News

Dollar price for today Saturday (30.3.2024) Gold prices and foreign exchange rates

မတ်လ ၃၀ ၊ ၂၀၂၄ (စနေနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3800 – 3880
ဥရောပယူရို 4190 – 4320

ဗြိတိသျှစတာလင်ပေါင် 4760 – 4920
သြစတြေးလျဒေါ်လာ 2490 – 2570
ဂျပန်ယန်း 25.10 – 25.90

တောင်ကိုရီးယားဝမ် 2.83 – 2.93
အိန္ဒိယရူပီး 45.70 – 47.20

စင်ကာပူဒေါ်လာ 2770 – 2860
မလေးရှားရင်းဂစ် 870 – 890
တရုတ်ယွမ် 515 – 535
ထိုင်းဘတ် 104.70 – 108.10

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4510,000 – 4530,000 ဖြင့် ဈေးစဖွင့်ထားပြီး နေ့ခင်းပိုင်းတွင် 4505,000 – 4535,000 ဈေး ရှိနေသည်။ ၁၅ ပဲရည်ဈေးမှာ 4260,000 ကျပ်ခန့် ဖြစ်သည်

ယမန်နေ့ (သောကြာနေ့) က ရွှေဈေးသည် ကျပ် 4390,000 – 4410,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4430,000 – 4440,000 သို့ ဆက်တက်လာပြီး ညနေပိုင်းတွင် 4490,000 – 4500,000 သို့ စံချိန်တင် မြင့်တက်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3834,800 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2233 ဒေါ်လာခန့် ဖြစ်သည်။

ရွှေဆိုင်များနှင့် ပြည်သူများအနေဖြင့် YGEA က ထုတ်ပြန်သော ဈေးနှုန်းနှင့်သာ ရောင်းဝယ်ကြရန် အသိပေးထားပြီး ဈေးနှုန်း ကမောက်ကမ ဖြစ်အောင် လုပ်ရာ၌ ပါဝင်ပတ်သက်မှု မရှိရန်လည်း YGEA က အသိပေးထားသည်။ ထို့အပြင် ဈေးကွက်အတွင်း မသမာမှုများကို သက်ဆိုင်ရာသို့ သတင်းပေးပို့သွားမည်ဟု ယနေ့ ကြေညာထားသည်။

ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။