်ရတယ်။
မှတ်ချက် (၈) – ရေးတော့အမှန် ဖတ်တော့ အသံ အရ အညှာ ကို အညာ အသံထွက်ပါတယ်။ အပင်လို ပြောရင် အညွန့် တို့ အညှာ တို့ဆိုတာ အထက်မှာ ရှိတတ်တဲ့ သဘော။ ဒါကြောင့် အထက်ဘက်ကျလာလေ အညှာ တနည်းအားဖြင့် အညာလို့ ယခုတိုင်ခေါ်ဆိုနေကြခြင်းပါ။
(မူရင်း မှတ်ချက်ပေးသူများကို လေးစားမှုဖြင့် – credit)
Zawgyi
အညာေဒသလို႔ ေခၚတြင္ရတဲ့ အဓိပၸါယ္နဲ႔ အဓိကအေၾကာင္းရင္း (မွတ္သားထားသင့္ပါတယ္)
အညာေဒသလို႔ ေခၚတြင္ရတဲ့ အေၾကာင္းရင္းအတြက္ လူမႈကြန္ရက္အသုံးျပဳသူမ်ား မွတ္ခ်က္ေပးထားတာေတြကို စုစည္း ေဖာ္ျပေပးလိုက္ပါတယ္။
မွတ္ခ်က္ (၁) – ဧရာဝတီနဲ႔ ခ်င္းတြင္းျမစ္ဆုံတဲ့ အထက္ပိုင္းကို အညာလို႔ ေခၚပါတယ္။ ရာသီတုသေဘာအရ မိုး႐ြာက်မႈထက္ အေငြ႕ပ်ံတဲ့ႏႈန္းကမ်ားတဲ့ ေဒသကကို အပူပိုင္းေဒသလို႔ သတ္မွတ္လို႔ မိုးနည္းတဲ့ အညာေဒသနဲ႔သတ္မွတ္ခ်က္ ေရာေထြးမႈရွိပါတယ္၊ မေကြး၊ ေရနံေခ်ာင္း ၊နတ္ေမာက္တို႔က အညာလား၊ အပူပိုင္းလား၊ေျမလတ္လား စသည္ျဖင္ေပါ့၊ သိထားတာလည္းကို တင္ျပတာပါ၊ သေဘာထားကြဲႏိုင္ပါတယ္။
မွတ္ခ်က္ (၂) – အညာ ဆိုတာ အထက္ေဒသ အေၾက ဆိုတာ ေအာက္ေဒသ ျမန္မာႏိုင္ငံရဲ႕ အထက္ပိုင္းေဒသကို အညာေဒသလို႔ ေခၚတာပါပဲ။
မွတ္ခ်က္ (၃) – ျမစ္ညာျမစ္ေၾကဆိုၿပီး ေခၚခဲ့ၾကတာ ရွိပါတယ္။ ျမစ္ညာဆိုတာ ျမစ္အထက္ပိုင္း၊ ျမစ္ေၾကဆိုတာ ျမစ္ေအာက္ပိုင္း ျမစ္ဝကြၽန္းေပၚေဒသကို ေခၚပါတယ္။ ဒါ့ေၾကာင့္ ျမစ္အထက္ပိုင္းမွာ ရွိတဲ့ေဒသကို ျမစ္ညာဘက္ေဒသ၊ အညာေဒသလို႔ ေခၚဆိုၾကတာျဖစ္ပါတယ္။
မွတ္ခ်က္ (၄) – အညာ၊ အေၾက ဟူေသာ ေဝါဟာရမ်ားသည္ အညႇာ၊ အေျခ ဟူေသာ အသုံးမ်ားမွ ဆင္းသက္လာသည္။ အထက္ ႏွင့္ ေအာက္ ဟု အဓိပၸာယ္ရသည္။ ေရေျမသဘာဝအရ ျမန္မာႏိုင္ငံသည္ ေတာင္ေျမာက္တန္းေသာ ျမစ္မ်ား ေတာင္တန္းမ်ားျဖင့္ ဖြဲ႕စည္းတည္ရွိသည္။ မ်ားေသာအားျဖင့္ ေျမာက္ဘက္သည္ ျမင့္မားၿပီး ေတာင္ဘက္သို႔ နိမ့္ေလွ်ာသြားတတ္သည္ကို အစြဲ ျပဳ၍ အထက္ဘက္ ႏွင့္ ေအာက္ဘက္၊ အညာ ႏွင့္ အေၾက ဟု သုံးႏႈန္းလာၾကသည္။ အညာအရပ္မွာ ေျမာက္ဘက္က် ေသာဘက္ကို ဆိုလိုသည္။ ဧရာဝတီျမစ္ အထက္ဘက္ ဟု အၾကမ္းအားျဖင့္ သတ္မွတ္ႏိုင္သည္။ ျမန္မာဓေလ့႐ိုးရာတြင္ အညာဓေလ့လႊမ္းမိုးမႈ မ်ားစြာပါဝင္ေလသည္။
မွတ္ခ်က္ (၅) – က်ေနာ္တို႔ ခက္ဆစ္မွာ သင္ဖူးတာက အညာ – ျမန္မာျပည္အထက္ပိုင္း၊ အေၾက – ျမန္မာျပည္ေအာက္ပိုင္း သစ္သီးဥပမာ အညႇာ နဲ႔ အေျခ ကေန ဥပမာ ယူတာလို႔ မွတ္သားမိပါတယ္။ ပဲခူးတိုင္းကိုေတာ့ ေျမလတ္ လို႔ ေခၚၾကပါတယ္။ မန္းေလး၊ မေကြး တိုင္းသားေတြကို အညာသားလို႔ ေခၚတာမ်ားပါတယ္။ ဘုရင္ေခတ္က အထက္သားေတြကို ေအာက္သားေတြက “အညာသား” လို႔ ေခၚၿပီး အထက္သားက ေအာက္သားေတြကို “အေၾကသား” လို႔ ေခၚၾကပါတယ္။ ခုေခတ္မွာ ေတာ့ အညာ အေခၚက က်န္ရွိေနၿပီး “အေၾက” အေခၚက မရွိသေလာက္ နည္းသြားပါၿပီ။
မွတ္ခ်က္ (၆) – မိမိေနရပ္ရဲ႕ အေပၚ အထက္ပိုင္းကို အညာပိုင္း အညာေဒသလို႔ေခၚပါတယ္။ ယခု ကြၽန္ေတာ္တို႔ေခၚဆိုေနၾကတဲ့ ျမန္မာျပည့္အလည္ပိုင္းက လူေတြက ကခ်င္ေဒသကို အညာလို႔ေခၚၾကပါတယ္။ ဒါက ကြၽန္ေတာ့္ရဲ႕ ျမန္မာျပည္ အလည္ပိုင္းက လူေတြနဲ႔ တိုက္႐ိုက္ေမးျမန္းထားမႈရဲ႕ ရလာဒ္ပါ။
မွတ္ခ်က္ (၇) – ဘိတ္ကလူေတြက ေမာ္လၿမိဳင္ ေလာက္ဆို အထက္ဘက္ေခၚၾကတာဘဲ။ ရန္ကုန္ ေလာက္ဆိုရင္ ပုဂံသား သူတို႔အေခၚ ဂန္သားေတြ ေခၚၾကတာ။ က်ေနာ္တို႔ ပဲခူးတိုင္းအေနာက္ျခမ္းဘက္က်ေတာ့ ျပည္ၿမိဳ႕ကေနအထက္ ေအာင္လံ မေကြးဆို အညာသားဘဲေခၚၾကတာ။ ကိုယ္ေနရာေဒသရဲ႕ ေျမာက္ဘက္အရပ္ ဧရာဝတီ ျမစ္ရဲ႕အထက္ဘက္ဆို အညာဘက္လို႔ေခၚၾကတာပါဘဲ။ တေနရာနဲ႔တေနရာအေခၚအေဝၚသုံးႏႈန္းေလးေတြေတာ့ ကြာဟမႈရွိပါတယ္။ ခု
လိုေျပာလို႔ ဘိတ္ၿမိဳ႕က ဧရာဝတီ ျမစ္နဲ႔ ဘာမွမဆိုင္ပါဘူး။ ဘိတ္မွာ ေနတုန္းက သူတို႔က က်ေတာ္တို႔က အထက္သား ဂန္သားေတြဘဲ ေခၚၾကတာ ဗမာစကားေျပာေပမဲ့ ေလယူေလသိမ္း စကားအသုံးအႏႈန္းကြာလို႔ အေတာ္ေလးေလ့လာသင္ယူလိုက္ရတယ္။
မွတ္ခ်က္ (၈) – ေရးေတာ့အမွန္ ဖတ္ေတာ့ အသံ အရ အညႇာ ကို အညာ အသံထြက္ပါတယ္။ အပင္လို ေျပာရင္ အၫြန္႔ တို႔ အညႇာ တို႔ဆိုတာ အထက္မွာ ရွိတတ္တဲ့ သေဘာ။ ဒါေၾကာင့္ အထက္ဘက္က်လာေလ အညႇာ တနည္းအားျဖင့္ အညာလို႔ ယခုတိုင္ေခၚဆိုေနၾကျခင္းပါ။
(မူရင္း မွတ္ခ်က္ေပးသူမ်ားကို ေလးစားမႈျဖင့္ – credit)