News

ဒေါ်လာပြန်အတက်မှာ စျေးဆွဲတင်မှုတွေရှိပြီး ရွှေဆိုင်တွေ အရောင်းအဝယ်အေးနေ

စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ တဖြည်းဖြည်း ပြန်ကျလာပြီးနောက် တဒေါ်လာ ၄၈၀၀ ကျပ် ဈေးဖြစ်နေရာမှ ၅၂၀၀ ကျပ်အထိ တက်သွားခဲ့ပါတယ်။ လက်ရှိစျေးကွက်မှာတော့ ၅၂၀၀-၅၄၀၀ ဝန်းကျင်မှာ အရောင်းအဝယ် လုပ်နေကြပြီး ဒေါ်လာပြန်အတက်ကို စျေးဆွဲတင်မှုတွေ ရှိနေတယ်လို့ သိရတယ်။ ဒေါ်လာ ဝယ်လိုအားပေါ် တချက်စောင့်ကြည့်နေကြကာ ဗဟိုဘဏ်ဘက်က ဒေါ်လာ ထပ်မံ ထုတ်ရောင်းမှု ရှိမရှိကလည်း စျေးကွက်အပေါ် သက်ရောက်မှာပါ။ ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ဒေါ်လာ ၂၅၀၀ ကျော်အထိ အမြင့်ဈေးရှိနေကာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် များ အသင်းရဲ့ အကယ်ဒမီ အခေါက်ရွှေ ရည်ညွှန်းစျေးက ကျပ် သိန်း ၅,၀၄၄,၈၉၇ ဖြစ်ပါတယ်။ ဒီရက်ထဲ ရွှေဈေးတွေ တက်လိုက်ကျလိုက်ဖြစ်နေပေမယ့် ရွှေဆိုင်တွေရဲ့ အရောင်းအဝယ် ဈေးကွက်က အေးနေတယ်လို့ […]

News

ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ ( စက်တင်ဘာလ ၁၀)

မနေ့က ၄၉၀၀ ဝန်းကျင်ထိ ဆင်းသွားတဲ့ ဒေါ်လာစျေးဟာ ဒီမနက်ပိုင်းမှာတော့ ၅၁၀၀ ကို ပြန်တက်လာခဲ့ပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (စက်တင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့) -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၁၀၀ ကျပ် ဝယ်ဈေး – ၅၀၀၀ ကျပ် -ယူရို ရောင်းဈေး – ၅၄၅၀ ကျပ် ဝယ်ဈေး – ၅၂၂၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၃၀ ကျပ် ဝယ်ဈေး – ၁၀၆၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၆၉၅ ကျပ် ဝယ်ဈေး – ၆၆၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး – ၃၄.၄၅ […]

News

ယနေ့ မနက်ပိုင်း ပြည်တွင်းရွှေစျေးများ ( စက်တင်ဘာ ၁၀)

ဆက်တိုက် ပြန်ကျခဲ့တဲ့ ပြည်တွင်းရွှေစျေးဟာ အကျ နည်းနည်းတော့ တန့်သွားခဲ့ပြီး ကမ္ဘာ့ရွှေနဲ့ ရွှေအသင်းစျေးကတော့ ဒီရက်တွေထဲ ခပ်ပါးပါး အတက်အကျဖြင့် ပုံမှန်လေး ဆက်သွားနေပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (စက်တင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၀၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၄၄၈၉၇ ကျပ် -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၃၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်

News

ကမ္ဘာ့ရွှေစျေး မြင့်တက်နေပြီး ကြောက်ရောင်း ကြောက်ဝယ် ပြည်တွင်းရွှေစျေး ဆက်လက် ကျဆင်း

ကမ္ဘာ့ရွှေစျေးကတော့ ပြန်တက်လာနေပြီး ၁ အောင်စကို ၂၅၀၀ ဒေါ်လာ အထက်မှာ ရှိနေပါတယ်။ အမေရိကန်ရဲ့ အလုပ်အကိုင် ဒေတာအချက်အလက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း လျော့ချရေးအပေါ် စျေးကွက်တွင်း ဆွေးနွေးမှုတွေ ရှိနေတာပဲဖြစ်ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး အခြေအနေ မျှော်မှန်းထားသလို တိုးတက်လာခြင်း မရှိဘဲ အလုပ်အကိုင် အခွင့်အလမ်း လျော့ကျလာပြီး စီးပွားရေး မငြိမ်သက်ဖြစ်နေခြင်းဟာ စျေးကွက်အပေါ် ဖိအားတွေ ရှိနေစေပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ အလုပ်သမားစျေးကွက် အခြေအနေအပေါ် မူတည်ပြီး နယူးယော့ခ် ဗဟိုဘဏ် ဥက္ကဋ္ဌကတော့ ဘဏ်အတိုးနှုန်းတွေကို လျော့ချလိုနေပါတယ်။ ဗဟိုဘဏ်ရဲ့ အတိုးနှုန်းတွေက ကမ္ဘာ့ရွှေစျေးအပေါ် ဘယ်လို သက်ရောက်မလဲ စောင့်ကြည့်နေကြတာပါ။ ကမ္ဘာ့ရွှေဈေး ၂၅၀၀ တန်းနဲ့ အမြင့်ပိုင်းမှာ ဆက်ရှိနေချိန် ပြည်တွင်းရွှေစျေးကတော့ ကြောက်ရောင်းကြောက်ဝယ်သမားတွေဖြင့် […]