စနေသားသမီးများသည် ဒီကာလတွင် ကံကြမ္မာအပြောင်းအလဲများ ဖြစ်ပေါ်လိမ့်မည်။ ထေ့ငေါ့ကြန့်ကြာနေသောကိစ္စများ၊ ပိတ်ဆို့နေသောလုပ်ငန်းများ ပြေလည်ပွင့်လင်းသွားလိမ့်မည်။ ရပ်ဝေးမှ စာအဆက်အသွယ်၊ အချိတ်အဆက်ကောင်းများနှင့် ချိတ်ဆက်မိလိမ့်မည်။ စာချုပ်စာတမ်းကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ သိုက်ဆက်၊ ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်များ၏ ကူညီမစမှုကို ရရှိလိမ့်မည်။ ပညာရေးနှင့်ပတ်သက်ပြီး သင်တန်းကောင်းများတက်ရောက်ရခြင်း၊ စာမေးပွဲများအောင်မြင်စွာဖြေဆိုနိုင်ခြင်းတို့ ကြုံတွေ့လိမ့်မည်။ အလုပ်အင်တာဗျူးကိစ္စများလည်း အဆင်ပြေပြေနှင့် အောင်မြင်စွာဖြေဆိုနိုင်လိမ့်မည်။ ပြည်ပခရီး၊ နိုင်ငံရပ်ခြားခရီးများလည်း ထွက်ရတတ်သည်။ အိမ်အပြောင်းအရွှေ့၊ အလုပ်အပြောင်းအရွှေ့များ ဖြစ်ပေါ်လိမ့်မည်။ အိုးသစ်အိမ်သစ်များ စတင်ဆောက်လုပ်ရတတ်သည်။ ထူးခြားဆန်းကြယ်သော ဓာတ်ပုံများ၊ ရုပ်ပုံကားချပ်များ ရောက်ရှိလာလိမ့်မည်။ ရာထူးတက်ခြင်း၊ လာဘ်ရွှင်ခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။ ရပ်ဝေးရှိ ဆွေမျိုးမိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ရတတ်သည်။ ကွဲကွာနေသော သူငယ်ချင်းဟောင်းများနှင့် အမှတ်မထင် ပြန်လည်ဆုံဆည်းရတတ်သည်။ ၂၉ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာနိမ့်ကျရတတ်သည်။ မိမိ၏အိမ်ထောင်ဖက် ဖျားနာရတတ်သည်။ ရေနှင့်ပတ်သက်ပြီး စိတ်ညစ်စိတ်သောကရောက်ရတတ်သည်။ သူတစ်ပါးအတွက် ငွေကြေးစိုက်ထုတ်လျော်ရတတ်သည်။ […]
၂၅.၅.၂၀၂၆ မှ ၃၁.၅.၂၀၂၆ အထိ သောကြာသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း
သောကြာသားသမီးများသည် ဒီကာလတွင် လုပ်ငန်းကြီးများကို တာဝန်ယူလုပ်ကိုင်ရတတ်သည်။ အလုပ်နှစ်မျိုးတာဝန်နှစ်မျိုး ပူးတွဲထမ်းဆောင်ရမည့်ကိစ္စများ ကြုံတွေ့ရတတ်သည်။ အမှုအခင်း၊ ရုံးပြင်ကနားတို့နှင့် ပတ်သက်ဆက်နွယ်ရတတ်သည်။ ပြတ်ပြတ်သားသားဆုံးဖြတ်ရမည့်ကိစ္စများ ပေါ်ပေါက်လိမ့်မည်။ အခက်အခဲများရှိသော်လည်း အားလုံးအဆင်ပြေချောမွေ့လိမ့်မည်။ လူချီးမွမ်းခြင်း ခံရတတ်သည်။ အလုပ်အပြောင်းအရွှေ့၊ အိမ်အပြောင်းအရွှေ့များ ကြုံတွေ့လိမ့်မည်။ ခရီးဝေးများ သွားရလိမ့်မည်။ မင်းအစိုးရ၏ ချီးမြှင့်မြှောက်စားခြင်းကို ခံရတတ်သည်။ ငွေကြေးအလုံးအရင်းနှင့် ဝင်ရောက်ရတတ်သည်။ အလှူအတန်းတစ်ခုခု ပြုလုပ်ရလိမ့်မည်။ ဆရာသမား၊ ကြီးကဲသူ၊ ဘာသာရေးနှင့်ပတ်သက်သောပုဂ္ဂိုလ်များ၏ အကူအညီကောင်းပေးမှုကို ရရှိလိမ့်မည်။ ဘုရားဖူးခရီးများလည်း ထွက်ရတတ်သည်။ မိမိအိမ်သို့ ဘာသာရေးနှင့်ပတ်သက်သော အသုံးအဆောင်ပစ္စည်းများ ရောက်ရှိလာရတတ်သည်။ အလုပ်အင်တာဗျူးကိစ္စများ အောင်မြင်လိမ့်မည်။ ၂၉ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာညံ့ရတတ်သည်။ ငွေလိမ်ခံရတတ်သည်။ သတိထားပါ။ တစ်စုံတစ်ယောက်က မိမိ၏ဂုဏ်သိက္ခာကို ညိုးနွမ်းအောင်ပြုလုပ်လာတတ်သည်။ မိမိနေအိမ်၌ မကောင်းသောအညံ့အခိုက်များ ရှိနေတတ်သည်။ ပရိတ်ရေဖြင့် ပက်ဖြန်းလိုက်ပါ။ ခေါင်းကိုက်ဝေဒနာများ […]
၂၅.၅.၂၀၂၆ မှ ၃၁.၅.၂၀၂၆ အထိ ကြာသပတေးသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း
ကြာသပတေးသားသမီးများသည် ဒီကာလတွင် ရှေ့တိုးရခက်နောက်ဆုတ်ရခက် ကျဥ်းထဲကျပ်ထဲအခြေအနေများ ကြုံတွေ့ရတတ်သည်။ လုပ်ငန်းများ၊ ရည်ရွယ်ချက်များ ရှေ့မဆက်နိုင်ဖြစ်ရတတ်သည်။ ခြေထောက်ပိုင်း ထိခိုက်အနာတရရရှိခြင်း၊ ခွဲစိတ်ကုသမှုနှင့်ကြုံတွေ့ရခြင်းတို့ ဖြစ်ပွားရတတ်သည်။ သွေးထွက်သံယိုဖြစ်ရတတ်သည်။ လုပ်ငန်းကိစ္စများ တိုးလိုးတန်းလန်းဖြစ်ရတတ်သည်။ ငွေကြေးလာဘ်လာဘများဝင်သော်လည်း အဖတ်မတင်ဖြစ်ရတတ်သည်။ နေအိမ်အနီး၌ နာရေးကိစ္စများပေါ်ပေါက်ပါက သွားရောက်ခြင်းမပြုပါနှင့်။ လာဘ်ပိတ်ရတတ်၏။ သူတစ်ပါး၏ အကြောင်းမဲ့စွပ်စွဲပြောဆိုခြင်းကို ခံရတတ်သည်။ ကျန်းမာရေးမှာလည်း တစ်ခုပြီးတစ်ခု ညံ့ရတတ်သည်။ ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာလုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန်သွားရတတ်၏။ အလုပ်ထဲ၌ ပြဿနာတစ်စုံတရာဖြစ်ပွားပြီး အလုပ်ပြုတ်မလိုဖြစ်ရတတ်သည်။ ငွေကြေးကိစ္စ၊ ကြွေးကိစ္စများ ဆုံးရှုံးနစ်နာရတတ်သည်။ အလုပ်ထဲ၌ စိတ်မဝင်စားသကဲ့သို့ဖြစ်ပြီး အလုပ်ထွက်ချင်စိတ်များ ပေါ်ပေါက်နေရတတ်သည်။ မိမိထက်ကြီးသောသူများနှင့် စကားများရန်အတိုက်အခံ ဖြစ်ရတတ်သည်။ ၂၈ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာအခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့လိမ့်မည်။ လုပ်ငန်းအကြံအစည်သစ်များလည်း ပေါ်ထွက်လိမ့်မည်။ ငွေကြေးရှာဖွေရ လွယ်ကူလိမ့်မည်။ စက်ပစ္စည်းများ ဝင်ရောက်လိမ့်မည်။ ပညာရပ်ထူးများ သင်ယူသင်ကြားရတတ်သည်။ […]
နောက် ၇၂နာရီအတွင်း မိုးရြာနိုင္ေသာေဒသမ်ား
နောက် ၇၂နာရီအတွင်း ချောက်ခရိုင်၊ ညောင်ဦးခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်၊ ဂန့်ဂေါခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်တွေမှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ နေရာအနှံ့ မိုးတွေ နောက်၇၂နာရီအတွင်း ရွာလာပါလိမ့်မယ်။ မိုးရွာရင် ပြန်ပြောပေးကြဦးနော်။ မိုးသက်လေပြင်းလဲ အထူးသတိပြုပါရန်။ 29-05-2026/2:30PM Data Soure;GFS/GEM/ICON/UKMO/ECMWF/JMA Dr. Sai Khun Arkar Professional Research Meteorologist
နာမည်ကျော် လူရွှင်တော်အဖွဲ့ သီးလေးသီးထဲက လူရွှင်တော် ပန်းသီး ကွယ်လွန်
နာမည်ကျော် လူရွှင်တော်အဖွဲ့ သီးလေးသီးထဲက လူရွှင်တော် ပန်းသီး ကွယ်လွန် ဇာဂနာဦးဆောင်ခဲ့သည့် နာမည်ကျော် လူရွှင်တော်အဖွဲ့ သီးလေးသီးထဲက လူရွှင်တော် ပန်းသီး ကွယ်လွန်သွားပြီဖြစ်ကြောင်း လူရွှင်တော်အသိုင်းအဝိုင်းက ဆိုသည်။ သူရဲကြီး လေးကောင် လူရွှင်တော်အဖွဲ့ဝင်ဖြစ်ခဲ့သည့် လူရွှင်တော်/သရုပ်ဆောင် ငှက်ပျောကြော်က ပန်းသီး ခေါ် အမည်ရင်း ဦးမျိုးဇော် ကွယ်လွန်ပြီဟု ငှက်ပျောကြော်က ၎င်း၏ လူမှုကွန်ရက်ကတစ်ဆင့် ယခု မိနစ်ပိုင်းအတွင်း အသိပေးထားသည်။ “လူရွှင်တော်ပန်းသီး(မျိုးဇော်)ကောင်းရာသုဂတိလားပါစေကွာ။ စိတ်မကောင်ခြင်းများစွာဖြစ်ရပါတယ်” ဟု ငှက်ပျောကြော်က ရေးသားပြောဆိုထားသည်။ ကောင်းရာသုဂတိလားပါစေရှင် မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်
ရွှေဈေး ဆက်တိုက်ထိုးကျနေပြီ! အတက်ကြမ်းခဲ့တဲ့ ရွှေဈေး ဒီနေ့တော့ ဇောက်ထိုး ပြုတ်ကျသွားပြီ ….
ဒီနေ့ (မေလ ၂၈ ရက်) ညနေခင်းမှာတော့ ကမ္ဘာ့ရွှေဈေးရော ပြည်တွင်းရွှေဈေးပါ အကျဘက်မှာပဲ ဆက်လက်ပြီး အရှိန်အဟုန်နဲ့ ထိုးကျနေတာကို တွေ့ရပါတယ်။ အခေါက်ရွှေဈေးဟာ မနက်ပိုင်းထက်စာရင် ညနေပိုင်းမှာ ထပ်မံကျဆင်းလာပါတယ်။ ‼️ ယနေ့ ညနေ နောက်ဆုံးရရှိထားတဲ့ ဈေးနှုန်းများ – 🌍 ကမ္ဘာ့ရွှေဈေး (World Gold Market) ♦️ ၁ အောင်စ (1 oz): $4,382.72 (ဒီနေ့မနက် $4,405.06 ထက် -$22.34 ထပ်မံကျဆင်း) ♦️ ၁ ကျပ်သား (1 Kyatthar): $2,337.45 (-$11.91 ထပ်ကျ) 🇲🇲 မြန်မာ့ရွှေဈေး (Myanmar Gold Market) ♦️ ပြည်တွင်းဈေးကွက်မှာတော့ ဒီနေ့မနက်ခင်းကဖွင့်ခဲ့တဲ့ အကျဈေးထက်စာရင်တောင် […]
ရွှေမန်းသူလေး ရဲ့ လက်ကိုဆွဲပြီး ရွှေမန်းသူ သီချင်းနဲ့ ဖျော်ဖြေခဲ့တဲ့ ထွန်းထွန်း video
ရွှေမန်းသူလေး ရဲ့ လက်ကိုဆွဲပြီး ရွှေမန်းသူ သီချင်းနဲ့ ဖျော်ဖြေခဲ့တဲ့ ထွန်းထွန်း မင်္ဂလာပွဲတွင်း ဖျော်ဖြေမှု: ထွန်းထွန်းသည် ၎င်း၏ကိုယ်ပိုင်သီချင်းဖြစ်သည့် “ရွှေမန်းသူ” သီချင်းကို မင်္ဂလာပွဲစင်မြင့်ထက်တွင် ကိုယ်တိုင်သီဆိုပြီး မန္တလေးသူ (ရွှေမန်းသူလေး) ဖြစ်သည့် ဇနီးသည် အေးငြိမ်းသူ၏ လက်ကိုဆွဲကာ အမှတ်တရ ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။တိုက်ဆိုင်မှု: ထွန်းထွန်းက ၎င်းအနေဖြင့် “ရွှေမန်းသူ” သီချင်းကို ဇနီးဖြစ်သူနှင့် မတွေ့ဆုံခင်ကတည်းက သီဆိုခဲ့ခြင်းဖြစ်ပြီး ယခုလို ရွှေမန်းသူလေးနှင့် အမှန်တကယ် လက်ထပ်ခွင့်ရရှိခဲ့ခြင်းမှာ ထူးခြားသည့် တိုက်ဆိုင်မှုတစ်ခုဖြစ်ကြောင်းလည်း ပြောကြားထားသည်။ ရွှေမန်းသူလေး ရဲ့ လက်ကိုဆွဲပြီး ရွှေမန်းသူ သီချင်းနဲ့ ဖျော်ဖြေခဲ့တဲ့ ထွန်းထွန်း
၂၅.၅.၂၀၂၆ မှ ၃၁.၅.၂၀၂၆ အထိ ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း
ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများသည် ဒီကာလတွင် တစ်ယောက်ယောက်၏ အကျပ်ကိုင်ဒုက္ခပေးခြင်းကို ခံရတတ်သည်။ အောက်လမ်းပယောဂဖြင့် ပြုစားထားသကဲ့သို့ စိတ်တွင်ခံစားရတတ်သည်။ ဆရာဝန်ထံသွားပြသော်လည်း ရောဂါလက္ခဏာရယ်လို့မရှိဘဲ ကျန်းမာရေးညံ့သကဲ့သို့ ဖြစ်နေရတတ်သည်။ မိမိမလုပ်ချင်သောအလုပ်များကို စိတ်မပါစွာဖြင့် လုပ်ကိုင်နေရတတ်သည်။ အမှုအခင်း၊ ရုံးပြင်ကနားတို့နှင့် ပတ်သက်ရတတ်သည်။ ခွေး၊ ကြောင်စသော တိရစ္ဆာန်များကြောင့် စိတ်ညစ်ရတတ်သည်။ သူတစ်ပါးကိစ္စများ၌ အာမခံမိ၍ စိတ်သောကရောက်ရတတ်သည်။ အစာမှားခြင်း၊ အစာအဆိပ်သင့်ခြင်းများ ဖြစ်ပွားရတတ်သည်။ သူတစ်ပါး၏ မဟုတ်မမှန်စွပ်စွဲခြင်းကို ခံရတတ်သည်။ မိမိလုပ်ငန်း၌ ရန်အတိုက်အခံများ ပေါ်ပေါက်ရတတ်သည်။ သည်းခံလိုက်ပါ။ အမွေကိစ္စတို့အတွက် စကားအတိုက်အခံပြောဆိုရတတ်သည်။ ခြေလက်ခိုက်မိ၍ သွေးထွက်သံယိုဖြစ်ရတတ်သည်။ သတိထားပါ။ လုပ်သမျှကိုင်သမျှ အလွဲလွဲအချော်ချော် ဖြစ်နေရတတ်သည်။ ၂၉ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာအခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့ရပါလိမ့်မည်။ စပ်တူလုပ်ငန်းများလုပ်ကိုင်ဖို့ ကမ်းလှမ်းခံရတတ်သည်။ မိမိထက် အသက်ဂုဏ်သိက္ခာကြီးသူများ၏ အကူအညီပေးမှုကို ရရှိလိမ့်မည်။ စိတ်ချမ်းသာစရာများ ဆက်တိုက်တွေ့ကြုံလိမ့်မည်။ […]
၂၅.၅.၂၀၂၆ မှ ၃၁.၅.၂၀၂၆ အထိ အင်္ဂါသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း
အင်္ဂါသားသမီးများသည် ဒီကာလတွင် နာမည်ဂုဏ်သတင်းတိုးတက်ခြင်း၊ သြဇာအရှိန်အဝါကြီးမားခြင်းတို့ ဖြစ်ပေါ်ရတတ်သည်။ ဝန်ထမ်းများဖြစ်ပါက ရာထူးလစာအခွင့်အရေးများ တိုးတက်ရရှိရတတ်သည်။ ပျော်ရွှင်ဖွယ်ရာခရီးများ သွားရတတ်သည်။ မိမိအတွက် အကျိုးရှိသောခရီးများလည်း သွားရလိမ့်မည်။ ရပ်ဝေးမှ သတင်းကောင်း၊ ဧည့်သည်ကောင်းများ ရောက်ရှိလာရတတ်သည်။ ကား၊ စက်ဘီး၊ ဆိုင်ကယ်စသော ယာဥ်တစ်မျိုးမျိုးဝင်လိမ့်မည်။ ပညာရေးပိုင်းတွင် ထူးချွန်မှုများနှင့် ကြုံတွေ့လိမ့်မည်။ ဆရာကောင်းသမားကောင်းများနှင့် တွေ့ကြုံသင်ကြားခွင့် ရရှိရတတ်သည်။ စပ်တူစပ်ဖက်လုပ်ငန်းများ လုပ်ကိုင်ရကာ အောင်မြင်မှုများလည်းရရှိလိမ့်မည်။ အိမ်ထောင်ရေးတွင် နှစ်ဦးသဘောတူ သာယာချမ်းမြေ့သောအိမ်ထောင်ရေးကို ပိုင်ဆိုင်ရတတ်သည်။ မိမိ၏ လုပ်ငန်းကိုင်ငန်းများ တိုးတက်အောင်မြင်မှုများနှင့် ကြုံတွေ့လိမ့်မည်။ မျှော်လင့်မထားသူများထံမှ အကူအညီကောင်းများ ရရှိရတတ်သည်။ ပြည်ပခရီး၊ ရပ်ဝေးခရီးများ သွားရတတ်သည်။ ၂၉ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံကြမ္မာနိမ့်ကျရတတ်သည်။ ငွေ ကြေးဆုံးရှုံးမှုများ ကြုံတွေ့လိမ့်မည်။ ဆွေမျိုးများကိုအကြောင်းပြုပြီး လင်မယားစိတ်ဆိုးစိတ်ကောက် ဖြစ်ရတတ်သည်။ ထိတ်လန့်ချောက်ခြားစရာကောင်းသော အိပ်မက်ဆိုးများ […]
မိုးကြီးမည်
မိုးကြီးမည် 🌧 လာမယ့် မေလ ၂၉ရက်မှ ဇွန်လ ၆ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းထဲက ပဲခူးခရိုင်၊ မွန်ကမ်းရိုးတန်းဒေသများ၊ တနင်္သာရီ ကမ်းရိုးတန်းဒေသတွေနဲ့ ကျွန်းစု ကျွန်းငယ်လေးတွေမှာ မိုးကြီးပါမယ်။ မိုးများပါမယ်။ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး ၎င်းအရှိန်ကြောင့် မုတ်သုံလေ အားကောင်းလာမယ့် အခြေအနေမို့ ပင်လယ်ကမ်းခြေ မထွက်သင့်တဲ့ရက် ဖြစ်ပါတယ်။ လှိုင်းကြီးပါမယ်နော်။ 26-05-2026/6:00PM Data Soure;GEM/GFS/JMA/ICON/UKMO/ECMWF/USAI Dr. Sai Khun Arkar Professional Research Meteorologist Atmospheric Scientist









