ဒီနေ့ နှောင်းပိုင်းမှာ ထွက်ပေါ်လာမယ့် အမေရိကန်ဗဟိုဘဏ်ရဲ့အစည်းအဝေးမှတ်တမ်းကို စောင့်နေချိန်မှာပဲ ကမ္ဘာ့ရွှေဈေးဟာ နှစ်ပတ်တာ အနိမ့်ဆုံးကို တဟုန်ထိုး ကျဆင်းသွားပါတယ်။
စက်တင်ဘာ ၂၆ ရက်က တစ်အောင်စကို ၂၆၈၅ ဒေါ်လာအထိ စံချိန်တင် မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ အခု အောက်တိုဘာ ၉ ရက်မှာတော့ တစ်အောင်စကို ၂၆၁၁ ဒေါ်လာအထိ ထိုးကျနေပါတယ်။
ကမ္ဘာ့ရွှေဈေး တရကြမ်း ပြုတ်ကျနေချိန်မှာ ဆန့်ကျင်ဘက် ဖြစ်တဲ့ အမေရိကန်ဒေါ်လာကတော့ နှစ်လအတွင်း အမြင့်ဆုံးကို ရောက်လာပြီး
ဒေါ်လာအတက်မှာ ဒေါ်လာနဲ့ ဈေးဖြတ်တဲ့ရွှေကို ဝယ်လိုအား နည်းသွားပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လာမယ့် အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်းနဲ့ အမေရိကရဲ့ စာသုံးသူညွှန်းကိန်း၊ ကုန်ထုတ်လုပ်မှုညွှန်းကိန်းတွေကိုလည်း စောင့်ကြည့်နေကြပါတယ်။
အခုလို ကမ္ဘာ့ရွှေဈေး တဟုန်ထိုး ခုန်ဆင်းလာပေမဲ့ မြန်မာပြည်တွင်းက ရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၆၃ သိန်းနဲ့ ၆၄ သိန်းကြားမှာပဲ အတက်အကျ ဆက်ဖြစ်နေပြီး ဒေါ်လာဈေးလည်း ငြိမ်သက်နေပါတယ်။ Ref: Reuters စာရေးသူ- ငွေကြယ်