Life Style

လင်မယား ညားပြီးသွားပြီဆိုရင် အိမ်ခွဲနေလိုက်ပါ…

လင်မယား ညားပြီးသွားပြီဆိုရင် အိမ်ခွဲနေလိုက်ပါ

လင်မယား ညားပြီးရင် မယားက လင်ယောက်ျား ရဲ့ အိမ်ကိုလိုက်သွားကြရတာ များပါတယ်

ဟုတ်ပြီ လင်ရဲ့ အိမ်ကိုရောက်ပြီရောက်ကာစ ယောက်ခမနဲ့ ချွေးမ သိပ်အဆင်ပြေကြတာသမီးလေး သမီးလေး နဲ့ ဟုတ်ကြတယ်မလား ။

အဲ့လို ညားကာစမှာ ယောက်ခမ နဲ့ ချွေးမ က သားအမိအရင်းလိုပဲအဲ့အချိန်မှာ လင်က

သူ့မိန်းမအတွက် စားစရာ ဝယ်လာတယ်ဝတ်စရာ ဝယ်လာတယ်စသဖြင့် ချွေးမအတွက် သူ့လင်ကဘာပဲ ဝယ်လာ ဝယ်လာလင်ရဲ့ မိဘတွေက

ကြည့်စမ်း လင်မယားတွေ ချစ်လိုက်ကြတာတို့သားကလည်း သူ့မိန်းမကိုချစ်လိုက်တာအရမ်း စသဖြင့်ညားကာစမှာလင်က သူ့မယားကို ချစ်တာကို ကြည့်ပြီးမိဘတွေ ပီတိဖြစ်ကြတာ ထုံးစံပါ

အဲ သို့သော် သို့သော် နှစ်တွေ ကြာလာတဲ့အခါလည်း ကျရော လင်က သူ့မယားအတွက် ဘာပဲ ဝယ်လာ ဝယ်လာကြည့် ငါတို့အတွက်ကျ မပါတော့ဘူးငါတို့မွေးလို့ လူဖြစ်လာတဲ့ကောင်က ဟင်းးးးး

အဲ့မှာ စသေပြီ …တအိမ်တည်း နေခြင်းရဲ့ ရလဒ်ကို 3 နှစ် 4 နှစ် လောက်ကစပြီး ခံစားရပြီ …အဲ့ လင် နှစ်ဖက်စလုံးကို ရအောင်ထိန်းပေတော့မထိန်းနိုင်ရင်တော့ ပွဲကြမ်းလာနိုင်တယ်

မိန်းမအတွက် ဘာပဲဝယ်လာ ဝယ်လာမိဘက လိုက်ကြည့်ပြီး မကျေမနပ်ဖြစ်ပြီဟော မိဘအတွက် ဘာပဲ ဝယ်လာ ဝယ်လာမယားက လိုက်ကြည့်ပြီး တင်းပြီ

နှစ်ဖက်စလုံးအတွက် အတူတူ ဝယ်လာရင်လဲ

ဥပမာ အမေ့အတွက်ရယ် မိန်းမအတွက်ရယ် လဖက်ရည် နှစ်ခွက်ဝယ်လာတယ် ဆိုပါစို့အမေကို အရင်သွားပေးရင်အမေက နောက်လက်တဖက်ကလဖက်ရည်ထုတ်ကို ကြည့်ပြီး တွေးပြီ

ကြည့် သူ့မိန်းမကိုကျ ရှယ်ဝယ်လာတယ်ငါ့ကိုကျ ရိုးရိုး ဝယ်လာတယ်အဲ … အဲ့လို သားက ပြောမယ် ဒီမှာ အမေ့အတွက် လဖက်ရည် ရှယ်ဝယ်လာတယ် ဆိုရင်လည်း အမေက နောက်တထုတ်ကို လှမ်းကြည့်ပြီး တွေးပြန်ပြီ

ကြည့် သူ့မိန်းမအတွက်ကျ လဖက်ရည်ထုတ်က အများကြီးငါ့ကျ နည်းနည်းလေး လိုပဲ ။အဲ … အဲ့လို …အမှန်တကယ်က အတူတူပဲ ဝယ်လာတာ

ဟော မပြီးသေးဘူး အမေကို ပေးပြီး မယားကို သွားပေးတော့လည်း မယား က တွေးပြန်တယ် .. ကြည့် သူ့အမေအတွက်ကျ မုန့်ပါ ပါတယ်ထင်တယ် ငါ့ကျတော့ လဖက်ရည် ပဲ ဝယ်လာတယ် အဲ… အဲ့လို

သဘောက သင့်အမေရော သင့်မိန်းမပါ သူတို့ 2 ယောက်စလုံးက သင်ဂရုစိုက်တာ အသိအမှတ်ပြုတာ ကို အခြားသူထက် ပိုလိုချင်ကြတာ

အချစ်ပေါ့ဗျာ တယောက်ကလည်း သားအချစ် တယောက်ကလည်း လင်အချစ် အဲ့မှာ အဲ့ဒီလူ တဖက်ဖက်ကို ဦးစားပေးလိုက်ရင်လည်း ကေယာမသ်နေ့မှာ ရှင်းရအုန်းမယ်

ဥပမာ အမေကျေနပ်အောင်ပဲ အမေ့အတွက်ချည်းပဲ ဝယ်ပေးပြီး မိန်းမကို ဂရုမစိုက်ရင်လည်း မဖြစ်ပြန်ဘူးလေ သူများသားသမီး ယူပြီးရင် စိတ်ချမ်းသာအောင် ထားဖို့လည်း လိုသေးတယ်လေ

ဟော မိန်းမစိတ်ချမ်းသာအောင်ပဲထားပြီး မိဘကို လှည့်မကြည့်လို့လဲ မရပြန်ဘူးလေ အဲ့တော့ တအိမ်ထဲမှာ ပဲ နေ နေရင် မိဘနဲ့ မယား ကြားထဲမှာ ဗျာများပြီး ကြာလေ တိုင်ပတ်လေ ဖြစ်သွားရော ။

သို့သော် သို့သော် အိမ်သီးသန့်နဲ့ နေလိုက်ရင် မိဘကို ဘာပဲဝယ်ပေးပေး သင့်မိန်းမ မသိဘူးလေ ။အဲ့လိုပဲ သင့်မိန်းမကို ဘာပဲဝယ်ပေးပေး ဘယ်လောက်ပဲ ဂရုစိုက် စိုက်သင့်မိဘ မသိဘူးလေ

ဥပမာ သင့်အမေဆီကို လဖက်ရည် ပါဆယ်ဝယ်သွားမယ်ပြီးရင် ပြောလိုက် အမေ့အတွက် စပါယ်ရှယ်ဝယ်လာတာ လို့

အကယ်၍ အမေက သားမိန်းမအတွက်ရော ဝယ်သွားအုန်းမှာလား လို့ မေးလာရင် ခပ်ပြတ်ပြတ် လိမ်ပေတော့ အဲ့ဒီမှာ လိမ်တာ ချွင်းချက်မရှိပိုင်တယ် ဘယ်လို လိမ်ရမလဲ ဆိုတော့

ဟာ အမေကလည်း သူ့အတွက် ဘာလို့ဝယ်ရမှာလဲ အမေက အသက်ကြီးပြီ လေ အမေ့ကိုပဲ ဦးစားပေးရမှာပေါ့ သူ့ကိုတော့ နောက်ကြုံမှ ဝယ်ပေးလိုက်မယ်

အဲ့လို ပြောလိုက်ရင် သင့်အမေက ငါ့သား ငါ့ကို ဂရုစိုက်ပါလားဆိုပြီး ခွတ်ရှီ ပဲ ဟုတ်တယ်မလား

အဲ ဟုတ်ပြီ အမေ့ဆီကနေ မိန်းမအိမ်ကိုပြန်ပြီ ပြန်တော့ အခုနလိုပဲ လဖက်ရည် ဝယ်သွားလိုက် မိန်းမဆီရောက်ရင် ရော့ဒီမှာ ကိုယ့်အသည်းလေးအတွက် စပါယ်ရှယ် ဝယ်လာတာ

အဲ့အချိန် သင့်မိန်းမက ကိုယ့်အမေကိုရော ဝယ်ပေးလိုက်သေးလား လို့ မေးလာရင် ခပ်ပြတ်ပြတ် လိမ်ပေတော့ ဘယ်လိုမျိုး လိမ်ရမလဲဆိုတော့

ဟာ မိန်းမကလည်း နောက်ကျနေပြီလေ အခုချိန်မှ ဝယ်ပြီး အမေ့ဆီ တခေါက်ဝင်နေရင် ဖယ်ရီ ဘယ်မှီတော့မလဲ ဒါ့ကြောင့် အသည်းအတွက်ပဲ ဝယ်လာလိုက်တာ အမေ့ကို နောက်မှ ဝယ်ပေးတော့မယ်

အဲ့လို လိမ်တာ လည်း ချွင်းချက်မရှိပိုင်တယ် ။အဲ့လို ပြောလိုက်တော့ မိန်းမကလည်း ငါယောကျာ်း ငါ့ကို ဂရုစိုက်ပါလားဆိုပြီး ခွတ်ရှီပဲ ဟုတ်တယ်မလား ။အဲ အဲ့ဒါမျိုးက အိမ်သီးသန့်နဲ့ နေမှ ရမယ့်ကိစ္စမျိုးပါ

တအိမ်တည်းမှာ နေကြရင်တော့ အဲ့လို လိမ်ဂွင်လည်းလုပ်လို့လည်း မရသလို အဲ့လိုမျိုး မိဘရော မိန်းမ ပါ သင့်ကိုအချစ်တိုးအောင် လုပ်ဖို့လည်းမလွယ်ပါ

တခုတော့ သတိပေးပါရစေ လင်မယား သီးသန့်နေပြီးရင် လင်က မိမိရဲ့ မိဘအိမ်ကို အနည်းဆုံး တနေ့ 2 ကြိမ် 3 ကြိမ်လောက်တော့ သွားဖြစ်အောင် သွားဖို့ အလွန်အင်မတန် အရေးကြီးပါတယ်

ဘာလို့လဲဆိုတော့ သားယောကျ်ားလေးက မိမိ မိဘကို တသက်လုံး ဖေးမမှု လုပ်ရမှာ မို့လို့ပါ ။အိမ်ထောင်ကျပြီးသွားရင်လည်း မိဘကို ဆက်လက်ပြီး ဂရုတစိုက် လုပ်နေရမှာပါ

ဒါ့ကြောင့် အနည်းဆုံးတနေ့ 2 ကြိမ် 3 ကြိမ်လောက် မိဘအိမ်ကိုသွားပြီးမိဘရဲ့ လိုအပ်ချက် ဝတ်ကြီးဝတ်ငယ် ကိုဖြည့်ဆည်းပေးရမှာပါ။ ဒါက လင်ယောကျာ်းလုပ်ရမယ့်အရေးကြီးတာဝန်တခုကိုကြားဖြတ်တင်ပြပေးတာပါ

နောက်တခု အိမ်သီးသန့်နဲ့ နေရင် သင်အိမ်ကိုပြန်ရောက်တော့ မိန်းမကို တွေ့တာနဲ့ တန်းပြီး အာပွား ပေးလည်းအကြောင်းမဟုတ်ဘူးလေ ။လင်မယား နှစ်ယောက်တည်းဆိုတော့ စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေလို့ရတယ်လေ

အဲ့လို လင်မယားနှစ်ယောက် စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေတာ အရမ်းကောင်းတယ်နော် အချစ်တိုးဖို့ အကြောင်းခံ အများကြီး ဖြစ်နိုင်တယ်

ဟော အိမ်တလုံးတည်းမှာ အကုန်စုနေတော့ ကိုယ်က အိမ်ပြန်လာလို့ ကိုယ့်မိန်းမကို အာပွားပေးချင်လည်း လူတွေနဲ့ ဆိုတော့ မဖြစ်ပြန်

စသဖြင့် စသဖြင့် ပြောရရင်တော့ post တအားရှည်သွားလိမ့မယ် အခုတောင် မနည်းရှည်နေပြီ ။ကဲ အခုနောက်ဆုံး အရေးအကြီးဆုံး အရာကို ပြောပါတော့မယ် လင်နဲ့မယား လျာနဲ့သွား ဆိုတာကြားဖူးကြမှာပါ

လင်မယား 2 ယောက် အိမ်သီးသန့်နဲ့ နေတဲ့အခါတယောက်နဲ့ တယောက် စကားများ ရန်ဖြစ်ကြတဲ့အခါ မခေါ်မပြောပဲ ဘယ်လောက်ပဲနေနေ 1 ရက် 2 ရက် နောက်ဆုံး 3 ရက်ထက်မပိုပါဘူး

တယောက်ယောက်က အကြောင်းမရှိ အကြောင်းရှာပြီး စကားပြောရင်းနဲ့ ပြန်ပြီး ပြေလည်သွားကြတာ များပါတယ်

အဲ … တအိမ်ထဲမှာစုနေတဲ့အခါ လင်နဲ့မယား စကားများတဲ့အခါ မှာ 1 ကျပ်သား ပြဿနာ က 1 ပိဿာ ပြဿနာ ဖြစ်ဖြစ်သွားတတ်တယ်

ဘာလို့လဲဆိုတော့ လင်မယား စကားများပြီဆိုရင် ယောက်ခမက သူ့သားကို ပြောမယ် ငါ မပြောချင်လို့ ကြည့်နေတာ နင့်မယား လူပါးဝတာများနေပြီ

ယောင်းမတွေ ရှိရင် ယောင်းမတွေကလည်း ပြောမယ် အကိုကြီးမိန်းမကလေ မပြောချင်ဘူး အကိုကြီးမို့လို့ သည်းခံနေတာ မိန်းမ မရှားပါဘူး အကိုကြီးရယ်

အဲ … အဲ့လိုမျိုး ညှောင့်ပေးလိုက်တဲ့အခါ လင်ဖြစ်သူက သွေးနထင်ရောက်သွားပြီး တော်ရုံ တန်ရုံ နဲ့ ပြီးရမယ့် လင်မယား ပြဿနာ အသေးအမွှားကနေ ဘယ်လောက်ကြီးသွားလဲဆိုတာ နောက်ဆုံး ကွဲကြပြဲကြတဲ့အထိ ပါပဲ

အဲ့ဒါက အဆိုးဆုံးပါပဲ မယုံရင် လိုက်လေ့လာကြည့်ပါ ကွဲသွားကြတဲ့ လင်မယားအများစု တွေမှာ ဘေးလူတွေရဲ့ ပယောဂ အများကြီး ပါပါတယ်

သို့သော် အိမ်တိုင်း အိမ်တိုင်းက လူတိုင်း လူတိုင်း ကိုတော့ မဆိုလိုပါ တချို့တွေ ကောင်းကြပါတယ် လင်မယား စကားများရင် ပြေလည်သွားအောင် ကြားဝင်ဖြန်ဖြေပေးတဲ့ မိဘ တွေ ယောင်းမ တွေ လည်း ရှိကြပါတယ်

အကောင်းဆုံးကတော့ ကိုယ့်လင်မယား ပြဿနာ ကိုယ့်ဟာကိုယ် ဖြေရှင်းကြတာ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးပါ ကြားလူ ပါမလာရင် အချိန်တန် ပြေလည်သွားကြတာချည်းပါပဲ

အခုလောက်ဆို အိမ်သီးသန့်နေခြင်းရဲ့ အကျိုးရလဒ်ကို ခန့်မှန်းကြည့်လို့ရပါပြီ အခုလို လင်မယား အိမ်သီးသန့်နဲ့နေဖို့ တင်ပြပေးတာ အားလုံးစုနေတဲ့မိသားစု တကွဲတပြား ဖြစ်စေချင်လို့ တင်ပြခြင်း လုံးဝ လုံးဝ မဟုတ်ရပါ

လင်မယား နှစ်ယောက် စိတ်ချမ်းသာစွာနဲ့ ဘဝကို အဓွန့်ရှည်စွာ ဖြတ်သန်း နိုင်ဖို့ ရည်ရွယ်ပြီး တင်ပြပေးတာပါ ဒါ့ကြောင့် သာသနာကလည်း လင်မယား ညားပြီဆိုရင် မိဘအိမ်မှာ နေတာထက် လင်မယားနှစ်ယောက် သီးသန့်နေဖို့ကို ပိုမိုတိုက်တွန်းထားတာပါ

မယုံရင် တတ်သိနားလည်တဲ့ အာလင်မ်ပညာရှင်တွေကို မေးမြန်းကြည့်ပါ

ဒီ POST က ဘယ်သူ့ ဘယ်သူ့ ကိုမှ မရည်ရွယ်ပါ တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ

အားလုံးပဲ သာယာချမ်းမြေ့တဲ့ မိသားစု ဘဝကို ပိုင်ဆိုင် နိုင်ကြပါစေ