နဝမမြောက် ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စံကျောင်းချ မင်္ဂလာပြုလုပ်နေသည့်ပုံရိပ်များ
ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊ နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်ကြီး)သည် မေ (၂၅) ရက်ည (၁၁) နာရီ (၁၁) မိနစ်က ဘဝနတ္ထံပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စံကျောင်းချမင်္ဂလာပြုလုပ်ခဲ့ကြပြီးနောက် အန္တိမဈာပန အခမ်းအနားကျင်းပရန် ဗန်းမော်ဆရာတော်ကြီး၏ တပည့်သားသံဃာတော်များနှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
ဗန်းမော်ဆရာတော်ကြီးသည် ကျန်းမာရေးအနည်းငယ်ချို့ယွင်းနေသဖြင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဗန်ကောက်ဆေးရုံကြီး၌ ဆေးကုသမှုခံယူပြီးနောက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်တွင် ပြန်လည်သီတင်းသုံးနေတော်မူရာမှ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ် သည်။