News

Dollar price for today Friday (5.4.2024) Gold prices and foreign exchange rates

ဧပြီ ၅ ၊ ၂၀၂၄ (သောကြာနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3790 – 3850
ဥရောပယူရို 4120 – 4210

ဗြိတိသျှစတာလင်ပေါင် 4690 – 4780
သြစတြေးလျဒေါ်လာ 2510 – 2570
ဂျပန်ယန်း 25.05 – 25.65

တောင်ကိုရီးယားဝမ် 2.80 – 2.85
အိန္ဒိယရူပီး 45.40 – 46.45
စင်ကာပူဒေါ်လာ 2750 – 2800

မလေးရှားရင်းဂစ် 855 – 870
တရုတ်ယွမ် 510 – 520
ထိုင်းဘတ် 103.05 – 105.25

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4480,000 – 4510,000 ဖြင့် ဈေးစဖွင့်ထားပြီး ၁၅ ပဲရည်ဈေးမှာ 4240,000 ကျပ်ခန့် ဖြစ်သည်

ယမန်နေ့ (ကြာသပတေးနေ့) က ရွှေဈေးသည် ကျပ် 4380,000 – 4400,000 ဖြင့် စဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 4505,000 – 4518,000 ကျပ်မှ 4530,000 – 4535,000 သို့ ဆက်တက်ကာ ညနေပိုင်းတွင် ကျပ် 4500,000 ဝန်းကျင်သို့ ပြန်ကျပြီး ဈေးပိတ်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3997,100 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2278 ဒေါ်လာ ဖြစ်သည်။

ဧပြီ ၃ ရက်နေ့က ရန်ကုန်မြို့ပေါ်ရှိ မောင်ကိန်းနှင့် နယူးတိုင်စင် ရွှေဆိုင်များ အပါအဝင် ရန်ကုန်၊ မန္တလေးမြို့ရှိ ရွှေဆိုင် ၇ ဆိုင်ကို လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရွှေဆိုင်များသည် ရွှေရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် မရှိခြင်း အပါအဝင် လိုက်နာရမည့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သည့်အတွက် လိုင်စင် ပိတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။