News

ရွှေဈေး ဆက်တိုက်ထိုးကျနေပြီ! အတက်ကြမ်းခဲ့တဲ့ ရွှေဈေး ဒီနေ့တော့ ဇောက်ထိုး ပြုတ်ကျသွားပြီ ….

ဒီနေ့ (မေလ ၂၈ ရက်) ညနေခင်းမှာတော့ ကမ္ဘာ့ရွှေဈေးရော ပြည်တွင်းရွှေဈေးပါ အကျဘက်မှာပဲ ဆက်လက်ပြီး အရှိန်အဟုန်နဲ့ ထိုးကျနေတာကို တွေ့ရပါတယ်။

အခေါက်ရွှေဈေးဟာ မနက်ပိုင်းထက်စာရင် ညနေပိုင်းမှာ ထပ်မံကျဆင်းလာပါတယ်။
‼️ ယနေ့ ညနေ နောက်ဆုံးရရှိထားတဲ့ ဈေးနှုန်းများ –

🌍 ကမ္ဘာ့ရွှေဈေး (World Gold Market)
♦️ ၁ အောင်စ (1 oz): $4,382.72 (ဒီနေ့မနက် $4,405.06 ထက် -$22.34 ထပ်မံကျဆင်း)
♦️ ၁ ကျပ်သား (1 Kyatthar): $2,337.45 (-$11.91 ထပ်ကျ)

🇲🇲 မြန်မာ့ရွှေဈေး (Myanmar Gold Market)
♦️ ပြည်တွင်းဈေးကွက်မှာတော့ ဒီနေ့မနက်ခင်းကဖွင့်ခဲ့တဲ့ အကျဈေးထက်စာရင်တောင် အမျိုးအစားအားလုံး ဈေး ထပ်မံ ကျဆင်းလာပြီး ရောင်းဈေးရော ဝယ်ဈေးပါ သိသိသာသာ အေးသွားပါတယ်။

✅ ၁၆ ပဲရည် (အခေါက်ရွှေ):
ဝယ်ဈေး: ၉,၉၅၀,၀၀၀ MMK
ရောင်းဈေး: ၁၀,၀၅၀,၀၀၀ MMK (ဒီနေ့မနက် ထက် -၃၀,၀၀၀ ကျ)
✅ ၁၅ ပဲရည်:
ဝယ်ဈေး: ၉,၃၆၀,၀၀၀ MMK
ရောင်းဈေး: ၉,၄၆၀,၀၀၀ MMK (ဒီနေ့မနက် ၉,၄၉၀,၀၀၀ ထက် -၃၀,၀၀၀ ကျ)
✅ New ၁၆ ပဲရည်:
ဝယ်ဈေး: ၉,၇၈၀,၀၀၀ MMK
ရောင်းဈေး: ၉,၈၈၀,၀၀၀ MMK (ဒီနေ့မနက် ၉,၉၁၀,၀၀၀ ထက် -၃၀,၀၀၀ ကျ)
♦️ ဒီနေ့ညနေခင်းမှာတော့ ကမ္ဘာ့ရွှေဈေး $4,382 အထိ ဒေါ်လာ ၄,၄၀၀ အောက်ကိုပါ လျှောကျသွားတာကြောင့် ပြည်တွင်းရွှေဈေးကလည်း ညနေဈေးပိတ်ခါနီးအထိ အကျဘက်ကိုပဲ ဆက်လက်ဦးတည်သွားတာ ဖြစ်ပါတယ်။
✅ မနေ့က (မေ ၂၇) နံနက်ပိုင်း ရောင်းဈေး (၁၀,၂၃၀,၀၀၀) ကျပ်နဲ့ နှိုင်းယှဉ်ရင်တော့ ၂၄ နာရီကျော်အတွင်းမှာတင် တစ်ကျပ်သားကို ကျပ် (၁ သိန်း ၈ သောင်း) တိတိ ပြန်လည်ကျဆင်းသွားတဲ့ အနေအထား ဖြစ်ပါတယ်။
📌ရွှေဝယ်ယူစုဆောင်းဖို့ စောင့်ဆိုင်းနေသူတွေအတွက်တော့ တကယ့်ကို အကြိုက်တွေ့စေမယ့် အခွင့်အရေးရက်တွေ ဖြစ်လာပါတယ်။
⚠️ သတိပြုရန် – ဤဈေးနှုန်းများသည် ပြင်ပဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။
2026.✍🏾 Lin Aung

Leave a Reply

Your email address will not be published. Required fields are marked *