မတ်လ ၂၈ ၊ ၂၀၂၄ (ကြာသပတေးနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3730 – 3840
ဥရောပယူရို 4145 – 4235
ဗြိတိသျှစတာလင်ပေါင် 4710 – 4810
သြစတြေးလျဒေါ်လာ 2465 – 2520
ဂျပန်ယန်း 24.90 – 25.45
တောင်ကိုရီးယားဝမ် 2.80 – 2.85
အိန္ဒိယရူပီး 45.25 – 46.20
စင်ကာပူဒေါ်လာ 2740 – 2790
မလေးရှားရင်းဂစ် 795 – 810
တရုတ်ယွမ် 515 – 530
ထိုင်းဘတ် 103.50 – 105.80
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4355,000 – 4375,000 ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 4110,000 ခန့် ဖြစ်သည်။
ယမန်နေ့ (ဗုဒ္ဓဟူးနေ့) က ရွှေဈေးသည် ကျပ် 4320,000 – 4340,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4370,000 – 4380,000 သို့ ဆက်တက်လာပြီး ညနေပိုင်းတွင် 4380,000 – 4385,000 ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့သည်
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3798,800 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2195 ဒေါ်လာခန့် ဖြစ်သည်။
ပြင်ပရွှေဝယ်ရောင်း လုပ်သူများနှင့် ရွှေဆိုင်များအားလုံးကို YGEA သတ်မှတ်ဈေးအောက် ရောင်းဝယ်ကြရန်နှင့် ထိုသို့ မလုပ်နိုင်ပါက အရောင်းအဝယ် ရပ်ထားကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က သတိပေးထားသည်။
ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။