News

မယ်တော်ဟောင်စုဆိုတဲ့ နာမည်ကြောင့် ပွဲဖြစ်နေတဲ့ ဖြူဖြူထွေး

ပရိသတ်တွေကြားမှာ နာမည်အကြီးဆုံး အွန်လိုင်းဆယ်လီဖြူဖြူထွေးကတော့ မကြာသေးခင်က ကြော်ငြာအသစ်လေးတခုကို ချပြလာခဲ့တာဖြစ်ပြီး

အစပိုင်းမှာတော့ ကလေးသရုပ်ဆောင် ခန့်ကျော်ကို လက်တွဲခေါ်ပေးခဲ့တဲ့ စိတ်ထားလေးကြောင့် ချီးကျူးခံခဲ့ရတာပါ။

ဒါပေမဲ့လည်း ဖြူဖြူထွေးရဲ့ဗွီဒီယိုထဲက မယ်တော်ဟောင်စုဆိုတဲ့ ကာရိုက်တာဟာ ပန်းပန်တဲ့ပုံ ၊ ပုဝါခြုံတဲ့ပုံနဲ့

ဘော်ဒီဂတ် ၂ ယောက် အနောက်ကလိုက်တဲ့ပုံတွေအပါအဝင် ဗွီဒီယိုထဲမှာ ၇၉ ဆိုတဲ့ ဂဏန်းတွေကိုပါ ဇာတ်ညွှန်းထဲထည့်သွင်းရိုက်ကူးထားခဲ့တာကြောင့် တချို့သောသူတွေဟာ ဖြူဖြူထွေးရဲ့ဗွီဒီယိုက သ yaw တဲ့ ဗွီဒီယိုဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးနေခဲ့ကြတာပါ။

ဖြူဖြူထွေးကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး မယ်တော်ဟောင်စုဆိုတဲ့ ကာရိုက်တာဟာ သူ လက်ခံရိုက်ကူးပေးထားတဲ့ ဟောင်စု ပရုတ်ဆီရဲ့နာမည်သာဖြစ်တဲ့အကြောင်းနဲ့ ဟောင်ဆိုတဲ့

စကားလုံးဟာ တရုတ်ဘာသာအရ “ကောင်းမွန်ခြင်း”ဖြစ်လို့ ကောင်းခြင်းတွေ စုစည်းထားတဲ့ အဓိပ္ပာယ် ‘ဟောင်စု’ဆိုတဲ့သဘောသာဖြစ်တဲ့အကြောင်း ပြန်လည်ရှင်းပြထားခဲ့တာလည်း ဖြစ်ပါတယ်။
ပရိသတ်များအမြင်မှာရော ဘယ်လိုထင်လဲလို့ ပြောခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *