မေ ၇ ၊ ၂၀၂၄ (အင်္ဂါနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်
အမေရိကန်ဒေါ်လာ 3910 – 3950
ဥရောပယူရို 4210 – 4300
ဗြိတိသျှစတာလင်ပေါင် 4785 – 4890
သြစတြေးလျဒေါ်လာ 2550 – 2610
ဂျပန်ယန်း 25.10 – 25.65
တောင်ကိုရီးယားဝမ် 2.85 – 2.95
အိန္ဒိယရူပီး 46.30 – 47.20
စင်ကာပူဒေါ်လာ 2840 – 2890
မလေးရှားရင်းဂစ် 875 – 885
တရုတ်ယွမ် 530 – 545
ထိုင်းဘတ် 105.20 – 107.30
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4720,000 – 4750,000 ဝန်းကျင်နှင့် ဈေးဖွင့်ပြီး ယခုအခါ ကျပ် 4755,000 – 4765,000 သို့ ဆက်တက်လာသည်။ ၁၅ ပဲရည်ဈေးမှာ ကျပ် 4460,000 ခန့် ဖြစ်သည်။
ယမန်နေ့ (တနင်္လာနေ့) က ပြင်ပရွှေဈေးသည် ကျပ် 4720,000 – 4740,000 ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက် 4745,000 ကျပ်သို့ မြင့်လာပြီး ထိုဈေးဝန်းကျင်နှင့်ပင် ဈေးပိတ်ခဲ့သည်ဟု သိရသည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 3999,200 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2323 ဒေါ်လာခန့် ဖြစ်သည်။