News

Dollar price for today Sunday (31.3.2024) Gold prices and foreign exchange rates

မတ်လ ၃၁ ၊ ၂၀၂၄ (တနင်္ဂနွေနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 3820 – 3890
ဥရောပယူရို 4130 – 4220

ဗြိတိသျှစတာလင်ပေါင် 4680 – 4790
သြစတြေးလျဒေါ်လာ 2455 – 2515
ဂျပန်ယန်း 24.80 – 25.30

တောင်ကိုရီးယားဝမ် 2.80 – 2.85
အိန္ဒိယရူပီး 45.00 – 46.00
စင်ကာပူဒေါ်လာ 2770 – 2830

မလေးရှားရင်းဂစ် 860 – 870
တရုတ်ယွမ် 515 – 525
ထိုင်းဘတ် 103.10 – 105.30

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4480,000 – 4510,000 ဖြင့် ဈေးစဖွင့်ထားပြီး ၁၅ ပဲရည်ဈေးမှာ 4240,000 ကျပ်ခန့် ဖြစ်သည်။

ယမန်နေ့ (စနေနေ့) က ရွှေဈေးသည် ကျပ် 4510,000 – 4530,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4 ညနေပိုင်းတွင် 4495,000 – 4525,000 မှ 4480,000 – 4510,000 သို့ ပြန်လည် ကျဆင်းသွားသည်။

ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ယမန်နေ့အထိ ကမ္ဘာ့ရွှေ အပိတ်ဈေးမှာ တစ်အောင်စလျှင် 2233 ဒေါ်လာ ဖြစ်ပြီး YGEA ရွှေဈေးမှာ ကျပ် 3834,800 ဖြစ်သည်။

YGEA အသင်းက ၎င်းတို့၏ သတ်မှတ်ရွှေဈေးနှုန်းနှင့်သာ ရောင်းဝယ်ကြရန် ရန်ကုန်မြို့ရှိ ရွှေဆိုင်များနှင့် ပြည်သူများကို တိုက်တွန်းထားပြီး လေပတ်ကားရောင်းဝယ်နေသူများကို တာဝန်ရှိအဖွဲ့အစည်းများက ခေါ်ယူ စစ်ဆေးနေသည်ဟု သတင်း ထုတ်ပြန်ထားသည်။

ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။