News

Dollar price for today Tuesday (4.6.2024) Gold prices and foreign exchange rates

ဇွန် ၄ ၊ ၂၀၂၄ (အင်္ဂါနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 4200 – 4300 > 4130 – 4200
ဥရောပယူရို 4530 – 4730

ဗြိတိသျှစတာလင်ပေါင် 5320 – 5540
သြစတြေးလျဒေါ်လာ 2770 – 2890
ဂျပန်ယန်း 26.10 – 27.20

တောင်ကိုရီးယားဝမ် 3.05 – 3.20
အိန္ဒိယရူပီး 50.00 – 52.00

စင်ကာပူဒေါ်လာ 3020 – 3110
မလေးရှားရင်းဂစ် 885 – 930
တရုတ်ယွမ် 570 – 600
ထိုင်းဘတ် 113.60 – 118.40

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 5220,000 – 5260,000 ၀န်းကျင်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ရွှေဈေးကို ကျပ် 4871,000 အဖြစ် ကြေညာလိုက်သည့်အတွက် ညနေပိုင်းတွင် ထိုဈေးနှင့်သာ ရောင်းဝယ်နေကြသည်ဟု ဆိုသည်။ ထိုဈေးအတိုင်းဆိုပါက ၁၅ ပဲရည်ဈေးမှာ ကျပ် 4578,000 ခန့် ဖြစ်သည်။

ယမန်နေ့ (တနင်္လာနေ့) က ပြင်ပရွှေဈေးသည် ကျပ် 52200,000 – 5260,000 ဝန်းကျင်၌ ဈေးဖွင့်ခဲ့ပြီးနောက် ညနေပိုင်းတွင် 5110,000 – 5150,000 ဝန်းကျင်သို့ ဆက်ကျလာသည်ဟု သိရသည်။

ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 4871,000 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2340 ဒေါ်လာခန့် ဖြစ်သည်။ YGEA အသင်းက ရွှေဆိုင်နှင့် ရွှေလုပ်ငန်းရှင်များအားလုံး သတ်မှတ်ရွှေဈေးနှင့်သာ အရောင်းအဝယ် လုပ်ရန် ကြေညာထားသည်။ သတ်မှတ်ဈေးထက် ကျော်လွန်ပါက အရေးယူမည်ဟုလည်း ဆိုသည်။