ရခိုင်ကယ်ဆယ်ရေး မပြီးသေးဘူးတောင်ပိုင်းကို ထပ်ကယ်ရတော့မည်
မြန်မာနိုင်ငံဝောာင်ပိုင်းဒေသတွေအနေဖြင့်ကြိုတင်ပြင်ဆင်ရမယ့် ကာလဖြစ်ပါတယ်။မေလ ၂၆ ရက်မှ ဇွန်လ ၁၀ ရက်နေ့အတွင်းမှာမုတ်သုန်နောက်ကျခဲ့သမျှ တချီထဲ ရွာချမယ့်အခြေအနေမှာရှိနေပါတယ်။နှစ်စဉ် တောင်ပိုင်းဒေသများမှာ မုတ်သုန်အဝင်ကြမ်းတဲ့ ကာလတွေ မုတ်သုန်လေ အားအလွန်ကောင်းနေတဲ့ကာလတွေမှာ ရေကြီးရေလျှံမှုတွေ တောင်ပြို မြေပြိုမှုတွေ ကြုံတွေ့နေကျလည်းဖြစ်ပါတယ်။
မေလ ၂၃ ရက်အတွင်းမှာ မွန်၊ကရင်၊ တနင်္သာရီတို့မှာ အနောက်တောင် မုတ်သုန်လေ အပြီးဝင်ရောက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်အားကောင်းသော ဝင်ခြင်းမဟုတ်တဲ့အတွက်ပုံမှန်မုတ်သုန်မိုးလောက်သာ ရွာသွန်းမှာဖြစ်ပါတယ်။
မေလ ၂၆ ရက်အလွန်မှာတော့ ဖိလစ်ပိုင်ပင်လယ်ပြင်ဘက်က တိုင်ဖွန်းမုန်တိုင်းကြောင့် မုတ်သုန်လေ
အားမြင့်တင်ဖို့ အထောက်အကူဖြစ်စေပြီးအဆိုပါမုန်တိုင်း တောင်တရုတ်ပင်လယ်ပြင်ထဲဝင်လာချိန်မှတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုန်လေအားအလွန်ကိုကောင်းလာမှာဖြစ်ပြီး မေလ၂၉ ၃၀ရက်တွေမှာတော့ မုတ္တပင်လယ်ကွေ့မှာ မုတ်သုန်အားအလွန်ကောင်းမှုကြောင့် အရှေ့ဘက်က ဝင်ရောက်လာတဲ့ လေဝဲစနစ်နဲ့ပေါင်းမိပြီးလေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိလာနိုင်ပါတယ်။
မုန်တိုင်းငယ်အဖြစ် အားကောင်းလာမလားဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။အဆိုပါကာလအတွင်းရေပြင်မြေပြင်လေသည် တစ်နာရီ မိုင် ၄၀မှ ၅၀ အတွင်းအထိ တိုက်ခတ်မှာဖြစ်ပါတယ်။သို့သော်လည်း မုတ်သုန်လေအားအလွန်ကောင်းမှုကြောင့် တနင်္သာရီ၊မွန်ပြည်နယ်၊ကရင်ပြည်နယ်ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းတို့မှာရက်ရှည် မိုးသည်းထန်ခြင်းလေပြင်းထန်ခြင်းတွေနဲ့မိုးက ၂ပတ်လောက် ဆက်တိုက် သည်းထန်နိုင်တဲ့အတွက် ရေကြီးရေလျှံခြင်းတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လာပြီဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်။
မွန်၊ကရင်၊တနင်္သာရီ မိုးလေဝသ စင်တာ
ရခိုင္ကယ္ဆယ္ေရး မၿပီးေသးဘူးေတာင္ပိုင္းကို ထပ္ကယ္ရေတာ့မည္
ျမန္မာႏိုင္ငံေဝာာင္ပိုင္းေဒသေတြအေနျဖင့္ႀကိဳတင္ျပင္ဆင္ရမယ့္ ကာလျဖစ္ပါတယ္။ေမလ ၂၆ ရက္မွ ဇြန္လ ၁၀ ရက္ေန႔အတြင္းမွာမုတ္သုန္ေနာက္က်ခဲ့သမွ် တခ်ီထဲ ႐ြာခ်မယ့္အေျခအေနမွာရွိေနပါတယ္။ႏွစ္စဥ္ ေတာင္ပိုင္းေဒသမ်ားမွာ မုတ္သုန္အဝင္ၾကမ္းတဲ့ ကာလေတြ မုတ္သုန္ေလ အားအလြန္ေကာင္းေနတဲ့ကာလေတြမွာ ေရႀကီးေရလွ်ံမႈေတြ ေတာင္ၿပိဳ ေျမၿပိဳမႈေတြ ႀကဳံေတြ႕ေနက်လည္းျဖစ္ပါတယ္။
ေမလ ၂၃ ရက္အတြင္းမွာ မြန္၊ကရင္၊ တနသၤာရီတို႔မွာ အေနာက္ေတာင္ မုတ္သုန္ေလ အၿပီးဝင္ေရာက္ေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္အားေကာင္းေသာ ဝင္ျခင္းမဟုတ္တဲ့အတြက္ပုံမွန္မုတ္သုန္မိုးေလာက္သာ ႐ြာသြန္းမွာျဖစ္ပါတယ္။
ေမလ ၂၆ ရက္အလြန္မွာေတာ့ ဖိလစ္ပိုင္ပင္လယ္ျပင္ဘက္က တိုင္ဖြန္းမုန္တိုင္းေၾကာင့္ မုတ္သုန္ေလ
အားျမင့္တင္ဖို႔ အေထာက္အကူျဖစ္ေစၿပီးအဆိုပါမုန္တိုင္း ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲဝင္လာခ်ိန္မွေတာ့ ဘဂၤလားပင္လယ္ေအာ္နဲ႔ ကပၸလီပင္လယ္ျပင္တို႔မွာ မုတ္သုန္ေလအားအလြန္ကိုေကာင္းလာမွာျဖစ္ၿပီး ေမလ၂၉ ၃၀ရက္ေတြမွာေတာ့ မုတၱပင္လယ္ေကြ႕မွာ မုတ္သုန္အားအလြန္ေကာင္းမႈေၾကာင့္ အေရွ႕ဘက္က ဝင္ေရာက္လာတဲ့ ေလဝဲစနစ္နဲ႔ေပါင္းမိၿပီးေလဖိအားနည္းရပ္ဝန္းအျဖစ္ ေရာက္ရွိလာႏိုင္ပါတယ္။
မုန္တိုင္းငယ္အျဖစ္ အားေကာင္းလာမလားဆိုတာေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။အဆိုပါကာလအတြင္းေရျပင္ေျမျပင္ေလသည္ တစ္နာရီ မိုင္ ၄၀မွ ၅၀ အတြင္းအထိ တိုက္ခတ္မွာျဖစ္ပါတယ္။သို႔ေသာ္လည္း မုတ္သုန္ေလအားအလြန္ေကာင္းမႈေၾကာင့္ တနသၤာရီ၊မြန္ျပည္နယ္၊ကရင္ျပည္နယ္ပဲခူးတိုင္း၊ရန္ကုန္တိုင္း၊ဧရာဝတီတိုင္းတို႔မွာရက္ရွည္ မိုးသည္းထန္ျခင္းေလျပင္းထန္ျခင္းေတြနဲ႔မိုးက ၂ပတ္ေလာက္ ဆက္တိုက္ သည္းထန္ႏိုင္တဲ့အတြက္ ေရႀကီးေရလွ်ံျခင္းေတြအတြက္ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုအပ္လာၿပီျဖစ္ေၾကာင္းႀကိဳတင္အသိေပးအပ္ပါသည္။
မြန္၊ကရင္၊တနသၤာရီ မိုးေလဝသ စင္တာ