News

Dollar price for today (27.3.2024) Wednesday, Gold prices and foreign exchange rates

မတ်လ ၂၇ ၊ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3730 – 3810
ဥရောပယူရို 4120 – 4220

ဗြိတိသျှစတာလင်ပေါင် 4680 – 4790
သြစတြေးလျဒေါ်လာ 2455 – 2505
ဂျပန်ယန်း 24.70 – 25.30

တောင်ကိုရီးယားဝမ် 2.80 – 2.85
အိန္ဒိယရူပီး 45.00 – 46.00

စင်ကာပူဒေါ်လာ 2720 – 2780
မလေးရှားရင်းဂစ် 795 – 810
တရုတ်ယွမ် 510 – 525
ထိုင်းဘတ် 103.05 – 105.30

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4320,000 – 4340,000 ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 4080,000 ခန့် ဖြစ်သည်

ယမန်နေ့ (အင်္ဂါနေ့) က ပြင်ပရွှေဈေးသည် ကျပ် 4280,000 – 4310,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4315,000 – 4320,000 မှ 4340,000 – 4345,000 အထိ ဆက်တိုက် မြင့်တက်ကာ စံချိန်သစ်ကို ရောက်ရှိခဲ့ပြန်သည်။

ယနေ့သည် တပ်မတော်နေ့ (အများပြည်သူအားလပ်ရက်) ဖြစ်သောကြောင့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က သတ်မှတ်ရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ယနေ့ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2176 ဒေါ်လာ ဖြစ်သည်။

ပြင်ပရွှေဝယ်ရောင်း လုပ်သူများနှင့် ရွှေဆိုင်များအားလုံးကို YGEA သတ်မှတ်ဈေးအောက် ရောင်းဝယ်ကြရန်နှင့် ထိုသို့ မလုပ်နိုင်ပါက အရောင်းအဝယ် ရပ်ထားကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က သတိပေးထားသည်။

ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။