ဧပြီ ၁၉ ၊ ၂၀၂၄ (သောကြာနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3840 – 3890
ဥရောပယူရို 3950 – 4030
ဗြိတိသျှစတာလင်ပေါင် 4660 – 4760
သြစတြေးလျဒေါ်လာ 2440 – 2490
ဂျပန်ယန်း 24.50 – 25.00
တောင်ကိုရီးယားဝမ် 2.70 – 2.85
အိန္ဒိယရူပီး 45.15 – 46.15
စင်ကာပူဒေါ်လာ 2760 – 2810
မလေးရှားရင်းဂစ် 855 – 865
တရုတ်ယွမ် 510 – 520
ထိုင်းဘတ် 102.55 – 104.70
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4790,000 – 4820,000 ခန့် ဖြစ်ပြီး ၁၅ ပဲရည်ဈေးမှာ ကျပ် 4500,000 ခန့် ဖြစ်သည်
ယမန်နေ့ (ကြာသပတေးနေ့) က ရွှေဈေးသည် ကျပ် 4740,000 – 4770,000 ဝန်းကျင် ဖြစ်ပြီး ဈေးကွက်အများစု ဖွင့်ခဲ့သော ဧပြီ ၁၁ ရက်နေ့က 4790,000 ကျပ်အထိ ဈေးမြင့်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ဧပြီ ၁၂ ရက်က ထုတ်ပြန်ခဲ့သော ရွှေဈေးမှာ ကျပ် 3999,400 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2379 ဒေါ်လာခန့် ဖြစ်သည်။