မဲခေါင်၊ မတ် ၃၀
မဲခေါင်၊ မတ် ၃၀
credit
unicode
နေကနေ ဖြစ်ပေါ်လာမယ့် တစ်နာရီ မိုင် ၁.၈ သန်းအရှိန်နဲ့ တိုက်ခတ်နိုင်တဲ့ ဆိုလာလေပြင်းကြောင့် မီးတွေပြတ်တောက်နိုင်
မဲခေါင်၊ မတ် ၃၀
အခုသီတင်းပတ်ကုန်မှာ နေပေါ်က ကမ္ဘာထက် အဆ ၂၀ ကြီးမားတဲ့ အပေါက်ကြီးကနေ ဆိုလာလေပြင်း ဖြစ်ပေါ်နိုင်ပြီး ကမ္ဘာမှာ ဆိုးကျိုးတွေသက်ရောက်နိုင်ကာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားနိုင်တယ်လို့ သိပ္ပံညာရှင်တွေက သုံးသပ်ထားကြပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့က နေမှာဖြစ်ပေါ်နေတဲ့ ကမ္ဘာထက် အဆ ၃၀ ကြီးမားတဲ့ အပေါက်ကြီးကနေ ဆိုလာ လေပြင်းတိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ အရီဇိုးနားတောင်ဘက် ကောင်းကင်ယံမှာ ခရမ်းရောင်နဲ့ အစိမ်းရောင် လျှပ်စစ်ရောင်ခြည်တွေ ဖြစ်ခဲ့ပါတယ်။
အခု တစ်ပတ်အတွင်းမှာပဲ နောက်ထပ် နေပေါက်ကြီးထဲက တစ်နာရီ မိုင် ၁.၈ သန်းနှုန်းနဲ့တိုက်ခတ်လာမယ့် ဆိုလာလေပြင်းကြောင့် ကမ္ဘာ့ သံလိုက်သတ္တိတွေ၊
ဂြိုဟ်တုစနစ်နဲ့ တခြားနည်းပညာတွေကို လျှပ်ကူးရိုက်ခတ်မှုတွေဟာ လျှပ်စစ်မီးတွေ ပြတ်တောက်တာမျိုး ဖြစ်နိုင်တယ်လို့ လန်ဒန်တက္ကသိုလ် အာကာသနှင့် ရာသီဥတုရူပဗေဒဆိုင်ရာ တွဲဖက်ပါမောက္ခ ဒန်နီရယ်ဗာရှာရန်က သုံးသပ် ပြောကြားသွားပါတယ်။
အဲ့ဒီ့ နေပေါ်က အပေါက်ကြီးကို နာဆာရဲ့ နေစွမ်းအင်နက္ခတ်ဗေဒ လေ့လာမှု(Solar Dynamics Observatory)ကနေ ဖမ်းယူရရှိခဲ့တာဖြစ်ပြီး ဒီလိုဖြစ်စဉ်တွေဟာ ၁၁ နှစ်တစ်ကြိမ် ပေါက်ကွဲဖြစ်တတ်ကြောင်းနဲ့ ဒီကထွက်လာတဲ့ ဆိုလာလေပြင်းကို solar G3 storm အဖြစ် သတ်မှတ်ကြပါတယ်
ယခုသီတင်းပတ်ကုန် ခန့်မှန်းထားမှုအရ မတ် ၃၁ ရက် သောကြာနေ့မှာ အစောဆုံးဖြစ်တည်လာနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ခန့်မှန်းသုံးသပ်ထားပါတယ်။
နေကနေ ဖြစ်ပေါ်လာမယ့် တစ်နာရီ မိုင် ၁.၈ သန်းအရှိန်နဲ့ တိုက်ခတ်နိုင်တဲ့ ဆိုလာလေပြင်းကြောင့် မီးတွေပြတ်တောက်နိုင်
မဲခေါင်၊ မတ် ၃၀
အခုသီတင်းပတ်ကုန်မှာ နေပေါ်က ကမ္ဘာထက် အဆ ၂၀ ကြီးမားတဲ့ အပေါက်ကြီးကနေ ဆိုလာလေပြင်း ဖြစ်ပေါ်နိုင်ပြီး ကမ္ဘာမှာ ဆိုးကျိုးတွေသက်ရောက်နိုင်ကာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားနိုင်တယ်လို့ သိပ္ပံညာရှင်တွေက သုံးသပ်ထားကြပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့က နေမှာဖြစ်ပေါ်နေတဲ့ ကမ္ဘာထက် အဆ ၃၀ ကြီးမားတဲ့ အပေါက်ကြီးကနေ ဆိုလာ လေပြင်းတိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ အရီဇိုးနားတောင်ဘက် ကောင်းကင်ယံမှာ ခရမ်းရောင်နဲ့ အစိမ်းရောင် လျှပ်စစ်ရောင်ခြည်တွေ ဖြစ်ခဲ့ပါတယ်။
အခု တစ်ပတ်အတွင်းမှာပဲ နောက်ထပ် နေပေါက်ကြီးထဲက တစ်နာရီ မိုင် ၁.၈ သန်းနှုန်းနဲ့တိုက်ခတ်လာမယ့် ဆိုလာလေပြင်းကြောင့် ကမ္ဘာ့ သံလိုက်သတ္တိတွေ၊
ဂြိုဟ်တုစနစ်နဲ့ တခြားနည်းပညာတွေကို လျှပ်ကူးရိုက်ခတ်မှုတွေဟာ လျှပ်စစ်မီးတွေ ပြတ်တောက်တာမျိုး ဖြစ်နိုင်တယ်လို့ လန်ဒန်တက္ကသိုလ် အာကာသနှင့် ရာသီဥတုရူပဗေဒဆိုင်ရာ တွဲဖက်ပါမောက္ခ ဒန်နီရယ်ဗာရှာရန်က သုံးသပ် ပြောကြားသွားပါတယ်။
အဲ့ဒီ့ နေပေါ်က အပေါက်ကြီးကို နာဆာရဲ့ နေစွမ်းအင်နက္ခတ်ဗေဒ လေ့လာမှု(Solar Dynamics Observatory)ကနေ ဖမ်းယူရရှိခဲ့တာဖြစ်ပြီး ဒီလိုဖြစ်စဉ်တွေဟာ ၁၁ နှစ်တစ်ကြိမ် ပေါက်ကွဲဖြစ်တတ်ကြောင်းနဲ့ ဒီကထွက်လာတဲ့ ဆိုလာလေပြင်းကို solar G3 storm အဖြစ် သတ်မှတ်ကြပါတယ်။