မႏၲေလးကို ခ်စ္တဲ့အေၾကာင္း အရင္ေျပာပါရေစေနာ္။ အခုကစေျပာမွာက ထပ္တရာနဲ ႔ပလာတာ အေၾကာင္းပါ ခင္ဗ်ာ
က်ေနာ္ မႏၲေလးမွာ ထပ္တရာဆိုတာ ပလာတာနဲ႔ တူမတူ ေလ့လာျဖစ္ခဲ့တယ္။ အေျဖက ဆိုင္ေတြ အရအတူတူပဲလို႔ ေျပာလို႔ရသလို မတူဘူးလို႔လဲ ေျပာလို႔ရပါတယ္။
တင္ထားတဲ့ပုံ ၂ ခုက မႏၲေလးအေခၚ ထပ္တရာ၊ ရန္ကုန္အေခၚ ပလာတာ ၂ မ်ိဳးပါ။ ပထမပုံက ေ႐ႊေကာင္းျမတ္ကေဖးက ထပ္တရာ (ေခၚ) ပလာတာပါ။
ဒုတိယပုံက ကရဝိတ္က ထပ္တရာပါ (ဆီေျခာက္)။ ၂ ဆိုင္လုံးက ထပ္တရာ မွာရင္ ပဲနဲ႔ေရာ သၾကားနဲ႔ပါ ရပါတယ္။ (တခ်ိဳ႕ဆိုင္ေတြ အာလူးဟင္းနဲ႔ပါ ေရာင္းတယ္လို႔ သိခဲ့ရပါတယ္)
က်ေနာ္ သူတို႔ လုပ္ပုံကိုင္ပုံကို သြားၾကည့္ေတာ့ ရန္ကုန္က ပလာတာနဲ႔ မကြာပါဘူး။ သူတို႔ကလည္း ဒါဟာ ပလာတာပါပဲ။
အေခၚအေဝၚကြာသြားတာပါလို႔ ေျပာျပပါတယ္။ ဒီ ၂ ဆိုင္လုံးက အိႏၵိယႏြယ္ဖြား ဟာလာ ဆိုင္ေတြပါပဲ။
က်ေနာ္အပါအဝင္ တကမာၻလုံးက ပလာတာ/ Parata / Roti လို႔ေခၚေပမယ့္ ဒီခ်စ္စရာၿမိဳ႕ေလးက ထပ္တရာေခၚေနလို႔လည္း အခ်စ္ေတြမေလ်ာ့ပါဘူး။
ဂ်ဳံကို အျပားႀကီး႐ိုက္ၿပီးမွ ျခင္ေဆးေခြလို အေခြေလးျဖစ္ေအာင္ ဖိလိပ္ၿပီးေၾကာ္တာ မေတြ႕ရပါဘူး။
အျပားႀကီး ပါးပါးေလး ျဖစ္ေအာင္ ႐ိုက္ၿပီး ေအာက္ေျခကေန အေပၚအထိေဒါင္လိုက္ ခပ္ေသးေသးလိပ္တက္သြားၿပီး အရွည္လိုက္အေနအထားရမွ အလ်ားလိုက္ ျပန္လိပ္တာပဲေတြ႕ရပါတယ္။
ရန္ကုန္ကေတာ့ အျပားႀကီး႐ိုက္ၿပီး အခ်င္းဝက္အတိုင္းအတာပုံ လက္နဲ႔ျဖတ္ခ်ၿပီး နာရီလက္တံပုံျပန္လိပ္ပါတယ္။
ေဖာင္းေဖာင္းေလးရရင္ ဒီအတိုင္းထားၿပီး ေၾကာ္ေတာ့မယ္ဆိုမွ လက္နဲ႔ ဖိၿပီး ေၾကာ္ပါတယ္။ အစားအေသာက္မွာ ရန္ကုန္ထက္ မႏၲေလးက ေစတနာေရာ ပညာပါ ကြာပါတယ္။
က်ေနာ္တို႔ ရန္ကုန္မွာ နာမည္တခုရၿပီဆို အေနအထားေတြ ေျပာင္းကုန္ၾကတယ္။ ေဈးႏႈန္းေတြက အစ အလႊာ တခုခ်င္းစီမွ စားႏိုင္ၾကေတာ့သလိုမ်ိဳးေပါ့။
မႏၲေလးမွာ ဘယ္ေလာက္နာမည္ႀကီးေနပါေစ။ လူတိုင္းစားႏိုင္တဲ့ေဈးႏႈန္းနဲ႔ ေရာင္းခ်ေပးေနၾကတယ္။
ဒီအခ်က္ကို က်ေနာ္ ၃ ရက္ေလာက္ပဲ ေနခဲ့စားခဲ့ေပမယ့္ ေကာင္းေကာင္းႀကီး သိခဲ့ရတယ္။ မႏၲေလးကို ရန္ကုန္ မဆန္ေစခ်င္ဘူးဗ်ာ။
အစားအေသာက္အတြက္ စိတ္ခ်မ္းသာရတဲ့ က်ေနာ္ခ်စ္တဲ့ၿမိဳ႕ေလးကို က်ေနာ္ဇာတိ က်ေနာ့္အခ်စ္ဦး ၿမိဳ႕ရန္ကုန္လို ေဈးေတြမႀကီးေစခ်င္ဘူးေလေနာ္။
ပထမပုံကေတာ့ ေ႐ႊေကာင္းျမတ္ကေဖးက ထပ္တရာပုံျဖစ္ၿပီး ဒုတိယပုံကေတာ့ ကရိဝိတ္က ထပ္တရာဆီေျခာက္ ပုံျဖစ္ပါတယ္။
credit
unicode
မန္တလေးကိုချစ်တဲ့အကြောင်း အရင်ပြောပါရစေနော်။ အခုကစပြောမှာက ထပ်တရာနဲ့ပလာတာ အကြောင်းပါ ခင်ဗျာ။
ကျနော် မန္တလေးမှာ ထပ်တရာဆိုတာ ပလာတာနဲ့ တူမတူ လေ့လာဖြစ်ခဲ့တယ်။ အဖြေက ဆိုင်တွေအရအတူတူပဲလို့ ပြောလို့ရသလို မတူဘူးလို့လဲ ပြောလို့ရပါတယ်။
တင်ထားတဲ့ပုံ ၂ ခုက မန္တလေးအခေါ် ထပ်တရာ၊ ရန်ကုန်အခေါ် ပလာတာ ၂ မျိုးပါ။ ပထမပုံက ရွှေကောင်းမြတ်ကဖေးက ထပ်တရာ (ခေါ်) ပလာတာပါ။
ဒုတိယပုံက ကရဝိတ်က ထပ်တရာပါ(ဆီခြောက်)။ ၂ ဆိုင်လုံးက ထပ်တရာမှာရင် ပဲနဲ့ရော သကြားနဲ့ပါ ရပါတယ်။ (တချို့ဆိုင်တွေ အာလူးဟင်းနဲ့ပါ ရောင်းတယ်လို့ သိခဲ့ရပါတယ်)
ကျနော် သူတို့ လုပ်ပုံကိုင်ပုံကို သွားကြည့်တော့ ရန်ကုန်က ပလာတာနဲ့ မကွာပါဘူး။ သူတို့ကလည်း ဒါဟာ ပလာတာပါပဲ။
အခေါ်အဝေါ်ကွာသွားတာပါလို့ ပြောပြပါတယ်။ ဒီ ၂ ဆိုင်လုံးက အိန္ဒိယနွယ်ဖွား ဟာလာ ဆိုင်တွေပါပဲ။
ကျနော်အပါအဝင် တကမ္ဘာလုံးက ပလာတာ/ Parata / Roti လို့ခေါ်ပေမယ့် ဒီချစ်စရာမြို့လေးက ထပ်တရာခေါ်နေလို့လည်း အချစ်တွေမလျော့ပါဘူး။
ဂျုံကို အပြားကြီးရိုက်ပြီးမှ ခြင်ဆေးခွေလို အခွေလေးဖြစ်အောင် ဖိလိပ်ပြီးကြော်တာ မတွေ့ရပါဘူး။
အပြားကြီး ပါးပါးလေး ဖြစ်အောင် ရိုက်ပြီး အောက်ခြေကနေ အပေါ်အထိဒေါင်လိုက် ခပ်သေးသေးလိပ်တက်သွားပြီး အရှည်လိုက်အနေအထားရမှ အလျားလိုက် ပြန်လိပ်တာပဲတွေ့ရပါတယ်။
ရန်ကုန်ကတော့ အပြားကြီးရိုက်ပြီး အချင်းဝက်အတိုင်းအတာပုံ လက်နဲ့ဖြတ်ချပြီး နာရီလက်တံပုံပြန်လိပ်ပါတယ်။
ဖောင်းဖောင်းလေးရရင် ဒီအတိုင်းထားပြီး ကြော်တော့မယ်ဆိုမှ လက်နဲ့ ဖိပြီး ကြော်ပါတယ်။ အစားအသောက်မှာ ရန်ကုန်ထက် မန္တလေးက စေတနာရော ပညာပါ ကွာပါတယ်။
ကျနော်တို့ ရန်ကုန်မှာ နာမည်တခုရပြီဆို အနေအထားတွေ ပြောင်းကုန်ကြတယ်။ ဈေးနှုန်းတွေက အစ အလွှာ တခုချင်းစီမှ စားနိုင်ကြတော့သလိုမျိုးပေါ့။
မန္တလေးမှာ ဘယ်လောက်နာမည်ကြီးနေပါစေ။ လူတိုင်းစားနိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနေကြတယ်။
ဒီအချက်ကို ကျနော် ၃ ရက်လောက်ပဲ နေခဲ့စားခဲ့ပေမယ့် ကောင်းကောင်းကြီး သိခဲ့ရတယ်။ မန္တလေးကို ရန်ကုန် မဆန်စေချင်ဘူးဗျာ။
အစားအသောက်အတွက် စိတ်ချမ်းသာရတဲ့ ကျနော်ချစ်တဲ့မြို့လေးကို ကျနော်ဇာတိ ကျနော့်အချစ်ဦး မြို့ရန်ကုန်လို ဈေးတွေမကြီးစေချင်ဘူးလေနော်။
ပထမပုံကတော့ ရွှေကောင်းမြတ်ကဖေးက ထပ်တရာပုံဖြစ်ပြီး ဒုတိယပုံကတော့ ကရိဝိတ်က ထပ်တရာဆီခြောက် ပုံဖြစ်ပါတယ်။
credit