News

Today’s dollar for Monday (1.4.2024); Gold prices and foreign exchange rates

ဧပြီ ၁ ၊ ၂၀၂၄ (တနင်္လာနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3810 – 3880
ဥရောပယူရို 4120 – 4210
ဗြိတိသျှစတာလင်ပေါင် 4680 – 4790

သြစတြေးလျဒေါ်လာ 2450 – 2510
ဂျပန်ယန်း 24.75 – 25.30

တောင်ကိုရီးယားဝမ် 2.80 – 2.85
အိန္ဒိယရူပီး 45.00 – 46.00
စင်ကာပူဒေါ်လာ 2760 – 2810

မလေးရှားရင်းဂစ် 860 – 870
တရုတ်ယွမ် 515 – 525
ထိုင်းဘတ် 103.10 – 105.25

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4490,000 – 4530,000 ဖြင့် ဈေးဖွင့်ခဲ့ပြီး နေ့ခင်းပိုင်းတွင် 4420,000 – 4450,000 သို့ ပြန်ကျလာသည်။ ၁၅ ပဲရည်ဈေးမှာလည်း 4260,000 မှ 4180,000 သို့ ပြန်ကျလာသည်။

ပြီးခဲ့သော (စနေနေ့) က ရွှေဈေးသည် ကျပ် 4510,000 – 4530,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4505,000 – 4535,000 ကျပ်မှ ညနေပိုင်းတွင် 4480,000 – 4510,000 သို့ ပြန်လည် ကျဆင်းသွားသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3853,600 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2258 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး နောက်ထပ် စံချိန်သစ်သို့ မြင့်တက်လာသည်)

YGEA အသင်းက သတ်မှတ်ရွှေဈေးနှုန်းနှင့်သာ ရောင်းဝယ်ကြရန် ရန်ကုန်မြို့ရှိ ရွှေဆိုင်များနှင့် ပြည်သူများကို တိုက်တွန်းထားပြီး လေပတ်ကားရောင်းဝယ်နေသူများကို သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ခေါ်ယူ စစ်ဆေးနေသည်ဟု သတင်း ထုတ်ပြန်ထားသည်။

ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *