ဧပြီ ၂ ၊ ၂၀၂၄ (အင်္ဂါနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3810 – 3880
ဥရောပယူရို 4120 – 4210
ဗြိတိသျှစတာလင်ပေါင် 4680 – 4790
သြစတြေးလျဒေါ်လာ 2450 – 2510
ဂျပန်ယန်း 24.90 – 25.45
တောင်ကိုရီးယားဝမ် 2.80 – 2.85
အိန္ဒိယရူပီး 45.40 – 46.40
စင်ကာပူဒေါ်လာ 2750 – 2800
မလေးရှားရင်းဂစ် 860 – 870
တရုတ်ယွမ် 515 – 525
ထိုင်းဘတ် 103.10 – 105.25
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4440,000 – 4460,000 ဖြင့်ဈေးဖွင့်ခဲ့ပြီး ယခု နေ့ခင်းပိုင်းတွင် 4405,000 – 4435,000 မှ 4380,000 – 4400,000 ဝန်းကျင်အထိ ဆက်တိုက် ပြန်ကျလာသည်။ ၁၅ ပဲရည်ဈေးမှာ 4160,000 ကျပ်ခန့် ဖြစ်သည်
ယမန်နေ့ (တနင်္လာနေ့) က ရွှေဈေးသည် ကျပ် 4490,000 – 4530,000 ဖြင့် ဈေးစဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် 4420,000 – 4450,000 သို့ ကျလာပြီး 4430,000 – 4435,000 ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3869,100 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2253 ဒေါ်လာခန့် ဖြစ်သည်။ YGEA ၏ ရွှေဈေးကို AD လိုင်စင်ရ ဘဏ်များအကြား Online Trading USD Rate ဖြင့် တွက်ချက်ထားဖြင်း ဖြစ်သည်။
YGEA အသင်းက သတ်မှတ်ရွှေဈေးနှုန်းနှင့်သာ ရောင်းဝယ်ကြရန် ရန်ကုန်မြို့ရှိ ရွှေဆိုင်များနှင့် ပြည်သူများကို တိုက်တွန်းထားပြီး လေပတ်ကားရောင်းဝယ်နေသူများကို သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ခေါ်ယူ စစ်ဆေးနေသည်ဟု သတင်း ထုတ်ပြန်ထားသည်။
ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။