ဇွန် ၆ ၊ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်
အမေရိကန်ဒေါ်လာ 4180 – 4280
ဥရောပယူရို 4590 – 4800
ဗြိတိသျှစတာလင်ပေါင် 5390 – 5540
သြစတြေးလျဒေါ်လာ 2800 – 2930
ဂျပန်ယန်း 27.50 – 28.50
တောင်ကိုရီးယားဝမ် 3.10 – 3.25
အိန္ဒိယရူပီး 50.50 – 52.80
စင်ကာပူဒေါ်လာ 3170 – 3160
မလေးရှားရင်းဂစ် 895 – 935
တရုတ်ယွမ် 595 – 620
ထိုင်းဘတ် 114.90 – 119.70
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်ရှိ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 5300,000 – 5340,000 ဝန်းကျင် ဖြစ်ပြီး ၁၅ ပဲရည်ဈေးမှာ ကျပ် 5100,000 ခန့် ဖြစ်သည်။
ယခုဈေးသည် ပြင်ပမှောင်ခိုဈေး ဖြစ်ပြီး ရွှေဆိုင်များတွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်ရှင်များအသင်း YGEA က ယနေ့ သတ်မှတ်သည့် ကျပ် 4815,000 ဖြင့် ဈေးဖွင့် ရောင်းဝယ်နေကြသည်။
ယမန်နေ့ (အင်္ဂါနေ့) က ပြင်ပရွှေဈေးသည် ကျပ် 52200,000 – 5260,000 ဝန်းကျင်၌ ဈေးဖွင့်ခဲ့ပြီးနောက် ရန်ကုန်ရွှေအသင်းက ရွှေဈေးကို 4871,000 ကျပ်အဖြစ် သတ်မှတ်လိုက်ရာ ရွှေဈေးနှစ်မျိုး ခွဲထွက်သွားပြီး မှောင်ခိုဈေး ကျပ် 53 သိန်းဝန်းကျင်နှင့် ဆိုင်ဈေး ကျပ် 49 သိန်းဝန်းကျင်ဟူ၍ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 4815,000 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2333 ဒေါ်လာခန့် ဖြစ်သည်။
YGEA အသင်းက ရွှေဆိုင်နှင့် ရွှေလုပ်ငန်းရှင်များအားလုံး သတ်မှတ်ရွှေဈေးနှင့်သာ အရောင်းအဝယ် လုပ်ရန် ကြေညာထားပြီး ထိုဈေးထက် ကျော်လွန် ရောင်းဝယ်နေသည်ကို တွေ့ရှိပါက အရေးယူမည်ဟု ဆိုသည်။