News

ရွှေကို အရန်ပိုင်ဆိုင်မှုအဖြစ် စုဆောင်းထားခဲ့ရင်

ရွှေဈေးဟာ လှိုင်းလိုသွားသတဲ့။ အနိမ့်မှာ ဝယ်။ ဝယ်တော့ တက်။ အမြတ်ပိုင်းပြန်ရောင်းတော့ ကျ။ ဒီလိုနဲ့လှိုင်းတွေ တလုံးပြီးတလုံး တလိမ့်လိမ့်ဆိုပါတော့

အခု 2024 ကမ္ဘာ့ရွှေဈေးကြ ထူးထူးခြားခြား တက်ပြီးရင်း တက်နေတာမှာ လက်ရှိတနှစ်ထဲတင်

စံချိန်တင် အမြင့်မှတ်ပေါင်း အကြိမ်(30) ( 30th new all-time high ) ရှိပါပြီတဲ့။

လှိုင်းလိုမသွားဘဲ လှေတံခါးလို ထောင်တက်နေတာ။ ခုလို လွန်လွန်ကဲကဲဈေးတက်ခြင်းဟာ ကမ္ဘာ့ဈေးကွက်မှာ ရွှေဝယ်ယူမှုသဘောထား paradigm ပြောင်းသွားပြီလား ယူဆစရာဖြစ်ပါတယ်။

လှိုင်းဆရာကြီး Elliott(1871-1948)တို့ခေတ်က ဝယ်လိုက် တက်လိုက်။ရောင်းလိုက် ပြန်ကျလိုက်နဲ့ ရွှေအရောင်းအဝယ်ဟာ အမြတ်အစွန်းအဓိက Profit-oriented Trading အဖြစ် လှိုင်းလိုသွားခဲ့ရာက …

ဒီကနေ့မှာတော့ သိသာတဲ့ပြန်ကျခြင်းလို့ မမြင်ရဘဲ လှေခါးလိုထောင်တက်နေတဲ့ ရွှေဈေးဟာ အမြတ်အစွန်း အဓိက ရောင်းဝယ်ခြင်းကနေ တန်ဖိုးတိုးပွားရေးအဓိကရောင်းဝယ်ခြင်း Value-oriented Trading ဖြစ်သွားပြီလား တွေးစရာဖြစ်ပါတယ်။

အဲလိုဖြစ်ခဲ့ရင် အမြတ်မရတော့ ဘာအကျိုးထူးရှိမှာလဲ။ ကုန်စည်ဈေးတက်နုန်းတွေ မတူကွဲပြားတဲ့အခါ ဈေးပိုတက်တဲ့ ရွှေရဲ့ဝယ်နိုင်စွမ်းအားမြင့်မားလာခြင်းဟာ ရွှေဝယ်ယူစုဆောင်းသူတို့အတွက် မုချအကျိုးထူးရှိစေတာ ဖြစ်ပါတယ်။

ဥပမာ ဆောက်လုပ်ရေးပစ္စည်းတွေဈေးတက်တာ၊ လုပ်အားခဈေးတက်တာထက် ရွှေဈေးတက်ခြင်းက ပိုလွန်တဲ့အခါ အရင် RC (2)ထပ်ဆောက်ရင် ရွှေ 4/5/6 ပိုင်း ကုန်နိုင်ပေမယ့် အခု ရွှေ(2)ပိုင်းဆို ဆောက်လို့ ရပြီ ဖြစ်ကြောင်းပါဗျား။

ဆောင်းပါးရှင် – ဆရာဦးအောင်ကျော်ဝင်း