မေ ၈ ၊ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3920 – 3960
ဥရောပယူရို 4210 – 4310
ဗြိတိသျှစတာလင်ပေါင် 4785 – 4890
သြစတြေးလျဒေါ်လာ 2560 – 2620
ဂျပန်ယန်း 25.00 – 25.60
တောင်ကိုရီးယားဝမ် 2.82 – 2.91
အိန္ဒိယရူပီး 46.40 – 47.55
စင်ကာပူဒေါ်လာ 2850 – 2890
မလေးရှားရင်းဂစ် 875 – 885
တရုတ်ယွမ် 535 – 550
ထိုင်းဘတ် 105.20 – 107.30
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4740,000 – 4760,000 ဝန်းကျင် ဖြစ်ပြီး ယခုအခါ ကျပ် 4790,000 သို့ မြင့်တက်လာသည်။ ၁၅ ပဲရည်ဈေးမှာ ကျပ် 4500,000 ခန့် ဖြစ်သည်
ယမန်နေ့ (အင်္ဂါနေ့) က ပြင်ပရွှေဈေးသည် ကျပ် 4730,000 – 4750,000 ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက် ညနေပိုင်းတွင် 4765,000 အထိ မြင့်တက်ကာ ဈေးပိတ်ခဲ့သည်ဟု သိရသည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 3999,500 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2316 ဒေါ်လာခန့် ဖြစ်သည်။