ဗဟုသုတ

ဘယ်သူကများ လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို မေးဖူးကြသလဲ

မေးခဲ့ဖို့သင့်တာ…

တနေ့မှာ လယ်သမားအဖိုးကြီးတစ်ယောက်ဟာ ဘဏ်ကို ငွေချေးဖို့ ရောက်လာပါတယ်။ ဘဏ်အရာရှိက သူ့ကို မေးလိုက်တယ်။

– “ဦးလေးက ပိုက်ဆံ ဘယ်လောက် ချေးချင်လို့လဲ။”

– “တစ်သိန်းပါ”

ဘဏ်အရာရှိဟာ ငွေချေးတဲ့ ပုံစံကို သူ့ကို ထုတ်ပေးရင်း ခုလို မေးလိုက်ပြန်ပါတယ်။

– “အဲဒီငွေက ဘာအတွက် သုံးမှာလဲ”

– “မြို့က ပစ္စည်းတွေ ဝယ်ပြီး ရွာမှာ အမြတ်နဲ့ ပြန်ရောင်းဖို့ပါ”

– “ဦးလေးမှာ ဘာအပေါင်ပစ္စည်း ရှိလဲ”

– “အပေါင်ပစ္စည်းဆိုတာ ဘာကို ပြောတာလဲ”

– “အခု ချေးသွားတဲ့ ငွေတစ်သိန်းနဲ့ ညီမျှတဲ့ ပစ္စည်းတစ်ခုခုပေါ့။ ဦးလေးက ချေးထားတဲ့ ငွေကို ပြန်မဆပ်နိုင်ရင် အဲဒီပစ္စည်းကို ဘဏ်က သိမ်းယူခွင့်ရှိပါတယ်”

– “အော်၊ ဒီလိုလား။ ငါ့မှာ လက်ထွန်စက်တစ်စီးတော့ ရှိတယ်ကွ။ အဟောင်းပေမယ့် ငွေတစ်သိန်းမကတော့ တန်ပါတယ်”

– “ဟုတ်ကဲ့။ အဲဒါဆို ရပါတယ်။ ဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ပါ။ ကျွန်တော်ငွေတစ်သိန်း ထုတ်ပေးလိုက်ပါမယ်။ အချိန်တန်လို့ ငွေပြန်မဆပ်နိုင်ရင် အပေါင်ပစ္စည်းကို သိမ်းမှာနော်”

၂ လကြာတော့ လယ်သမားကြီးဟာ ဘဏ်ကို ပြန်ရောက်လာတယ်။ စောစောက ဘဏ်အရာရှိနဲ့ ပြန်တွေ့တယ်။ သူဟာ အိတ်ကြီးထဲက ပိုက်ဆံတွေ တစ်ထပ်ကြီးကို ဆွဲထုတ်လိုက်ပြီး အဲဒီထဲက ပိုက်ဆံအချို့ကို ရေတွက်ပြီး ဘဏ်အရာရှိကို ပေးရင်း ခုလို ပြောလိုက်တယ်။

– “အရင်က ချေးထားတဲ့ ငွေတစ်သိန်းနဲ့ အတိုးအတွက်ပါ”

– “ဦးလေးဆီမှာ ငွေတွေအများကြီးပါလား။ သူများ လုမှာ ဓါးပြတိုက်မှာ စိုးရိမ်ရတယ်လေ။ ကျွန်တော်တို့ ဘဏ်မှာ အပ်ထားလိုက်ပါလား”

– “အဲဒီလို အပ်ထားတော့ ငါ့အတွက် ဘာအကျိုးရှိမှာမို့လဲ”

– “ဘဏ်က ဦးလေးရဲ့ ပိုက်ဆံတွေကို ထိန်းသိမ်းထားပေးမယ်လေ။ သူခိုးဓါးပြရန်လည်း ကင်းတယ်။ ဦးလေးက ပုံမှန်အတိုးလည်း ရနေမယ်။ ဦလေး လိုချင်တဲ့ငွေကို အချိန်မရွေး ပြန်ထုတ်ခွင့်လည်း ရှိပါတယ်”

– “မင်းပြောသလိုဆိုရင် မဆိုးဘူးကွ။ ဒါနဲ့ မင်းတို့ဘဏ်မှာ ဘာအပေါင်ပစ္စည်းရှိသလဲ။”
ကျွန်တော်တို့ ဘဏ်တွေမှာ ငွေသိန်းပေါင်းများစွာ အပ်ထားကြတယ်။ ဘယ်သူကများ လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို မေးဖူးကြသလဲ။ စဉ်းစားစရာပါ။
မေးရမှာ 👍👍

အင်တာနက်က စာတစ်ပုဒ်ကို မှီးထားတာပါ။

ဗန်းမော်သိန်းဖေ ၀၂-၀၄-၂၀၁၇

—————–

ေမးခဲ့ဖို႔သင့္တာ…

တေန႔မွာ လယ္သမားအဖိုးႀကီးတစ္ေယာက္ဟာ ဘဏ္ကို ေငြေခ်းဖို႔ ေရာက္လာပါတယ္။ ဘဏ္အရာရွိက သူ႔ကို ေမးလိုက္တယ္။

– “ဦးေလးက ပိုက္ဆံ ဘယ္ေလာက္ ေခ်းခ်င္လို႔လဲ။”

– “တစ္သိန္းပါ”

ဘဏ္အရာရွိဟာ ေငြေခ်းတဲ့ ပုံစံကို သူ႔ကို ထုတ္ေပးရင္း ခုလို ေမးလိုက္ျပန္ပါတယ္။

– “အဲဒီေငြက ဘာအတြက္ သုံးမွာလဲ”

– “ၿမိဳ႕က ပစၥည္းေတြ ဝယ္ၿပီး ႐ြာမွာ အျမတ္နဲ႔ ျပန္ေရာင္းဖို႔ပါ”

– “ဦးေလးမွာ ဘာအေပါင္ပစၥည္း ရွိလဲ”

– “အေပါင္ပစၥည္းဆိုတာ ဘာကို ေျပာတာလဲ”

– “အခု ေခ်းသြားတဲ့ ေငြတစ္သိန္းနဲ႔ ညီမွ်တဲ့ ပစၥည္းတစ္ခုခုေပါ့။ ဦးေလးက ေခ်းထားတဲ့ ေငြကို ျပန္မဆပ္ႏိုင္ရင္ အဲဒီပစၥည္းကို ဘဏ္က သိမ္းယူခြင့္ရွိပါတယ္”

– “ေအာ္၊ ဒီလိုလား။ ငါ့မွာ လက္ထြန္စက္တစ္စီးေတာ့ ရွိတယ္ကြ။ အေဟာင္းေပမယ့္ ေငြတစ္သိန္းမကေတာ့ တန္ပါတယ္”

– “ဟုတ္ကဲ့။ အဲဒါဆို ရပါတယ္။ ဒီစာ႐ြက္ေပၚမွာ လက္မွတ္ထိုးေပးလိုက္ပါ။ ကြၽန္ေတာ္ေငြတစ္သိန္း ထုတ္ေပးလိုက္ပါမယ္။ အခ်ိန္တန္လို႔ ေငြျပန္မဆပ္ႏိုင္ရင္ အေပါင္ပစၥည္းကို သိမ္းမွာေနာ္”

၂ လၾကာေတာ့ လယ္သမားႀကီးဟာ ဘဏ္ကို ျပန္ေရာက္လာတယ္။ ေစာေစာက ဘဏ္အရာရွိနဲ႔ ျပန္ေတြ႕တယ္။ သူဟာ အိတ္ႀကီးထဲက ပိုက္ဆံေတြ တစ္ထပ္ႀကီးကို ဆြဲထုတ္လိုက္ၿပီး အဲဒီထဲက ပိုက္ဆံအခ်ိဳ႕ကို ေရတြက္ၿပီး ဘဏ္အရာရွိကို ေပးရင္း ခုလို ေျပာလိုက္တယ္။

– “အရင္က ေခ်းထားတဲ့ ေငြတစ္သိန္းနဲ႔ အတိုးအတြက္ပါ”

– “ဦးေလးဆီမွာ ေငြေတြအမ်ားႀကီးပါလား။ သူမ်ား လုမွာ ဓါးျပတိုက္မွာ စိုးရိမ္ရတယ္ေလ။ ကြၽန္ေတာ္တို႔ ဘဏ္မွာ အပ္ထားလိုက္ပါလား”

– “အဲဒီလို အပ္ထားေတာ့ ငါ့အတြက္ ဘာအက်ိဳးရွိမွာမို႔လဲ”

– “ဘဏ္က ဦးေလးရဲ႕ ပိုက္ဆံေတြကို ထိန္းသိမ္းထားေပးမယ္ေလ။ သူခိုးဓါးျပရန္လည္း ကင္းတယ္။ ဦးေလးက ပုံမွန္အတိုးလည္း ရေနမယ္။ ဦေလး လိုခ်င္တဲ့ေငြကို အခ်ိန္မေ႐ြး ျပန္ထုတ္ခြင့္လည္း ရွိပါတယ္”

– “မင္းေျပာသလိုဆိုရင္ မဆိုးဘူးကြ။ ဒါနဲ႔ မင္းတို႔ဘဏ္မွာ ဘာအေပါင္ပစၥည္းရွိသလဲ။”
ကြၽန္ေတာ္တို႔ ဘဏ္ေတြမွာ ေငြသိန္းေပါင္းမ်ားစြာ အပ္ထားၾကတယ္။ ဘယ္သူကမ်ား လယ္သမားႀကီးေမးတဲ့ ေမးခြန္းမ်ိဳးကို ဘဏ္ကို ေမးဖူးၾကသလဲ။ စဥ္းစားစရာပါ။
ေမးရမွာ 👍👍

အင္တာနက္က စာတစ္ပုဒ္ကို မွီးထားတာပါ။

ဗန္းေမာ္သိန္းေဖ ၀၂-၀၄-၂၀၁၇