News

Dollar price for today Thursday (6.6.2024) Gold prices and foreign exchange rates

ဇွန် ၆ ၊ ၂၀၂၄ (ကြာသပတေးနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာ အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 4150 – 4260
ဥရောပယူရို 4510 – 4670

ဗြိတိသျှစတာလင်ပေါင် 5300 – 5490
သြစတြေးလျဒေါ်လာ 2760 – 2860
ဂျပန်ယန်း 26.10 – 27.05

တောင်ကိုရီးယားဝမ် 3.05 – 3.20
အိန္ဒိယရူပီး 50.00 – 51.80

စင်ကာပူဒေါ်လာ 3080 – 3180
မလေးရှားရင်းဂစ် 880 – 915
တရုတ်ယွမ် 570 – 595
ထိုင်းဘတ် 113.65 – 117.70

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် (..) သိန်းဝန်းကျင်ဟု ကြားရသော်လည်း အခြေအနေအရ သေချာစွာ အတည်ပြုနိုင်ခြင်း မရှိပါ။ (ခန့်မှန်းကြားသိရသောဈေးကို ယခုသတင်း Comment မှာ ကြည့်ပါရန်)

ယမန်နေ့ (ဗုဒ္ဓဟူးနေ့) က ပြင်ပရွှေဈေးသည် ကျပ် 53 သိန်းပတ်လည်တွင် ရှိနေသည်ဟု ကြားရသော်လည်း ရန်ကုန်ရွှေအသင်းက ရွှေဈေးကို 4815,000 ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး ရွှေဆိုင်များကိုလည်း ထိုဈေးအတိုင်း ရောင်းဝယ်ရန်နှင့် ဆိုင်ပိတ်မထားကြရန် အသိပေးချက် ထုတ်ပြန်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 4810,900 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2367 ဒေါ်လာခန့် ဖြစ်သည်။

YGEA အသင်းက ရွှေဆိုင်နှင့် ရွှေလုပ်ငန်းရှင်များအားလုံး သတ်မှတ်ရွှေဈေးနှင့်သာ အရောင်းအဝယ် လုပ်ရန် ကြေညာထားပြီး ထိုဈေးထက် ကျော်လွန် ရောင်းဝယ်နေခြင်း (သို့) ပုံမှန် အရောင်းအဝယ် မလုပ်ဘဲ ဆိုင်ကို ပိတ်ထားခြင်းများ တွေ့ရပါက အရေးယူမည်ဟု ကြေညာထားသည်။