News

ရွှေ ၊ ကားနှင့် အိမ်ခြံမြေ အရောင်းဝယ်တွေကို ဗဟိုဘဏ်ကြီး၏ကြီးကြပ်မှုအောက်မှာပဲ လုပ်ကိုင်စေဖို့စီစဉ်နေ..

သြဂုတ်လ ၁၃.၂၀၂၃

ရွှေတုံး ရွှေခဲ၊ အိမ်ခြံမြေနဲ့ ကားရောင်းဝယ်မှုတွေကို

ဗဟိုဘဏ်ကြီးကြပ်မှုအောက်ရှိ Online Trading မှာပဲအရောင်းအဝယ် လုပ်စေဖို့

စီစဉ်နေတယ်လို့ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီအဖွဲ့မှ သိရပါတယ်။

ကော်မတီအစည်းအဝေးကို သြဂုတ်လ ၁၂ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ ကျင်းပခဲ့တာဖြစ်ပြီး အထက်ပါအချက်တွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေအရောင်းအဝယ်ကို ကြီးကြပ်ဖို့ Online Trading အစီအစဉ်ကို ပြုလုပ်ထားပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ အဆိုပါနေရာမှတစ်ဆင့် ဒေါ်လာအရောင်းအဝယ် ပြုလုပ်ကြရတာဖြစ်ပါတယ်။

နိုင်ငံခြားငွေကြေးဈေးကွက်မှာ Online Trading အစီအစဉ်ဆောင်ရွက်သလို ရွှေတုံး ရွှေခဲရောင်းဝယ်မှုတွေအတွက် Online Trading အစီအစဉ်နဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။

ရွှေဈေးကွက် တည်ငြိမ်ခိုင်မာရေးအတွက် အလေးချိန် အရည်အသွေး သတ်မှတ်ချက် စံချိန်စံညွှန်းနဲ့ ဈေးနှုန်းသတ်မှတ် တွက်ချက်တဲ့ လုပ်ငန်းအစီအစဉ်တွေအတိုင်း တရားဝင်မှတ်ပုံတင်လက်မှတ်ရှိသူတွေသာ Online Trading အစီအစဉ်မှာ ရောင်းဝယ်ခွင့်ပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကြီးကြပ်စစ်ဆေးသူတွေအနေနဲ့ ရွှေဈေးနှုန်းတည်ငြိမ်မှုမရှိအောင် ဈေးကစားသူတွေ ပါဝင်တာရှိ၊ မရှိ၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်တွေနဲ့ လိုအပ်တဲ့ မှတ်ပုံတင်လက်မှတ်တွေ ရှိ၊ မရှိ

အမှန်တကယ် တရားဝင်အရောင်းအဝယ်ပြုလုပ်နေတဲ့ ဈေးနှုန်းတွေ၊ ငွေပေးချေတဲ့နည်းလမ်းတွေ
စတဲ့ အချက်တွေကို သေချာစွာ စိစစ်ဖို့ လိုအပ်တယ်လို့ ဗဟိုဘဏ်ဥက္ကဌက ထပ်မံပြောကြားပါတယ်။

လက်ရှိ နိုင်ငံခြားငွေကြေးနဲ့ ရွှေဈေးကွက်တွေအပြင် အိမ်ခြံမြေနဲ့ မော်တော်ယာဉ်ရောင်းဝယ်သူတွေကိုလည်း ဗဟိုဘဏ်ကဆောင်ရွက်နေတဲ့ Online Trading အစီအစဉ်လိုမျိုး

စည်းမျဉ်းစည်းကမ်းချမှတ်ပြီး တရားဝင် အရောင်းအဝယ်ဆောင်ရွက်စေဖို့ ကော်မတီအဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီလိုတရားဝင်အရောင်းအဝယ်ဆောင်ရွက်မယ်ဆိုရင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အညီ စိစစ်ဆောင်ရွက်ပြီး ဆိုရှယ်မီဒီယာ၊ အင်တာနက်ဝက်ဆိုက်တွေမှာ တရားဝင်လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ ဈေးနှုန်းဖော်ပြသူတွေကို စစ်ဆေးအရေးယူနိုင်မယ်လို့ ဆိုပါတယ်။

လတ်တလော ငွေလွှဲနှုန်းတည်ငြိမ်မှုမရှိအောင် ဆောင်ရွက်နေသူတွေကို ကျော်စောသတင်းအရ စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

(Zawgyi)

ၾသဂုတ္လ ၁၃.၂၀၂၃

ေ႐ႊတုံး ေ႐ႊခဲ၊ အိမ္ၿခံေျမနဲ႔ ကားေရာင္းဝယ္မႈေတြကို

ဗဟိုဘဏ္ႀကီးၾကပ္မႈေအာက္ရွိ Online Trading မွာပဲအေရာင္းအဝယ္ လုပ္ေစဖို႔

စီစဥ္ေနတယ္လို႔ ေ႐ႊႏွင့္ေငြေၾကးေဈးကြက္ ေစာင့္ၾကည့္ထိန္းသိမ္း၊ ၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီအဖြဲ႕မွ သိရပါတယ္။

ေကာ္မတီအစည္းအေဝးကို ၾသဂုတ္လ ၁၂ ရက္က ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွာ က်င္းပခဲ့တာျဖစ္ၿပီး အထက္ပါအခ်က္ေတြ ေဆြးေႏြးခဲ့တယ္လို႔ ထုတ္ျပန္ပါတယ္။

လက္ရွိ ဗဟိုဘဏ္အေနနဲ႔ ႏိုင္ငံျခားေငြအေရာင္းအဝယ္ကို ႀကီးၾကပ္ဖို႔ Online Trading အစီအစဥ္ကို ျပဳလုပ္ထားၿပီး ပို႔ကုန္သြင္းကုန္ လုပ္ငန္းရွင္ေတြအေနနဲ႔ အဆိုပါေနရာမွတစ္ဆင့္ ေဒၚလာအေရာင္းအဝယ္ ျပဳလုပ္ၾကရတာျဖစ္ပါတယ္။

ႏိုင္ငံျခားေငြေၾကးေဈးကြက္မွာ Online Trading အစီအစဥ္ေဆာင္႐ြက္သလို ေ႐ႊတုံး ေ႐ႊခဲေရာင္းဝယ္မႈေတြအတြက္ Online Trading အစီအစဥ္နဲ႔ ေဆာင္႐ြက္ဖို႔ လိုအပ္တယ္လို႔ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဥကၠဌ ေဒၚသန္းသန္းေဆြက ေျပာပါတယ္။

ေ႐ႊေဈးကြက္ တည္ၿငိမ္ခိုင္မာေရးအတြက္ အေလးခ်ိန္ အရည္အေသြး သတ္မွတ္ခ်က္ စံခ်ိန္စံၫႊန္းနဲ႔ ေဈးႏႈန္းသတ္မွတ္ တြက္ခ်က္တဲ့ လုပ္ငန္းအစီအစဥ္ေတြအတိုင္း တရားဝင္မွတ္ပုံတင္လက္မွတ္ရွိသူေတြသာ Online Trading အစီအစဥ္မွာ ေရာင္းဝယ္ခြင့္ျပဳဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။

ႀကီးၾကပ္စစ္ေဆးသူေတြအေနနဲ႔ ေ႐ႊေဈးႏႈန္းတည္ၿငိမ္မႈမရွိေအာင္ ေဈးကစားသူေတြ ပါဝင္တာရွိ၊ မရွိ၊ သက္ဆိုင္ရာ လုပ္ငန္းလိုင္စင္ေတြနဲ႔ လိုအပ္တဲ့ မွတ္ပုံတင္လက္မွတ္ေတြ ရွိ၊ မရွိ

အမွန္တကယ္ တရားဝင္အေရာင္းအဝယ္ျပဳလုပ္ေနတဲ့ ေဈးႏႈန္းေတြ၊ ေငြေပးေခ်တဲ့နည္းလမ္းေတြ
စတဲ့ အခ်က္ေတြကို ေသခ်ာစြာ စိစစ္ဖို႔ လိုအပ္တယ္လို႔ ဗဟိုဘဏ္ဥကၠဌက ထပ္မံေျပာၾကားပါတယ္။

လက္ရွိ ႏိုင္ငံျခားေငြေၾကးနဲ႔ ေ႐ႊေဈးကြက္ေတြအျပင္ အိမ္ၿခံေျမနဲ႔ ေမာ္ေတာ္ယာဥ္ေရာင္းဝယ္သူေတြကိုလည္း ဗဟိုဘဏ္ကေဆာင္႐ြက္ေနတဲ့ Online Trading အစီအစဥ္လိုမ်ိဳး

စည္းမ်ဥ္းစည္းကမ္းခ်မွတ္ၿပီး တရားဝင္ အေရာင္းအဝယ္ေဆာင္႐ြက္ေစဖို႔ ေကာ္မတီအဖြဲ႕ဝင္ေတြ ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

အဲ့ဒီလိုတရားဝင္အေရာင္းအဝယ္ေဆာင္႐ြက္မယ္ဆိုရင္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ အညီ စိစစ္ေဆာင္႐ြက္ၿပီး ဆိုရွယ္မီဒီယာ၊ အင္တာနက္ဝက္ဆိုက္ေတြမွာ တရားဝင္လုပ္ကိုင္ခြင့္လိုင္စင္မရွိဘဲ ေဈးႏႈန္းေဖာ္ျပသူေတြကို စစ္ေဆးအေရးယူႏိုင္မယ္လို႔ ဆိုပါတယ္။

လတ္တေလာ ေငြလႊဲႏႈန္းတည္ၿငိမ္မႈမရွိေအာင္ ေဆာင္႐ြက္ေနသူေတြကို ေက်ာ္ေစာသတင္းအရ စစ္ေဆးေဖာ္ထုတ္ၿပီး ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈ ဥပေဒျဖင့္ အေရးယူေဆာင္႐ြက္သြားမယ္လို႔လည္း သိရပါတယ္။#News