အလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင် အတန်းဖော် သူငယ်ချင်းတွေက မေးကြတယ်
” နင့်အဖေ ဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ ” လို့ မေးရင် ကျွန်မအရမ်းအားငယ်ရတယ် ဝမ်းနည်းမိတယ်” ငါရဲ့ဖေဖေက စက်ချုပ်တယ် ငါ့ရဲ့မေမေက ထမင်းချက်တယ် ” ဆိုတဲ့ အဖြေကို မရဲမဝဲ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ်။
( ” ငါ့ဖေဖေက အင်ဂျင်နီယာ ငါ့မေမေက ဒေါက်တာ ” ဆိုပြီး တချို့သူငယ်ချင်းတွေလို ဂုဏ်ယူဝဲ့ကြွားစွာ ဖြေချင်မိတယ် )
ဒါပေမယ့် ကျွန်မ အဖေက စက်ချုပ်တယ် အမေက ထမင်းချက်တယ်။
တနေ့တော့ ” ဖေဖေ သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ် ဖေဖေမေမေက ဘာလုပ်တာလဲ ” တဲ့ ဖြေတော့ တချို့သူတွေက သမီးကို လှောင်ရယ်ကြတယ် ” သမီး သိပ်ရှက်တယ် ဖေဖေ သမီးရှက်တယ်
” သမီးလဲ သူငယ်ချင်းတွေရဲ့အဖေအမေလို အင်ဂျင်နယ်ယာ ဒေါက်တာ ပညာတတ်တဲ့ ဖေဖေမေမေ လိုချင်တာပေါ့ ”အဲဒီအချိန်မှာ ကျွန်မအနားသို့ ဖေဖေတိုးလာပြီး
ဘယ်လိုပြောလိုက်တာလဲ သမီးရေ ဖေဖေတို့လည်း ပညာတတ်ဖြစ်ချင်ခဲ့တာပေါ့ ဘဝပေး အခြေအနေက ဖေဖေကို ပညာတတ်ဖြစ်ဖို့ မပေးခဲ့ဘူးလေ ”
” ဖေဖေတို့ မောင်နှမနှစ်ယောက်ဟာ ပညာတတ် သိပ်ဖြစ်ချင်ခဲ့တာ ” အမေကမုဆိုးမ ဆင်းရဲတယ် သူများဆီမှာ အငှားခံရတယ် စားဝတ်နေရေးအတွက်ပဲ ထမင်းမငတ်အောင် စားခဲ့ရတာ ”
” ဖေဖေတို့ကို ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်ခဲ့ဘူးသမီး ”
” ဖေဖေတို့ မောင်နှမနှစ်ယောက်က စာအရမ်းသင်ချင်လို့ တောင်ပေါ်က ဟင်းသီးဟင်းရွက်တွေကို သွားခူးပြီးရောင်းတယ် ”
” ဟင်းသီးဟင်းရွက်ရောင်းလို့ ရတဲ့ပိုက်ဆံကို စု သူများဆီက တဆင့် စာအုပ်အဟောင်းလေးတွေဝယ်ပြီးဖေဖေတို့ မောင်နှမနှစ်ယောက် ကျောင်းတက်ခဲ့ရတာ ” ” ဖေဖေတို့က ဆင်းရဲတော့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး သမီးရေ ”
” စာအုပ်အသစ်တွေ မဝယ်နိုင်ဘူး သူများဆီကဝယ်တဲ့ စာအုပ်အဟောင်းလေးနဲ့ စာရေးခဲ့တယ် ”
ဆရာကို အမှတ်ခြစ်ဖို့ စာအုပ်သွားထပ်တော့ ” မင်းဘာစာအုပ်နဲ့ရေးထားတာလဲ ညစ်ပတ်စုတ်ပြတ် သတ်နေတာပဲ ရော့ ကွာ ” ဆိုပြီး ဖေဖေ့စာအုပ်ကို ဆရာက လွှင့်ပစ်တယ်သမီးရေ
” စာအုပ်ကထဲက စာရွက်လေးတွေ တရွက်စီကွာကြသွားခဲ့တယ် ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီးစာရွက်လေးတွေကို တရွက်ချင်းစီ ကောက်ခဲ့ရတယ် ”
အဲဒါနဲ့ ဖေဖေ လေးတန်းဖြေပြီး ကျောင်းနားခဲ့ရတယ် သမီးရေ ” အရွယ်ရောက်လာတော့ ဖေဖေစက်ချုပ်ပညာကို တတ်ကျွမ်းအောင် ဆရာတယောက်ဆီမှာ သင်ခဲ့တယ် ”
” သမီးတို့ မောင်နှမနှစ်ယောက်ကို ဖေဖေတို့ မောင်နှမ နှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့ စက်ချုပ်ပညာနဲ့ ပညာတတ်ဖြစ်အောင် ပညာသင်ရအောင် ကျောင်းတက်ရအောင် ထားပေးတယ် ” လေ
ဖေဖေပြောတဲ့စကားတွေကို နားထောင်ရတာတော့ ကျွန်မရင်ထဲဝမ်းနည်းပြီး မျက်ရည်စက်တွေ ကျလာယ်ဖေဖေက စကားတခွန်းပဲပြောတယ် ” ဂုဏ်ယူလိုက်စမ်းပါ သမီးရေ … မရှက်ပါနဲ့ ငါ့မိဘတွေက သူတို့တတ်တဲ့ အတတ်ပညာ ရှာလို့ပေးလို့ ရတဲ့ပိုက်ဆံနဲ့ ငါ့အစ်ကိုကို ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ်
ငါ့ကို အခုကျောင်းထားပေးနေတယ် ဆိုပြီး ပြောလိုက်စမ်းပါ သမီးရေ ” တဲ့လေ ။တချိန်က မပြောနိုင်ခဲ့တဲ့စကားတွေကို အခုတော့ ဖေဖေ့ကျေးဇူးတွေကြောင့် ရဲဝဲ့စွာပြောနိုင်ခဲ့ပြီ ဖေဖေ
သမီး မရှက်တော့ဘူး ဖေဖေ ” သူငယ်ချင်းတို့ မိတ်ဆွေတို့ရေ ” ငယ်တဲ့အချိန်မှာတော့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတ မရှိသေးတဲ့ အရွယ်မို့ ရှက်တတ်ရင်ရှက်နိုင်ပါတယ်
အသက်အရွယ်ကြီးလာလို့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတတွေကို ရင့်ကျက်လာတဲ့အခါ မရှက်သင့်တာကို မရှက်ပါနဲ့ အားမငယ်သင့်တာကို အားမငယ်ပါနဲ့
#ဒါကြောင့် မိဘကိုချစ်ရင် မရှက်ပါနဲ့။