မိဘကျေးဇူးကို အနှစ်ချုပ်လိုက်ရင် သုံးချက်ပဲရှိတယ်။
၁။ ပေါသကာ – နို့ချိုတိုက်ကျွေး မွေးမြူတယ်။
၂။ အာပါဒကာ – လူလားမြောက်အောင် စောင့်ရှောက်တယ်။
၃။ ဣမဿ လောကဿ ဒဿေတာရော – ဒီလောကကြီးကို မြင်ခွင့်ပေးတယ်။ (ဝါ) လူအဖြစ် မွေးပေးတယ်။ (ဝါ) ဘဝသစ်ကိုပေးတယ်။
ပေါသကာနဲ့ အာပါဒကာကို ပြန်လည်ကျွေးမွေးပြုစု လုပ်ကျွေးခြင်းနဲ့ ကြေအောင်ဆပ်ရတယ်။မိဘကို ကိုယ်က ပြန်မွေးထုတ်လို့မှ မရပဲ။ ဒီအချက်ကြောင့်ပဲ မိဘကျေးဇူးကို ကြေအောင်ဆပ်ဖို့ ခက်တာဖြစ်တယ်။ မိဘကို ပြန်မွေးထုတ်ပေးလို့မရပေမယ့် မိဘမသေခင်မှာပဲ ဘဝသစ်တစ်ခုရသွားအောင်တော့ ပြန်လုပ်ပေးလို့ရတယ်။ မလိမ္မာတဲ့မိဘကို လိမ္မာသွားအောင် သားသမီးက လမ်းညွှန်ပေးရမယ်။
ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ မိဘကို ယုံကြည်အောင်၊ကိုယ်ကျင့်တရားမကောင်းတဲ့ မိဘကို ကိုယ်ကျင့်တရားကောင်းအောင်၊စေးနှဲတွန့်တိုတဲ့ မိဘကို ပေးကမ်းစွန့်ကြဲတတ်အောင်၊ပညာမရှိတဲ့ မိဘကို ပညာရှိအောင် သားသမီးက လမ်းညွှန်ပေးရမယ်။ မလိမ္မာတဲ့သူက လိမ္မာသူဖြစ်သွားရင် ဘဝသစ်တစ်ခုကို ရရှိသွားတာပဲ ဖြစ်တယ်။
အဲဒီလိုဆိုရင် မိဘကျေးဇူး ကြေအောင်ဆပ်ရာရောက်တယ်။ မလိမ္မာတဲ့ မိဘကို လိမ္မာအောင် လမ်းညွှန်ပေးတဲ့အခါမှာ ဆဲဆို ရိုက်နှက်ခြင်း အစာဖြတ်ခြင်း စသည်တို့ကိုတော့ မပြုလုပ်ရဘူး။မွေးမွေးပြီးချင်း ကလေးကို စွန့်ပစ်သွားတဲ့ မိဘတွေက သားသမီးအပေါ်မှာ ပေါသကာ အာပါဒကာ ကျေးဇူးမရှိဘူး။ မွေးဖွားပေးတဲ့ မွေးကျေးဇူးသာရှိတယ်။
သားသမီးကို မိဘကို ပြန်ပြောခွင့်မရှိဘူးလို့ ဘုရားမဟောဘူး။ မလိမ္မာရင် လိမ္မာအောင် လမ်းညွှန်ပေးရမယ်လို့တောင် ဘုရားက ဟောခဲ့တယ်။ ပြန်ပြောခွင့် မရှိတာမဟုတ်ဘူး။ ကြမ်းတမ်းရိုင်းပျစွာ ဆဲဆိုအော်ဟစ်ခွင့်မရှိခြင်းသာ ဖြစ်တယ်။ မိဘကလည်း သားသမီးတွေကို ကြမ်းတမ်းရိုင်းပျစွာ ဆဲဆိုအော်ဟစ်ခွင့် မရှိဘူး။
မိဘက သားသမီးကိုဆဲတာက နစ်နာစေလိုစိတ်မရှိလို့ ဖရုသဝါစာမဖြစ်ဘူးလို့ ပြောကြပေမယ့် ဒီဘက်ခေတ် ဖြစ်ပျက်နေတဲ့ မျက်မြင် သက်သေတွေအရ နစ်နာစေလိုစိတ်မရှိဘူးဆိုတာ မိဘတိုင်းတော့ မဟုတ်နိုင်ဘူး။ မိဘနဲ့ သားသမီး အပြန်အလှန် စောင့်ရှောက်ကြရင်း ချစ်ခြင်းမေတ္တာများ တိုးပွားကြပါစေ။
Credit
Zawgyi
မိဘေက်းဇူးကို အႏွစ္ခ်ဳပ္လိုက္ရင္ သုံးခ်က္ပဲရွိတယ္။
၁။ ေပါသကာ – ႏို႔ခ်ိဳတိုက္ေကြၽး ေမြးျမဴတယ္။
၂။ အာပါဒကာ – လူလားေျမာက္ေအာင္ ေစာင့္ေရွာက္တယ္။
၃။ ဣမႆ ေလာကႆ ဒေႆတာေရာ – ဒီေလာကႀကီးကို ျမင္ခြင့္ေပးတယ္။ (ဝါ) လူအျဖစ္ ေမြးေပးတယ္။ (ဝါ) ဘဝသစ္ကိုေပးတယ္။
ေပါသကာနဲ႔ အာပါဒကာကို ျပန္လည္ေကြၽးေမြးျပဳစု လုပ္ေကြၽးျခင္းနဲ႔ ေၾကေအာင္ဆပ္ရတယ္။မိဘကို ကိုယ္က ျပန္ေမြးထုတ္လို႔မွ မရပဲ။ ဒီအခ်က္ေၾကာင့္ပဲ မိဘေက်းဇူးကို ေၾကေအာင္ဆပ္ဖို႔ ခက္တာျဖစ္တယ္။ မိဘကို ျပန္ေမြးထုတ္ေပးလို႔မရေပမယ့္ မိဘမေသခင္မွာပဲ ဘဝသစ္တစ္ခုရသြားေအာင္ေတာ့ ျပန္လုပ္ေပးလို႔ရတယ္။ မလိမၼာတဲ့မိဘကို လိမၼာသြားေအာင္ သားသမီးက လမ္းၫႊန္ေပးရမယ္။
ကံ ကံ၏အက်ိဳးကို မယုံၾကည္တဲ့ မိဘကို ယုံၾကည္ေအာင္၊ကိုယ္က်င့္တရားမေကာင္းတဲ့ မိဘကို ကိုယ္က်င့္တရားေကာင္းေအာင္၊ေစးႏွဲတြန႔္တိုတဲ့ မိဘကို ေပးကမ္းစြန႔္ႀကဲတတ္ေအာင္၊ပညာမရွိတဲ့ မိဘကို ပညာရွိေအာင္ သားသမီးက လမ္းၫႊန္ေပးရမယ္။ မလိမၼာတဲ့သူက လိမၼာသူျဖစ္သြားရင္ ဘဝသစ္တစ္ခုကို ရရွိသြားတာပဲ ျဖစ္တယ္။
အဲဒီလိုဆိုရင္ မိဘေက်းဇူး ေၾကေအာင္ဆပ္ရာေရာက္တယ္။ မလိမၼာတဲ့ မိဘကို လိမၼာေအာင္ လမ္းၫႊန္ေပးတဲ့အခါမွာ ဆဲဆို ႐ိုက္ႏွက္ျခင္း အစာျဖတ္ျခင္း စသည္တို႔ကိုေတာ့ မျပဳလုပ္ရဘူး။ေမြးေမြးၿပီးခ်င္း ကေလးကို စြန႔္ပစ္သြားတဲ့ မိဘေတြက သားသမီးအေပၚမွာ ေပါသကာ အာပါဒကာ ေက်းဇူးမရွိဘူး။ ေမြးဖြားေပးတဲ့ ေမြးေက်းဇူးသာရွိတယ္။
သားသမီးကို မိဘကို ျပန္ေျပာခြင့္မရွိဘူးလို႔ ဘုရားမေဟာဘူး။ မလိမၼာရင္ လိမၼာေအာင္ လမ္းၫႊန္ေပးရမယ္လို႔ေတာင္ ဘုရားက ေဟာခဲ့တယ္။ ျပန္ေျပာခြင့္ မရွိတာမဟုတ္ဘူး။ ၾကမ္းတမ္း႐ိုင္းပ်စြာ ဆဲဆိုေအာ္ဟစ္ခြင့္မရွိျခင္းသာ ျဖစ္တယ္။ မိဘကလည္း သားသမီးေတြကို ၾကမ္းတမ္း႐ိုင္းပ်စြာ ဆဲဆိုေအာ္ဟစ္ခြင့္ မရွိဘူး။
မိဘက သားသမီးကိုဆဲတာက နစ္နာေစလိုစိတ္မရွိလို႔ ဖ႐ုသဝါစာမျဖစ္ဘူးလို႔ ေျပာၾကေပမယ့္ ဒီဘက္ေခတ္ ျဖစ္ပ်က္ေနတဲ့ မ်က္ျမင္ သက္ေသေတြအရ နစ္နာေစလိုစိတ္မရွိဘူးဆိုတာ မိဘတိုင္းေတာ့ မဟုတ္ႏိုင္ဘူး။ မိဘနဲ႔ သားသမီး အျပန္အလွန္ ေစာင့္ေရွာက္ၾကရင္း ခ်စ္ျခင္းေမတၱာမ်ား တိုးပြားၾကပါေစ။
Credit