ဧပြီ ၄ ၊ ၂၀၂၄ (ကြာသပတေးနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3800 – 3860
ဥရောပယူရို 4100 – 4190
ဗြိတိသျှစတာလင်ပေါင် 4660 – 4760
သြစတြေးလျဒေါ်လာ 2500 – 2555
ဂျပန်ယန်း 24.80 – 25.30
တောင်ကိုရီးယားဝမ် 2.80 – 2.85
အိန္ဒိယရူပီး 45.00 – 45.95
စင်ကာပူဒေါ်လာ 2740 – 2790
မလေးရှားရင်းဂစ် 855 – 865
တရုတ်ယွမ် 510 – 520
ထိုင်းဘတ် 102.55 – 104.75
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4380,000 – 4400,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီး နေ့ခင်းပိုင်းတွင် 4505,000 – 4518,000 သို့ ခုန်တက်လာသည်။ ၁၅ ပဲရည်ဈေးမှာ 4230,000 ကျပ်ခန့် ဖြစ်သည်။
ယမန်နေ့ (ဗုဒ္ဓဟူးနေ့) က ရွှေဈေးသည် ကျပ် 4370,000 – 4400,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 4425,000 – 4430,000 ကျပ်သို့ ဆက်တက်ကာ ဈေးပိတ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3998,900 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2300 ဒေါ်လာ ဖြစ်သည်။ ကမ္ဘာ့ရွှေဈေး စံချိန်သစ် တင်လာသည်။
YGEA အသင်းက ၎င်းတို့သတ်မှတ်သည့် ရွှေဈေးနှင့်သာ ရောင်းဝယ်ကြရန် ရန်ကုန်မြို့ရှိ ရွှေဆိုင်များနှင့် ပြည်သူများကို တိုက်တွန်းထားပြီး လေပတ်ကားရောင်းဝယ်နေသူများကို တာဝန်ရှိအဖွဲ့အစည်းများက ခေါ်ယူ စစ်ဆေးနေသည်ဟု သတင်း ထုတ်ပြန်ထားသည်
ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။
ယမန်နေ့က ဧပြီ ၃ ရက်နေ့က ရန်ကုန်မြို့ပေါ်ရှိ မောင်ကိန်းနှင့် နယူးတိုင်စင် ရွှေဆိုင်များ အပါအဝင် ရန်ကုန်၊ မန္တလေးမြို့ရှိ ရွှေဆိုင် ၇ ဆိုင်ကို လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရွှေဆိုင်များသည် ရွှေရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် မရှိခြင်း အပါအဝင် လိုက်နာရမည့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သည့်အတွက် လိုင်စင် ပိတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။