News

စံချိန်တင်စျေးနား ပြန်ကပ်လာတဲ့ ကမ္ဘာ့ရွှေနဲ့ ထပ်တက်လာတဲ့ ယနေ့ ပြည်တွင်းရွှေစျေးများ

ကမ္ဘာ့ရွှေဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးစျေးတန်းဖြစ်ခဲ့တဲ့ ၂၄၈၃ နား ပြန်ကပ်လာနေပါတယ်။

ဒီကနေ့မှာ ရွှေအသင်းစျေးကလည်း ၄၇ သိန်းနား ပြန်ရောက်လာကာ ပြင်ပပေါက်စျေး ၆၈ သိန်းအထက်မှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ရန်ကုန် ရွှေဆိုင်အချို့ဟာ ပြင်ပပေါက်စျေးကို ၈ သောင်းခွာပြီး ရွှေပြန်ဝယ်ယူပေးကြောင်း အသံထွက်လာပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဩဂုတ်လ ၁ ရက်၊ ကြာသပတေးနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၄၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း

– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၉၂၂၃၅ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၆၈၃၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၆၆၃၀၀၀၀ ကျပ်