News

ကမ္ဘာ့ရွှေဈေးနဲ့အတူ လိုက်တက်လာတဲ့ ပြည်တွင်းရွှေဈေး

ကမ္ဘာ့ရွှေဈေးက အမြင့်ဆုံးစံချိန်သစ်တွေ ဆက်တိုက် တင်နေတာကြောင့် ပြည်တွင်းရွှေဈေးလည်း ငြိမ်နေရာက စတင် လှုပ်ခတ်လာပါတယ်

အရင်အပတ်က တစ်ကျပ်သားကို ကျပ် ၆၁ သိန်းဝန်းကျင်ထိ ကျခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးက ဒီနေ့မှာ ကျပ် ၆၅ သိန်းခန့်ကို ခပ်မြန်မြန် မြင့်တက်လာပါတယ်။

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ဈေးနှုန်းကလည်း အရင်က ကျပ် ၅၄ သိန်းမှာ ငြိမ်နေရာကနေ အခုတော့ ကျပ် ၅၆ သိန်းကျော်ကို မြင့်တက်လာပါတယ်။

ကမ္ဘာ့ရွှေဈေး တစ်အောင်စ – ၂၇၅၀ ဒေါ်လာ

မြန်မာ့ရွှေ (ပြင်ပ) ဈေး တစ်ကျပ်သား – ၆၅ သိန်းဝန်းကျင်
ရန်ကုန်ရွှေအသင်းဈေး တစ်ကျပ်သား – ၅၆ သိန်းကျော်
၁၅ ပဲရည် တစ်ကျပ်သား ကျပ် – ၆၁ သိန်းကျော်
ပြင်ပဒေါ်လာဈေး တစ်ဒေါ်လာ – ကျပ် ၄၅၀၀ ဝန်းကျင်