မေ ၁၉ ၊ ၂၀၂၄ (တနင်္ဂနွေနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 4010 – 4050
ဥရောပယူရို 4370 – 4460
ဗြိတိသျှစတာလင်ပေါင် 4970 – 5080
သြစတြေးလျဒေါ်လာ 2640 – 2720
ဂျပန်ယန်း 25.35 – 25.95
တောင်ကိုရီးယားဝမ် 2.90 – 2.99
အိန္ဒိယရူပီး 47.70 – 48.80
စင်ကာပူဒေါ်လာ 2940 – 2990
မလေးရှားရင်းဂစ် 840 – 860
တရုတ်ယွမ် 545 – 560
ထိုင်းဘတ် 109.30 – 111.70
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 5030,000 – 5050,000 ဝန်းကျင် ဖြစ်ပြီး ၁၅ ပဲရည်ဈေးမှာ ကျပ် 4740,000 ခန့် ဖြစ်သည်
ယမန်နေ့ (စနေနေ့) က ပြင်ပရွှေဈေးသည် ကျပ် 5000,000 – 5010,000 ဝန်းကျင်ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက် 5035,000 – 5045,000 သို့ မြင့်တက်ကာ ညနေပိုင်းတွင် 5050,000 ကျပ်ဖြင့် အရောင်းပိတ်ခဲ့သည်။
ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က သတ်မှတ်ရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ကမ္ဘာ့ရွှေ အပိတ်ဈေးမှာ တစ်အောင်စလျှင် 2414 ဒေါ်လာ ဖြစ်သည်။ (ယခုသတင်းကို တစ်ဆင့် ကူးယူဖော်ပြခွင့် မပြုပါ)
ပြီးခဲ့သော တစ်ပတ်တာအတွင်း ကမ္ဘာ့ရွှေဈေးသည် ယခင်အမြင့်ဆုံးစံချိန်ဟောင်း ဖြစ်သော 2431 ဒေါ်လာဝန်းကျင်သို့ ပြန်လည် ချဉ်းကပ်လာပြီး ပြည်တွင်းရွှေဈေးသည်လည်း ဒေါ်လာဈေး 4000 ကျော်အထိ တက်သည့်အရှိန်ကြောင့် တစ်ကျပ်သားလျှင် ကျပ် သိန်း 50 ကျော်ဖြင့် စံချိန်သစ် တင်ခဲ့သည်။