News

Dollar price for today Friday (29.3.2024) Gold prices and foreign exchange rates

မတ်လ ၂၉ ၊ ၂၀၂၄ (သောကြာနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3780 – 3860
ဥရောပယူရို 4145 – 4235

ဗြိတိသျှစတာလင်ပေါင် 47100 – 4810
သြစတြေးလျဒေါ်လာ 2465 – 2525
ဂျပန်ယန်း 24.95 – 25.55

တောင်ကိုရီးယားဝမ် 2.82 – 2.87
အိန္ဒိယရူပီး 45.45 – 46.40
စင်ကာပူဒေါ်လာ 2760 – 2820

မလေးရှားရင်းဂစ် 860 – 875
တရုတ်ယွမ် 510 – 530
ထိုင်းဘတ် 103.60 – 105.80

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4390,000 – 4410,000 ဖြင့် ဈေးစဖွင့်ပြီး နေ့ခင်းပိုင်းတွင် 4415,000 – 4425,000 မှ 4430,000 – 4440,000 သို့လည်းကောင်း 4490,000 – 4500,000 သို့ လည်းကောင်း ဆက်တိုက် မြင့်တက်နေသည်။ ၁၅ ပဲရည်ဈေးမှာ 4230,000 ကျပ်ခန့် ဖြစ်သည်။

ယမန်နေ့ (ကြာသပတေးနေ့) က ရွှေဈေးသည် ကျပ် 4320,000 – 4340,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4370,000 – 4390,000 သို့ ဆက်တက်လာပြီး ညနေပိုင်းတွင် 4395,000 – 4400,000 ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့သည်

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3811,000 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2233 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာရွှေဈေး စံချိန်သစ်နှင့် မြင့်လာ၍ YGEA ရွှေဈေး ၃၈ သိန်းကျော် ဖြစ်လာသည်)

ပြင်ပရွှေဝယ်ရောင်း လုပ်သူများနှင့် ရွှေဆိုင်များအားလုံးကို YGEA သတ်မှတ်ဈေးအောက် ရောင်းဝယ်ကြရန်နှင့် ထိုသို့ မလုပ်နိုင်ပါက အရောင်းအဝယ် ရပ်ထားကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က သတိပေးထားသည်။

ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။