News

Dollar price for Monday 5.2.2024 Gold prices and foreign exchange rates

ဖေဖော်ဝါရီ ၅၊ ၂၀၂၄ (တနင်္လာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3480 – 3530/3460 – 3520
ဥရောပယူရို 3730 – 3790
ဗြိတိသျှစတာလင်ပေါင် 4450 – 4640

သြစတြေးလျဒေါ်လာ 2280 – 2350
ဂျပန်ယန်း 23.40 – 24.00

တောင်ကိုရီးယားဝမ် 2.60 – 2.65

အိန္ဒိယရူပီး 42.25 – 43.00
စင်ကာပူဒေါ်လာ 2550 – 2620/2570 – 2640
မလေးရှားရင်းဂစ် 735 – 760
တရုတ်ယွမ် 470 – 485
ထိုင်းဘတ် 98.50 – 99.90

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3800,000 – 3815,000 နှင့် စဖွင့်ပြီး 3818,000 – 3825,000 – 3830,000 သို့ ဆက်တိုက် မြင့်လာသည်။ ဖြစ်ပြီး ၁၅ ပဲရည်ဈေးမှာ ကျပ် 3605,000 ခန့် ရှိနေသည်။

စနေနေ့က ရွှေဈေးသည် 3800,000 – 3810,000 ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပြီး 3795,000 – 3805,000 အထိ ဆက်ကျကာ ညနေပိုင်းတွင် 3790,000 – 3800,000 ခန့်သာ ရှိတော့သည်ဟု သိရသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3656,800 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2031 ဒေါ်လာခန့် ဖြစ်သည်။

ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။