နေထိုင်ရန် အခက်အခဲဖြစ်နေသူအား အဆင်ပြေစေရန် အိမ်ပေါ်တင် ကူညီခဲ့သော်လည်း ကူညီခဲ့သူကို ပေါက်ချွန်းဖြင့် ခုတ်မှု မုဒုံမြို့တွင်ဖြစ်ပွားမွန်ပြည်နယ်၊ မုဒုံမြို့တွင် နေထိုင်ရန် အခက်အခဲဖြစ်နေသူအား အဆင်ပြေစေရန် အိမ်ပေါ်တင် ကူညီခဲ့သော်လည်း ကူညီခဲ့သူကို ပေါက်ချွန်းဖြင့် ခုတ်မှု ယမန်နေ့ (မေလ ၁၉) ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုဒုံမြို့၊ မြို့မ (၄)ရပ်ကွက်၊ စိန်ချယ် (၁၅) လမ်းနေ ကိုထွန်းထွန်းဝင်း အသက် (၃၄) နှစ်သည် လွန်ခဲ့သော (၁၀) ရက်ခန့်က နေထိုင်ရန်အခက်အခဲ ဖြစ်နေသူတစ်ဦးအား အိမ်သို့ခေါ်ယူပြီး အကူအညီပေးခဲ့သည်။ယမန်နေ့ (မေလ ၁၉) ရက်တွင် ကိုထွန်းထွန်း၀င်း အိပ်ပျော်နေစဉ် နေထိုင်ရန်အခက်အခဲဖြစ်နေသူက ပေါက်ချွန်းဖြင့် ခုတ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
” အိမ်ရှင်က ထိခိုက်ဒဏ်ရာ ရသွားတာ၊ ကိုယ့်ကိုကူညီပေးခဲ့သူကို ဘာလို့လုပ်သွားတာလဲဆိုတာတော့ မသိရဘူး၊ ပတ်၀န်းကျင်ကပြောတာတော့ အဲ့ဒီဒုက္ခရောက်နေသူက အရက်ကြောင်ပြီး လုပ်လိုက်တာလို့ ပြောပါတယ်”ဟု ဇီဝိတအလင်းဖောင်ဒေးရှင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကိုထွန်းထွန်း၀င်းတွင် လည်ပင်း ခုတ်ထွင်းပွင့်ထွက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် ဒဏ်ရာအား ပိတ်စေကာ မုဒုံမြို့ပြည်သူဆေးရုံ သို့ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် မော်လမြိုင်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ဒဏ်ရာမှာပြင်းထန်သော်လည်း အသက်အန္တရယ်မစိုးရိမ်ရတော့ကြောင်း သိရသည်။
ဓာတ်ပုံ – ဇီဝိတအလင်းဖောင်ဒေးရှင်း
zawgyi
ေနထိုင္ရန္ အခက္အခဲျဖစ္ေနသူအား အဆင္ေျပေစရန္ အိမ္ေပၚတင္ ကူညီခဲ့ေသာ္လည္း ကူညီခဲ့သူကို ေပါက္ခြၽန္းျဖင့္ ခုတ္မႈ မုဒုံၿမိဳ႕တြင္ျဖစ္ပြားမြန္ျပည္နယ္၊ မုဒုံၿမိဳ႕တြင္ ေနထိုင္ရန္ အခက္အခဲျဖစ္ေနသူအား အဆင္ေျပေစရန္ အိမ္ေပၚတင္ ကူညီခဲ့ေသာ္လည္း ကူညီခဲ့သူကို ေပါက္ခြၽန္းျဖင့္ ခုတ္မႈ ယမန္ေန႔ (ေမလ ၁၉) ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မုဒုံၿမိဳ႕၊ ၿမိဳ႕မ (၄)ရပ္ကြက္၊ စိန္ခ်ယ္ (၁၅) လမ္းေန ကိုထြန္းထြန္းဝင္း အသက္ (၃၄) ႏွစ္သည္ လြန္ခဲ့ေသာ (၁၀) ရက္ခန႔္က ေနထိုင္ရန္အခက္အခဲ ျဖစ္ေနသူတစ္ဦးအား အိမ္သို႔ေခၚယူၿပီး အကူအညီေပးခဲ့သည္။ယမန္ေန႔ (ေမလ ၁၉) ရက္တြင္ ကိုထြန္းထြန္း၀င္း အိပ္ေပ်ာ္ေနစဥ္ ေနထိုင္ရန္အခက္အခဲျဖစ္ေနသူက ေပါက္ခြၽန္းျဖင့္ ခုတ္၍ ထြက္ေျပးသြားခဲ့ျခင္းျဖစ္သည္။
” အိမ္ရွင္က ထိခိုက္ဒဏ္ရာ ရသြားတာ၊ ကိုယ့္ကိုကူညီေပးခဲ့သူကို ဘာလို႔လုပ္သြားတာလဲဆိုတာေတာ့ မသိရဘူး၊ ပတ္၀န္းက်င္ကေျပာတာေတာ့ အဲ့ဒီဒုကၡေရာက္ေနသူက အရက္ေၾကာင္ၿပီး လုပ္လိုက္တာလို႔ ေျပာပါတယ္”ဟု ဇီဝိတအလင္းေဖာင္ေဒးရွင္းမွ တာ၀န္ရွိသူတစ္ဦးက ေပၚျပဴလာနယူး(စ္) သို႔ေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ကိုထြန္းထြန္း၀င္းတြင္ လည္ပင္း ခုတ္ထြင္းပြင့္ထြက္ဒဏ္ရာ ရရွိခဲ့သည့္အတြက္ ဒဏ္ရာအား ပိတ္ေစကာ မုဒုံၿမိဳ႕ျပည္သူေဆး႐ုံ သို႔ပို႔ေဆာင္ေပးခဲ့ၿပီး ထိုမွတဆင့္ ေမာ္လၿမိဳင္ျပည္သူေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ကာ ဒဏ္ရာမွာျပင္းထန္ေသာ္လည္း အသက္အႏၲရယ္မစိုးရိမ္ရေတာ့ေၾကာင္း သိရသည္။
ဓာတ္ပုံ – ဇီဝိတအလင္းေဖာင္ေဒးရွင္း