News

ပြင်ပရွှေဈေး ၊ ဒေါ်လာဈေးတွေ တဖြည်းဖြည်း…..

ပြီးခဲ့တဲ့ သြဂုတ်လက အမြင့်တန်းမှာ ရပ်တည်ခဲ့တဲ့ ပြင်ပရွှေဈေးနဲ့ ဒေါ်လာဈေးတွေဟာ

အခု စက်တင်ဘာမှာ အကျဘက် ပြန်ဆင်းလာနေတယ်လို့ ဈေးကွက်သတင်းတွေအရ သိရပါတယ်

အရင်လက တစ်ကျပ်သားကို ကျပ် ၃၉ – ၄၀ သိန်းဝန်းကျင် ဖြစ်ခဲ့တဲ့ အခေါက်ရွှေဈေးဟာ အခုလထဲမှာတော့ တဖြည်းဖြည်း ပြန်ကျလာပြီး အခုဆိုရင် တစ်ကျပ်သားကို ကျပ် ၃၅ သိန်းခွဲအောက်ထိ ပြန်ဆင်းလာပါတယ်။

ဒါကြောင့် အမြင့်ဆုံး ဖြစ်ခဲ့တဲ့ဈေးနဲ့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်၊ လက်ရှိပေါက်ဈေး ကျပ် ၃၅ သိန်း ၃ သောင်းနဲ့ ယှဉ်ရင် ရွှေဈေး ကျပ် ၄ သိန်းခွဲလောက် ပြန်လည် ကျဆင်းလာတာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေး ပြန်ကျလာတာဟာ ဒေါ်လာဈေး ကျလာတာကြောင့် လို့ ရွှေရောင်းဝယ်နေသူတွေက ဆိုပြီး ပြင်ပငွေလဲဈေးကွက်မှာ ဒေါ်လာဈေးက အရင်လမှာ တစ်ဒေါ်လာ ကျပ် ၄၀၀၀ ဝန်းကျင်အထိ ဖြစ်ခဲ့ရာကနေ အခုတော့ ကျပ် ၃၄၀၀ ခန့်အထိ ပြန်ကျလာတာ တွေ့ရပါတယ်။

အခုလို ရွှေဈေး၊ ဒေါ်လာဈေးတွေ ပြန်ကျလာပေမဲ့ အများပြည်သူအတွက် အရေးပါတဲ့ ကုန်ဈေးနှုန်းတွေက ဈေး ပြန်မကျဘဲ အမြင့်မှာပဲ ဆက်ရှိနေတယ်လို့ သိရပါတယ်။