ၾကားသိရသမွ်
သူမရဲ့သားလေး ထွက်အလာကို သပြေပန်းလေးကိုင်ပြီး စောင့်ကြိုနေပေမယ့် ပြန်မလွတ်လာတာကြောင့် ညှိုးငယ်စွာပြန်သွားခဲ့ရတဲ့ အဘွားအိုတစ်ဦး
ပြည်သူလူထုအနေနဲ့လည်း ဇွန်လ(၃၀)ရက်နေ့မှာ ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့အခြေအနေကြောင့်ဝမ်းသာပျော်ရွှင်ခဲ့ရတာ ဖြစ်ပါတယ်။မိမိတို့နဲ့ အသိ၊မိတ်ဆွေ၊သူငယ်ချင်းတွေများ လွတ်မယ့်အထဲပါမလားလို့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေခဲ့ရတာဖြစ်ပါ တယ်။ အင်းစိန်ထောင်ရှေ့ကို မနက်အစောကတည်းက ရောက်နေတဲ့ လူအုပ်ကြီးကတော့ ဇွဲကောင်းကောင်းနဲ့ ညနေအထိ စောင့်ဆိုင်းနေခဲ့ရပြီး (၆) နာရီ နောက်ပိုင်းမှ ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ မိမိတို့ရဲ့မိသားစုဝင်ကို အရမ်းတွေ့ချင်ကြလို့ နေဒဏ်၊မိုးဒဏ်ကို အံတုပြီး စောင့်နေကြတဲ့အထဲမှာ သက်ကြီးရွယ်အိုအဘိုး၊အဘွားတွေ လည်း ပါဝင်နေတာဖြစ်ပါတယ်။အဘွားအိုတစ်ဦးဆိုရင် သူမရဲ့သားလေးကို သပြေပန်းလေးကိုင်ပြီး မနက်ကတည်းက စောင့်နေခဲ့ရှာတာ ဖြစ်ပါတယ်။ အဘွားကတော့ ညနေအထိ ထိုင်လိုက်၊မတ်တပ်ရပ်လိုက်၊အထဲကိုမျှော်ကြည့်လိုက်နဲ့ပဲ အချိန်တွေကုန်ခဲ့ရှာတာဖြစ်ပါတယ်။အဘွားလက် ထဲမှာ ကိုင်ထားတဲ့သပြေပန်းလေးကလည်း ညနေရောက်တော့ ညှိုးနွမ်းသွားခဲ့ပြီဖြစ်ပါတယ်။ မနက်ကတည်းကနေ ညနေအထိ မျှော်လင့်ချက်လေးနဲ့ စောင့်နေရှာတဲ့အဘွားကတော့ သူမရဲ့သားလေးကို မတွေ့လိုက်ရတာဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ ပျောက်ပျက်သွားတဲ့ အဘွားရဲ့မျက်နှာလေးမှာ စိတ်မကောင်းမှုတွေနဲ့ပြည့်နှက်နေတာဖြစ်ပါတယ်။ သားလေးမပါဘဲ အိမ်ကို တစ်ယောက်တည်းပြန်ရတဲ့ အဘွားရဲ့ခံစားချက်ကို […]
ၾကားသိရသမွ်
ထောင်မှ သမီးဖြစ်သူ လွတ်မည်ကို သွားစောင့်သည့် ဖခင်ဖြစ်သူ နှလုံးအောင့်သေဆုံး
မြစ်ကြီးနားအကျဉ်းထောင်ကနေ သမီးဖြစ်သူ လွတ်လာမှာကို စောင့်ရင်း ဖခင်ဖြစ်သူ နှလုံး‌အောင့်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၃၀ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေကို စစ်ကောင်စီက သက်ဆိုင်ရာ အကျဉ်းထောင် တွေကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဖမ်းဆီးထားသူတွေကို လွှတ်ပေးမယ်ဆိုတာကြောင့် လယ်ကုန်းရက်ကွက်နေ အသက် ၆၀ ဆယ် ကျော်အရွယ် ဦးဇော်ဖန်းဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမီးဖြစ်သူ မဘောက်ဂျာကို သွားစောင့်ရာမှ နှလုံးအောင့်ကာ သေဆုံးသွားခဲ့ တယ်လို့ သိရပါတယ်။ ဆွေမျိုးတစ်ဦးက “ညနေ လေးနာရီလောက်မှာ နှလုံးအောင့်ပြီးဆုံးတာလို့ပြောတယ်။ ဦးလေးရဲ့ သတင်းကြားတာနဲ့စိတ်မကောင်းဘူး။ အိမ်ကအမေဆိုရင် အဲ့သတင်းကြားတာနဲ့ ငိုတော့တာပဲ” လို့ ပြောပါတယ်။ အခုသေဆုံးသွားခဲ့တဲ့ သူရဲ့သမီးဖြစ်သူ မဘောက်ဂျာဟာ မေလ ၁၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး လက်ရှိမှာ […]
ၾကားသိရသမွ်
အကျဉ်းထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ အခြေအနေတွေကို ဖခင်ဖြစ်သူအား ပြန်လည်ပြောပြလာတဲ့ အသက် (၅) နှစ်အရွယ် သမီးလေး စုထက်ဝိုင်း
မနေ့ကတော့ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများထဲမှ အချို့တစ်ဝက်ကို ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီထဲတွင်တော့ အသက် ၅ နှစ်အရွယ်သာ ရှိသေးတဲ့ မိုးကုတ်မြို့မှ သမီးလေး စုထက်ဝိုင်းလည်း ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို ကြားကြားချင်း ပြည်သူတွေအားလုံးကသမီးလေးအတွက် ဝမ်းသာခဲ့ကြတာ ဖြစ်ပါတယ် သမီးငယ်လေး လွတ်မြောက်လာခဲ့ပေမယ့်လည်း သမီးကြီးနဲ့ ဇနီးဖြစ်သူမှာ အကျဉ်းထောင်ထဲမှာသာ ရှိသေးကြောင်း ဖခင်ဖြစ်သူမှ ပြောပြထားတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း အသက်အငယ်ဆုံးသမီးလေး ပြန်လွတ်မြောက်လာပြီး ကလေးပြောပြလာတဲ့ အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရတာတွေကို ပြန်လည်ဝေမျှလာတာ ဖြစ်ပါတယ် နှစ်ပတ်ကျော်ကြာ သမီးလေး ဖမ်းဆီးထားခံရစဉ် ထမင်းဝအောင် မစားရဘဲ ရေချိုးရင်လည်း အိမ်သာရေနဲ့သာ ချိုးရကြောင်း ပြောပြလာပါတယ်။ သမီးလေး အစ်မနဲ့ အမေ အထဲတွင် ဘယ်လိုနေထိုင်ရလဲမေးတော့လည်း မျက်နှာလေးအရောင်ပြောင်းသွားပြီး ဘာမှပြန်မဖြေတော့ကြောင်း […]
ကြားသိရသမျှ
ရုပ်ရှင်မင်းသားကြီး အကယ်ဒမီများရှင် ညွန့်ဝင်း ကွယ်လွန်
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ညွန့်ဝင်း ဒီကနေ့ ဇူလိုင် ၁ ရက်မှာ ကွယ်လွန်ခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကပြောပါတယ်။ ထင်ရှားတဲ့ ရွှေမန်းဇာတ်သဘင်တည်ထောင်သူ အင်္လကာကျော်စွာရွှေမန်းတင်မောင်ရဲ့ သားဖြစ်သူ အကယ်ဒမီညွန့်ဝင်းဟာ ကွယ်လွန်ချိန်မှာ ၈၁ နှစ် ရှိပြီဖြစ်ပါတယ်။ ဦးညွန့်ဝင်းဟာအသက် ၂၀ နှစ်အရွယ်မှာ အိန္ဒိယနိုင်ငံ ဒါဂျီလင်တက္ကသိုလ် တက်ရောက်ခဲ့သလို ၊ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ် တို့မှာ ရေဒီယိုအီလက်ထရောနစ် ဘာသာရပ်ကို သင်ယူခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်ပြည်ထောင်စု၊ အော်ရီကန်စတိတ်တက္ကသိုလ် မှာ ဇာတ်ခုံအလင်းအမှောင်ပညာနဲ့ ဆက်တင်ဆိုင်ရာပညာတွေကို ၁ နှစ်ခန့် သင်ယူခဲ့သူဖြစ်ပါတယ်။ အကယ်ဒမီညွန့်ဝင်းရဲ့ ပထမဆုံး စတင်သရုပ်ဆောင်တဲ့ ဇာတ်ကားဟာ မြဇော်ဖလင်က ထုတ်လုပ်တဲ့ သတို့သမီးအလိုရှိသည် ဇာတ်ကားဖြစ်ပါတယ်။ ညွန့်ဝင်းရဲ့ထင်ရှားတဲ့ဇာတ်ကားမှာ ဗန်တိုလူလေးနှင့် သူဇာ ဇာတ်ကားဖြစ်ပြီး အဲဒီဇာတ်ကားနဲ့အကယ်ဒမီဆုကိုစတင်ရရှိခဲ့တာပါ။ အဲဒီနောက် ချစ်သူဝိုင်းဝိုင်းလည်၊ […]
ၾကားသိရသမွ်
၅၀၅ က ဖြင့် အမှုပိတ်ခံထားရတဲ့ နာမည်ကြီးအနုပညာရှင်တွေကို ဒဲ့ပြောလိုက်တဲ့ အကယ်ဒမီပိုင်ဖြိုးသု…
ဗေဒင်
1.July.2021 မှ 7.July.2021 အထိတစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း
1.July.2021 မှ 7.July.2021 အထိတစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း တနင်္ဂနွေ အဖြစ်အပျက်အတိုင်း ၊ကိစ္စရပ်တိုင်း ဝေခွဲရခက်အောင် နှစ်မျိုးနှစ်ခွကြုံနေရတတ်သည်။ မိမိကိုယ်တိုင် တွေဝေဒွိဟဖြစ်နေရ တတ်သည်။ လောဘနောက်မလိုက်ဘဲ မှန်ကန်သည်လမ်းကိုရွေးချယ်နိုင်ဖို့ လိုသည်။ အကောင်း အဆိုး ဒွန်တွဲနေတဲ့ကာလပါပဲ။ ကောင်းမလိုလိုနဲ့ ဆိုးသွားတတ်ပါတယ်။ ရည်မှန်းထားတာကြံစည်ထားတာတွေ ပျက်လွယ် ပါတယ်။ ငွေမမြဲဖြစ်မယ်။ ငွေကုန်လွယ်မယ်။ အမွေကိစ္စ၊မြေကိစ္စ တွေဖြေရှင်းရလိမ့်မယ်။ ထပ်ချဲ့ထား သော အလုပ်တွေနဲ့ပတ်သက်ပြီး ငွေမနိုင်ဖြစ်တတ်တယ်။ အလုပ်များသလောက် အကျိုးအမြတ်နည်းလိမ့်မယ်။ ခရီး ဝေးသွားဖို့ကိစ္စများကြုံလာရနိုင်သည်။ စပ်တူရှယ်ယာလုပ်ခြင်းမျိုးရှောင်ပါ။ မိမိလျှောက်မဲ့လမ်းတားဆီးမဲ့သူ နှောက် ယှက် မဲ့သူတွေ ကြုံရလိမ့်မယ်။ပညာရှာနေသူများမိမိလိုချင်သောပညာများရပါလိမ့်မည်။ သားသမီးကြောင့် စိတ် ချမ်း မြေ့ ပျော်ရွှင်ရလိမ့်မည်။ အချစ်ရေးကံကောင်းပေမဲ့ ချစ်ရသူ၊မိမိတန်ဖိုးထားရသူတွေအတွက် သောကရောက် ရတတ်ပါတယ်။ ကျန်းမာရေးတော့ ဂရုစိုက်သင့်တဲ့ကာလပါ။ အစာမကြေခြင်း ၊အစာအိမ်ရောင်ခြင်း၊ဗိုက်နာခြင်းမျိုး […]
ၾကားသိရသမွ်
ပြန်လွတ်လာတဲ့လူငယ်တွေထဲမှာ တော်လှန် ရေးမလုပ်တော့ဘဲ ငြိမ်သွားရင် BLAME မလုပ်ကြေး
ပြန်လွတ်လာတဲ့လူငယ်တွေထဲမှာ တော်လှန် ရေးမလုပ်တော့ဘဲ ငြိမ်သွားရင် Blame မလုပ်ကြေး ပြန်လွတ်လာတဲ့လူငယ်တွေထဲမှာ တော်လှန် ရေးမလုပ်တော့ပဲ ငြိမ်သက်စွာနေသွားတဲ့လူရှိရင်လဲ ကျနော်တို့က အပြစ်တင်ပြောဆိုနေဖို့မလိုဘူးသူတို့‌ အထဲမှာ ဘယ်လိုနေခဲ့ရသလဲဘယ်လိုစားခဲ့ရသလဲ ဘယ်လိုနှိပ်စက်ခံခဲ့ရသလဲ ကျနော်တို့မသိနိုင်ဘူးကျနော်တို့ သူတို့ကို နားလည်ပေးဖို့လိုတယ် ဒါပေမယ့် သွေးအေးကြောက်လန့်ပီး ငြိမ်သွားကြမယ့်လူငယ်တွေမဟုတ်ဘူးဆိုတာတော့ ယုံကြည်ပါတယ်။ Blameမလုပ်ကြေး Zawgyi ပြန်လွတ်လာတဲ့လူငယ်တွေထဲမှာ တော်လှန် ရေးမလုပ်တော့ဘဲ ငြိမ်သွားရင် Blame မလုပ်ကြေး ပြန်လွတ်လာတဲ့လူငယ်တွေထဲမှာ တော်လှန် ရေးမလုပ်တော့ပဲ ငြိမ်သက်စွာနေသွားတဲ့လူရှိရင်လဲ ကျနော်တို့က အပြစ်တင်ပြောဆိုနေဖို့မလိုဘူးသူတို့ အထဲမှာ ဘယ်လိုနေခဲ့ရသလဲဘယ်လိုစားခဲ့ရသလဲ ဘယ်လိုနှိပ်စက်ခံခဲ့ရသလဲ ကျနော်တို့မသိနိုင်ဘူးကျနော်တို့ သူတို့ကို နားလည်ပေးဖို့လိုတယ် ဒါပေမယ့် သွေးအေးကြောက်လန့်ပီး ငြိမ်သွားကြမယ့်လူငယ်တွေမဟုတ်ဘူးဆိုတာတော့ ယုံကြည်ပါတယ်။ Blameမလုပ်ကြေး Credit Zaw Htet Aung
အချစ်ရေး
ပေးဆပ်ခြင်းတဲ့ … ကိုယ်ပေးတဲ့အတိုင်း ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက်တွေ မပါခဲ့ပါဘူး
ပေးဆပ်ခြင်းတဲ့ … ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက်တွေမပါခဲ့ပဲ အဆင်ပြေပါစေဆိုတဲ့ဆန္ဒလေးတစ်ခုနဲ့ ကိုယ်ပေးနိုင်သမျှ အရာရာပေးခဲ့တာပါ ။ ကိုယ့်စေတနာတွေ ကိုယ့်မေတ္တာတွေ ဖြူပါတယ် ။ အဲ့ဒီအတွက် ဘာကျေးဇူးတရားမှ မလိုအပ်ပါဘူး ။ လိုလဲ မလိုချင်ခဲ့ဘူးလေ ။ ဒါပေမယ့်…ဘာများလုပ်ပေးခဲ့လို့လဲဆိုတဲ့ မေးခွန်းတွေကြားမှာတော့ စွံ့အခဲ့မိတယ် ။ မလုံလောက်ခဲ့တာလား ဒါမှမဟုတ် မမြင်တတ်ခဲ့တာလားပေါ့ ။ ၀န်ခံရရင်တော့ … ကိုယ့်စေတနာတွေ ကိုယ့်မေတ္တာတွေကို မြင်စေချင်တဲ့ စိတ်ကတော့ … ရှိပါတယ် ။ တချို့လူတွေရဲ့အတွေးထဲမှာကျ … နေရာတကာ ကိုယ်က စျေးပေါနေမိတော့ စေတနာဆိုတာ မမြင်တော့ဘူး မသိရင် ကိုယ့်တာ၀န်လို့ပဲ ထင်တတ်မြင်တတ်ကျတယ် ။ တကယ်တမ်းကျတော့ တာ၀န်ရှိလို့မှမဟုတ်ပဲ မေတ္တာရှိလို့ပါ ။ ဒါကိုတော့ နားလည်တတ်စေချင်တယ် ။ ပေးဆပ်ခြင်းတဲ့ […]
ၾကားသိရသမွ်
၂၄နာရီအတွင်း ကိုဗစ်ဓါတ်ခွဲစစ်ဆေးမှု ရှစ်ထောင်နီးပါးထဲ ၁၅၈၀ ရောဂါပိုးတွေ့
မြန်မာနိုင်ငံမှာ ဒီကနေ့ ရောဂါပိုးတွေ့သူ ၁၅၈၀ ရှိကြောင်း မြန်မာအားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါပိုးကူးခံရသူ တနေ့ထက်တနေ့ စံချိန်တင်မြင့်တက်လာတာပါ။ ပြည်နယ်နဲ့တိုင်းအသီးသီးက ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၈ ထောင်နီးပါးမှာ ပိုးတွေ့သူ ၁၅၀၀ ကျော်ရှိတာဖြစ်ပါတယ်။ သေဆုံးသူက ၁၄ ဦးရှိပါတယ်။ လက်ရှိချိန်ထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၂၇ သိန်း၊ ၃ သောင်းကျော်မှာ ပိုးတွေ့သူ ၁သိန်း ၅ သောင်း ၇ ထောင်ကျော်ရှိပြီး သေဆုံးသူစုစုပေါင်းက ၃ထောင့် ၃ ရာကျော်ရှိကြောင်း ဂျွန်လ ၃၀ရက်၊ ည ၈ နာရီထုန်ပြန်ချက်မှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဂျွန်လလယ်လောက်ကစပြ့ီး ခုလိုပိုးကူးစက်မှုတွေ တရှိန်ထိုးမြင့်တက်လာတာကြောင့် ကပ်ရောဂါထိန်းချုပ်နိုင်ရေး စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရုရှားနဲ့ တရုတ်နိုင်ငံဆီက ကိုဗစ်ကာကွယ်ဆေးတွေ ဝယ်ယူဖု့ိ […]
ၾကားသိရသမွ်
ရေမွန် မဆုံးပါးခင်က ရေးသားပေးခဲ့တဲ့ သီချင်းလေးကို ဝမ်းနည်းကြေကွဲစွာ အမှတ်တရ ဆိုပြလာတဲ့ မေရဲ့ ဗီဒီယိုဖိုင်
Idiots အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အဆိုတော်ရေမွန် ကွယ်လွန်သွားတဲ့ သတင်းက အခုထိ ဘယ်သူမှ မယုံကြည်နိုင်သေးသလို ပရိသတ်တွေရော ခင်မင်ရသူတွေပါ မိသားစုနဲ့အတူ ဝမ်းနည်း ကြေကွဲ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အရည်အချင်းရှိတဲ့ အဆိုတော်ကောင်း တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ် အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံးကလည်း စိတ်မကောင်းဖြစ်နေကြတာပါ ။ ရေမွန်ကို ချစ်ခင်ကြသူ အားလုံးကလည်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးကြသလို သစ်ပင်လေးတွေလည်း အမှတ်တရ စိုက်ခဲ့ကြပါတယ် ။ တစ်ချို့ကလည်း သူတို့ရဲ့ ခန္ဓာကိုယ်အပေါ်မှာ ရေမွန်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို တစ်သက်လုံး ကျန်ရှိနေစေချင်တာကြောင့် တက်တူးများ ထိုးခဲ့ကြတာကိုတွေ့ရပါတယ် ။ ရေမွန်ကို ချစ်ခင်ကြတဲ့ သူတွေအားလုံးကတော့ ခုချိန်အထိ မမမေ့နိုင်သေးဘဲ လွမ်းဆွတ် သတိရနေကြဆဲဆိုတာ အမှန်ပါပဲနော် ။ အခုလည်း ရေမွန်ရှိစဉ်က […]