News

တစ်နှစ်နီးပါးအတွင်း အောက်တိုဘာလထဲမှာ ကမ္ဘာ့ရွှေဈေး အများဆုံး မြင့်တက်လာ….

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးသတင်းတွေထက် ဗဟိုဘဏ်တွေရဲ့မူဝါဒ အပြောင်းအလဲကို ပြန်အာရုံစိုက်လာတဲ့အတွက် ကမ္ဘာ့ရွှေဈေး ပြန်အေးသွားပြီး

တစ်အောင်စကို ၁၉၉၂ ဒေါ်လာဝန်းကျင် ရှိနေပါတယ်။ (ဒေါ်လာ ၂၀၀၀ ဈေးတန်းအောက် ပြန်ကျသွားတာ ဖြစ်ပါတယ်)

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က အစ္စရေး-ဟားမတ်စ် ပဋိပက္ခ မဖြစ်ခင်မှာ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်အောင်စကို ၁၈၀၉ ဒေါ်လာခန့်သာ ရှိခဲ့ရာက

ဒီလထဲမှာ ၈ % ခုန်တက်ပြီး ဒေါ်လာ ၂၀၀၀ ဈေးကို ဖြတ်ကျော်ခဲ့တာကြောင့် မနှစ်က နိုဝင်ဘာလနောက်ပိုင်း ဈေးအတက်ဆုံးလ ဖြစ်နေပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ ရွှေဈေး တက်မယ့်အလားအလာ ရှိနေဆဲ ဖြစ်တာကြောင့် လတ်တလော ရွှေဈေးအကျတိုင်းမှာ ဝယ်ယူကြဖို့ ရွှေဈေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေး အတက်ကြမ်းလာချိန်မှာ ပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၃၄၇၀,၀၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။ ရန်ကုန်ရွှေအသင်း YGEA က ထုတ်ပြန်တဲ့ရွှေဈေးကလည်း ကျပ် ၃၁ သိန်း ကျော်မှာ ရှိနေပြီး သီတင်းကျွတ်ပိတ်ရက်အပြီးမှာ ရွှေဈေး ခပ်မာမာ ဖြစ်နေတော တွေ့ရပါတယ်။