အမေရိကန်ဗဟိုဘဏ်အနေနဲ့ ရေတိုကာလမှာ ဘဏ်တိုးနှုန်းတွေကို အတော်အသင့် လျှော့ချသွားနိုင်တယ်လို့ ယူဆထားတဲ့အတွက်
ဒေါ်လာတန်ဖိုးက နှစ်လအတွင်း အမြင့်ဆုံးနားမှာ ဆက်ရှိနေပါတယ်။
အခုလို ဒေါ်လာဈေးအတက်မှာ ဂျပန်ယန်းနဲ့ ဒေါ်လာ လဲနှုန်းက ၁၅၀ ယန်းဝန်းကျင်မှာ ရှိနေပြီး ယူရိုကလည်း သြဂုတ် ၈ ရက်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်နေပါတယ်။
မကြာခင်မှာ ဥရောပဗဟိုဘဏ်က အစည်းအဝေးတစ်ခု ကျင်းပဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
အခုတလော ထွက်ပေါ်လာတဲ့ စီးပွားရေးဒေတာတွေအရ အမေရိကန်ပြည်ထောင်စုရဲ့စီးပွားတိုးတက်မှုနှုန်းက အားရစရာ ကောင်းနေပြီး ငွေဖောင်းပွမှုကလည်း မျှော်မှန်းတာထက် တိုးတက်မှု ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအချက်တွေကြောင့် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေကို ခပ်များများ ဆက်လျှော့နိုင်သေးတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ယူဆထားကြပြီး နောက်လာမယ့် ဆုံးဖြတ်ချက်တွေကို စောင့်ကြည့်နေကြပါတယ်။
နိုင်ငံတကာငွေကြေးဈေးကွက်မှာ ဒေါ်လာတန်ဖိုး ခိုင်မာနေချိန်အတွင်း မြန်မာငွေကြေးဈေးကွက်မှာတော့ ဒေါ်လာဈေးက ၄၅၀၀ ပတ်လည်မှာပဲ ဆက်အေးနေပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ်